ဟန်ဆောင်ကောင်းတဲ့ကောင်မလေး
တစ်ကယ်တော့ ငါမင်းဆီမှာလိုချင်တာ
ဟန်ဆောင်မှုကင်းတဲ့ အပြုံးတစ်ချက်။
ဟန်ဆောင်မှုကင်းတဲ့ အနမ်းတစ်ခု။
ဟန်ဆောင်မှုကင်းတဲ့ ဖြူစင်တဲ့ရယ်သံလေး။
ဟန်ဆောင်မှုကင်းတဲ့ မင်းလက်နဲ့ဖျော်ပေးတဲ့
ကော်ဖီခါးခါးလေးတစ်ခွက်။
ဟန်ဆောင်မှုကင်းတဲ့ ဂရုစိုက်မှု။
ဟန်ဆောင်မှုကင်းတဲ့ သစ္စာစကားတစ်ခွန်း။
ဟန်ဆောင်မှုကင်းတဲ့ ရင်ဘတ်တစ်ခု။
ဒါပေမယ့် ငါလိုချင်တာတွေဘယ်တော့မှ
မရနိုင်တော့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ မင်းက
ဟန်ဆောင်မှတွေကိုသာ နှစ်သက်တဲ့
ကောင်မလေးတစ်ယောက် ဖြစ်နေလို့ဘဲ.......။
OkIsU
Tuesday, January 29, 2008
Sunday, January 27, 2008
(အဆက်)
ကောင်ကင်မျိုးတော်တော်စိတ်ညစ်နေသည်။ အိတ်ထဲမှာကြည့်လိုက်တော့ ပိုက်ဆံတစ်ပြားမှမရှိတော့။
ခုလည်းကြည့်လေကိုယ့်ပိုက်ဆံမဟုတ်တိုင်းသူများပိုက်ဆံနဲ့အားမနာပါးမနာစားနေတာ။တော်သေးတာပေါ့
ဒုတ်ထိုးမို့လို့။ ကောင်ကင်မျိုးဒုတ် တွေ ရေနေတုန်းမှာပင် ပါးစပ်ကပလုပ်ပလောင်းနှင့်.
"ဒီမယ် ဒုတ်ထိုးရောင်းတဲ့လူကြီး။ ဟိုလေ ၀က်နားရွက်မရှိဘူးလား"
"ဟုတ်ကဲ့.. ၀က်နားရွက်ကုန်နေလို့ဗျ" မော်စဉ်းစားသွားဟန်
"ဟင် မရှိဘူးလား။ ဒါဆို အူဘဲစားတော့မယ် .."
တော်တော်လည်းတတ်နိုင်တဲ့ ကောင်မလေးဘဲ။ သူများတကာက ကျွေးချင်လားမသိ မကျွေးချင်လားမသိ။
အလိုက်ကန်း ဆိုးကို မသိဘူး။ ကောင်ကင်မျိုးစဉ်းစားနေတုန်းမှာပင်
"တော်ပြီ ရှင်းလိုက်တော့"
"ဗျာ"
"မဗျာနဲ့ရှင်းလိုက်လို့ပြောနေတယ်လေ"
"အော် ဟုတ်ကဲ့။ အကိုဘယ်လောက်ကျလည်း"
ကောင်ကင်မျိုးပြောသာပြောရတယ်ဇောချွေးတွေပျံနေတယ်။ရှိတာမှငါးထောင်တည်းဒုတ်ကလည်းအချောင်း
၁၀၀လောက် တောင် ရှိလားမသိဘူး။ ဟူးးးးး သက်ပြင်းတစ်ခုကိုခိုးပြီးချ လိုက်၏။
"အကို ငါးထောင်ပါ"
ဟိုက်သေပြီဆရာ။ သွားပြီ ရှိတာမှ ငါးထောင်။ ရှင်းရမှာက ငါးထောင်တဲ့။ ဒီပုံဆိုလမ်းလျှောက်ပြီးပြန်ရမဲ့ကိန်းဆိုက်နေပြီ။
အဲဒါမှ ဒုက္ခဘဲ..။
အိမ်ကလည်း လေးမိုင်လောက်ဝေးတာ..
"ဟေ့လူ ဘာငိုင်နေတာလည်း။ ရှင်းပေးလိုက်လေ"
အမယ်မယ် ပုံကိုက ဆရာကြီးလေသံနဲ့။ တောက်(စိတ်ထဲတွင်ခေါက်လိုက်သောအသံ) တစ်သက်လုံးဘယ်
လူ့ဆီကမှ နိုင်ထက် စီးနင်း ပြောတာမခံရဘူး။ သူနဲ့တွေ့မှ..
"အော်.... ဟုတ်ကဲ့ပါ။ ပိုက်ဆံကများတယ်ဆိုတော့ရေကြည့်နေလို့ပါ"
"ရေကြည့်တော့လည်း ပိုက်ဆံကပိုထွက်လာမှာမှမဟုတ်တာမြန်မြန်ပေးလိုက်စမ်းပါ"
"ဟုတ်.."
"လာသွားမယ်"
ပြောပြောဆိုဆို ကောင်ကင်မျိုးတစ်ရွတ်တိုက်၍ ယက်ကန်ယက်ကန်ပါသွားသည်။
*********************************************************************
မိုးသည်တစ်ဖွဲဖွဲကျနေသည်။ အပြင်မှာရာသီဥတုကသိပ်မကောင်းလှ။ ကောင်ကင်မျိုးလည်း အခြေအနေသိပ်မ
ကောင်းလှ။ တော်တော်ဒုက္ခပေးတဲ့ ဂြိုလ်မလေးဘဲ။ မနေ့ကကောင်ကင်မျိုး မော်ဒုက္ခပေးလို့လမ်းလျှောက်ပြီး
အိမ်ပြန်လာရတယ်။ အိမ် အပြန် မိုးကလည်းရွာသေးတော့ ကောင်ကင်မျိုးတစ်ယောက်ထီးကလည်း မပါလာဘူး။
တိုက်စီ ငှားပြီးပြန်လာမယ်ဆိုတော့ လည်း မိုးရွာတော့ တိုက်စီတစ်စီးမှ မရှိ အပြန်လမ်း လူများပါးနေဆဲ။ မိုးရေထဲမှာ
ဒီအတိုင်း လျှောက်ပြီး ပြန်လာရတာ ၄မိုင်ခရီး။ ပြန်လာတော့မိုးက လည်းရွာနေတော့ ကောင်ကင်မျိုး ခဏခဏဖြစ်
တတ်သော တုတ်ကွေးပြန် ဖြစ်နေ၏။ ကောင်ကင်မျိုး ကုတင်ဘေးကဖုန်းကို ကောက်ကိုင်လိုက်သည်။ ဒီအချိန်ဆို
မော်ဆိုတဲ့ဂြိုလ် မလေး ပြန်ရောက်နေလောက်ပြီ။ ကောင်ကင်မျိုး ဖုန်းခလုတ်ကိုစတင်နှိပ် လိုက်သည်။
" ဟဲလို ... မော်ရှိပါလားခင်ဗျာ"
"ဟဲလို ဒေါ်မြင့်မျိုးမြတ်သီတာပြောနေပါတယ်။ဘယ်လူပါလဲ"
အသံခပ်ကြည်ကြည်နဲ့အမျိုးသမီးတစ်ဦး။
"ဟဲလို မော်ရှိလားခင်ဗျ။ကျနော် ကောင်းကင်မျိုးပါ။ သူကိုတစ်ချက်လောက်ခေါ်ပေးလို့ရမလား"
"အော် လတ်စသတ်တော့ မင်းက ငါ့သမီးကိုလာကြောင်နေတာကိုးး။ ဟဟ ကြောင်ချင်ရင်တခြားနည်းနဲ့
ကြောင်ဒါမျိုးတွေရိုးနေပြီ"
တစ်ဖက်မှပြောလိုက်သောစကားကြောင့်ကောင်းကင်မျိုး ဒေါသထွက်သွား၏။
"ဒီမယ်အန်တီ စကားပြောရင်ကြည့်ပြောပါ။ ကျနော်က မော်ရဲ့သူငယ်ချင်းပါ"
"ဒါမျိုးတွေရိုးနေပြီ။ နင်ဘာမှဆက်မပြောနေနဲ့တော့ ငါက၁၄နှစ်လုံးလုံးတီဗွီဂိမ်းကစားလာတာ။ လူတွေ
အကြောင်းနောကြေနေပြီ"
"အင် ဘာမှလည်းမဆိုင်ဘူး။"
၁၄နှစ်လုံးလုံးတီဗွီဂိမ်းကစားလာတာတဲ့ လူတွေအကြောင်းနောကြေ နေပြီတဲ့ ဘာမှလည်းမဆိုင်ဘူး။
ကြောင်တောင်တောင်နဲ့
"ခဏနေဦး။ ဖေကြီးနဲ့ပြောလိုက်ဦး။ သူကပြောချင်လို့တဲ့’’
ဟာဒုက္ခဘဲ သူအဖေနဲ့ပြောရဦး။ဘယ်လိုပါ့လိမ့်
"ဟုတ်ကဲ့ ငါ့ကဒေါ်မြင့်မျိုးမြတ်သီတာရဲ့ တစ်ဦးတည်းသောယောကျာင်္းပါ။ ငါတို့အိမ်ကတော့ သိပ်မချမ်းသာပါဘူး။
တိုက်၁လုံး ကား၂စီးပိုင်ရုံလောက်ပါ"
ဟာဒုက္ခဘဲ လာကြွားနေတယ်။နောက်ပြီးဘာတဲ့ သူမိန်းမ ဒေါ်မြင့်မျိုးမြတ်သီတာရဲ့တစ်ဦးတည်းသော
ယောကျာင်္င်္းတဲ့။ သူပြောသလို ဆို ကမ္ဘာပေါ်ရှိတဲ့မိန်းမတွေကယောကျာင်္းတွေအများကြီးယူနေပုံမျို။ဘယ်လိုမိသားစုနဲ့
လာတွေ့နေလည်း မသိဘူး။ထိုအချိန် တွင်...
"ဟာ အဖေနဲ့အဖေ ဒုက္ခဘဲ။ ဘာတွေလျှောက်ပြောနေတာလည်း။ သမီးသူငယ်ချင်းအဲဒါ ဖုန်းပေး။
ဟဲလို ဘာလဲ ပြောကောင်းကင်မျိုး။ နေမကောင်းဘူးဆိုဒီနေ့.."
ကောင်ကင်းမျိုး သက်ပြင်းချလိုက်သည်။
" တော်သေးတာပေါ့။ နင်နဲ့ပြောရပ့ါမလားလို့။ နင်တော်တော်ရက်စက်တာဘဲဟာ။ နင့်ကြောင့်ခုငါဖျားနေပြီ"
"ဟင်... ငါနဲ့လည်းဘာမှမဆိုင်ဘူး။ ခင်ဗျားဘာသာခင်ဗျား မိုးရေထဲလျှောက်သွားပြီးတော့"
"ဆိုင်တယ်ဟ ။ဆိုင်တယ်။ နင်လုပ်လို့ ငါမိုးရေထဲမှာပြန်ရတာ။ နောက်ပြီး၎မိုင်လောက် လမ်းလျှောက်ပြန်ရတာ။
ငါ့နေရာမှာ နင်သာ ဆိုရင် ဘယ်လိုနေမလဲစဉ်းစားကြည့်"
မော်တစ်ယောက်တွေဝေသွားဟန်.။ တဖက်မှဘာမှပြန်မပြောတော့။ ခဏအကြာ..
"ငါတောင်းပန် ပါတယ်နော်။ ငါ့ကြောင့်ခင်ဗျား ဖျားရတာ။ ဒီလိုလုပ်လေ ငါဒီနေ့နင့်အိမ်လာပြီးစာကူးပေးမယ်လေ"
"အေးလေပြီးတာဘဲ။ မြန်မြန်လာခဲ့နော် မိုးချုပ်ရင်လက်မခံဘူး"
"အောင်မယ်လာလည်းကူးပေးရသေးတယ်။ ခုလာခဲ့မယ်ဒါဘဲ"
မော်ဖုန်းချသွားသည်။ ကောင်းကင်မျိုး ခဏအနားယူလိုက်သည်။ခဏအကြာ
"အန်တီရေ ကောင်းကင်မျိုးရှိလား"
အိမ်ရှေ့တွင် မေ့မေ့ကိုလှမ်းမေးနေသော မော်။
(ဆက်ရန်)

Thursday, January 24, 2008
ကျနော့်ရဲ့အိပ်ယာလေး

တစ်ချိန်က စိတ်ညစ်စွာအိပ်ခဲ့တာ
ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အမေရိုက်လို့ ငိုပြီး
အိပ်ခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အိပ်မရလို့ ကဗျာတွေ
ထိုင်ရေးခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က ဗိုက်ဆာလို့ မုန့်တွေစားရင်း
အိပ်ပျော်သွားတာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အိမ်မက်တွေကိုစိတ်ကူးယဉ်ပြီး
အိပ်ခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က နှင်းကျတဲ့ရက်တွေမှာလည်း
ချမ်းချမ်းနဲ့ခွေခဲ့တာ ဒီအိပ်ယာလေးဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ် ချမ်းနေတဲ့အချိန်မှာ
နွေးစေခဲ့တယ် ဒီအိပ်ယာလေးကို
အရမ်းကျေးဇူးတင်မိတယ်ဗျာ....။
OkIsU
Tuesday, January 22, 2008
ဖြစ်တတ်ပါတယ်....
မိုးသည်တဖြိုက်ဖြိုက်နှင့်ရွာနေသည်။မနက်စောစောမိုးရွာနေသည်မို့ ဘတ်စ်ကားဂိတ်တွင်လူများပြည့်ကျပ်နေသည်။
"ဟင်း......မိုးရွာရတဲ့ထဲဘတ်စ်ကားကလည်းမလာနိုင်ဘူး"
မော်တစ်ယောက်ရေရွတ်လိုက်သည်။ခဏ အကြာတွင်ဘတ်စ်ကားတစ်စီးစိုက်လာသည်။လူကလည်းကျပ်သည်မို့မော်တိုး၍အတက်
"အား........"
အနောက်ကိုကြည့်လိုက်တော့ ရုပ်ကခပ်ချောချောမှာမှ ပြောင်စပ်စပ်ရုပ်ပေါက်နေသည်။အသက်ကတော့ သူ့နှင်တူတူလောက်ဘဲရှိလိမ့်မည်။
သူ့လိုဘဲအဖြူနှင့်အစိမ်းကိုဝတ်ထားသည်။
"ဟေ့လူ ဘယ်လိုဖြစ်လို့များသူများခြေထောက်ကို တက်နင်းထားတာလည်း"
မော်စိတ်ဆိုးဆိုးနှင့်အော်လိုက်သည်။
"ဟာ......ကျွန်တော်တောင်းပန်ပါတယ်ဗျာ" ပြောနေရင်းမှာပင်
"ဟေ့....လိုက်မှာလားမလိုက်ဘူးလား"
အနောက်ကစပါယ်ယာအော်လိုက်သံကြောင့် နှစ်ယောက်သားလန့်သွားသည်။မော်ခြေထောက် ကလည်းနာနေသည်မို့"မတတ်နိုင်ဘူး"ဟုစိတ်ထဲတွင်
ရေရွတ်လိုက်သည်။
"မလိုက်တောဘူး" ဘေးနားကကိုယ်တော်ချောက မျက်စိပျက်မျက်နှာပျက်ဖြင့်
"ဟာ... ကျွန်တော့ကြောင့်ဖြစ်ရတဲ့အတွက်တောင်းပန်ပါတယ်ဗျာ"
မော် တော်တော်တော့တင်းနေသည်။ဒါပေမယ့် စိတ်ကိုလျှော့၍
"ရပါတယ်။မတော်တဆ ဖြစ်တာဘဲ"
ပြောသာပြောရသည်။မော်လုံးဝမကျေနပ်တာတော့ အမှန်ပင်။မော် အကြံထုတ်နေသည်။ဟုတ်ပြီ မော်စိတ်ထဲတွင်ရေရွတ်လိုက်သည်။
"ဟေ့လူ ဘာကြောင်ကြည့်နေတာလည်း။လူကို တွဲဦးလေဗျာ"
"ဟာ...ဟုတ်ကဲ့။ကျောင်းလည်း မမှီတော့ဘူးဆိုတော့ ဘယ်ကိုသွားမလို့လည်း" မော်ခပ်တည်တည်ပြုံး၍
"ဖိနပ်ဆိုင်" ရုတ်တရက်မို့ကြောင်သွားသည်။မော်က
"ခင်ဗျား ကြောင့်ကျနော့ဖိနပ်ပြတ်သွားရတာ ၀ယ်ပေးရမယ်လေဗျာ"
"သြော်....ဟုတ်ကဲ့"
မော်ပျော်သွားသည်။စိတ်ထဲတွင် ငါ့အကြံအောင်ပြီဟုရေရွတ်လိုက်သည်။သူ့ကိုမော်လှမ်းကြည့်လိုက်တော့ အိပ်ကပ်ထဲကပိုက်ဆံထုတ်၍ရေတွက်နေသည်။
**********************************************************************************
မိုးတိတ်၍နေထွက်စပြုနေသည်။နေထွက်ခါစမို့ ပတ်ဝန်းကျင်သည်သာယာနေသည်။ရာသီဥတုနှင့် အတူမော်၏မျက်နှာသည် ပြုံးရွှင်နေ၏မော်ကလမ်းလျှောက်ရင်း
"ဟေ့လူ...ဖိနပ်ဝယ်ပေးတဲ့အတွက်ကျေးဇူးဘဲနော်။ဒါနဲ့ နေပါဦးခင်ဗျားနံမည်က"
"သြော်.....ကျနော့နံမည်ကကောင်းကင်မျိုးပါ။မင်းနံမည်ကရော"
"ဟယ်နံမည်က အစမ်းပါလား။အဲနံမည် ရှားတယ်နော့။ကျနော့နံမည်က မော်ပါ တွေရတာဝမ်းသာပါတယ်"
မော်လက်ကိုထုတ်ပေးလိုက်သည်။ ကောင်းကင်မျိုး ပြုံး၍မော်လက်ကို ကိုင်လိုက်သည်။မော်က
"ဒါဆိုခင်ဗျားနဲ့ ကျနော်သူငယ်ချင်းဖြစ်ပြီပေါ့နော်" ကောင်းကင်မျိုးပြုံး၍
"ဒါပေါ့"
မော်နှင့်ကောင်းကင်မျိုးတစ်ယောက်ကိုတစ်ယောက်ကြည့်၍အားရပါးရရယ်လိုက်ကြသည်။
***********************************************************************************
ကောင်းကင်ပေါ်တွင်နေလုံးကြီးကပြုံး၍ကြည့်နေ၏။မနက်ခင်း၏အလှကိုငှက်ကလေး များက တေးဆိုနေသည်။ ထိုမနက်ခင်းတွင်မော်လမ်းလျှောက်ရသည်မှာ
စိတ်ထဲတွင်ကြည်လင်နေသည်။ ကားဂိတ်တွင်မော် ကောင်းကင်မျိုးကိုလိုက်ရှာနေမိသည်။
"သူဘယ်မှာလည်းမသိဘူးနော်"
မော်မတွေ့သည့်အဆုံး ကားပေါ်သို့တက်သွားသည်။ ဒါပေမယ့် ကောင်ကင်မျိုး၏ အကြောင်းကိုစဉ်းစားနေမိသည်။
ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲသွားသည်။
"ငါ့ကိုများ မေ့သွားပြီလားမသိဘူး"
မော်ပါးစပ်ကတိုးတိုးလေးရေရွတ်လိုက်သည်။
*********************************************************************************
မော်၏ ခြေလှမ်းများသည်တကင်ကြွမှုမရှိ အခန်းထဲသို့တစ်လှမ်းခြင်းလျှောက်သွား၏။ အခန်းဝသို့ရောက်သည်နှင့် တံခါးဖွင့်မည်အလုပ်။ တံခါးဖွင့်၍ပြေးထွက်လာ
သောလူတစ်ယောက်။
"အင့်"
"အား"
ရုတ်တရက်မို့ မော်ရှောင်မချိန်မရ။ မျက်လုံးထဲ ပြာသွားသည်။ခေါင်းထဲတွင်မူးနောက်သွားသည်..။
"ဟင် ကောင်ကင်မျိုး"
ဟုတ်ပါသည် ကောင်ကင်မျိုးအစစ်။ ကိုယ့်ခေါင်းကိုကိုယ် ပွတ်နေသည့်ကောင်းကင်မျိုး
"ဟာ....မော်မလား"
နှစ်ယောက်သားတစ်ယောက် မျက်နှာတစ်ယောက် အံသြ၍ကြည့်နေကြသည်။
"ဟေ့ကောင် ဘယ်ပြေးမလဲမိပြီ"
အနောက်က အော်လိုက်သော လူအုပ်စုကြောင့်နှစ်ယောက်သားလန့်သွားသွားသည်။
"မော် ဆောရီးနော်နာသေးလားဟင်"
နှစ်ယောက်သားတော်တော်နာသွားသည်ကအမှန်ပင်။ ကိုယ့်နှဖူးကိုယ်ပြန်စမ်းကြည့်တော့ ဖုကြီးထွက်နေသည်။
"ဟင်....ဘုထွက်သွားပြီ"
"ဟယ်.. ဟုတ်ပါ့"

အရိပ်ရသစ်ပင်ကြီးတစ်ခုတွင် ထိုင်နေသည်။မော်တစ်ယောက် စိတ်တော်တော်လေးကိုညစ်နေသည်။ သူနဲ့စတွေထဲကကို ကံကဆိုးနေတာ။ ခုလည်းကြည့်လေခေါင်း
မှာ အလကားနေရင်းဘုတစ်လုံးရသွားသည်။
"အားးးးးးးးးး ဟေ့လူ။ ဖြည်းဖြည်းလုပ်ပါ။နာလိုက်တာ။ကိုယ့်အသားမဟုတ်တိုင်း"
"အိုးး...ဆောရီးဘဲဗျာ။စိတ်ပါသွားလို့ ဥုံဖွ"
မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ စိတ်ထဲတွင် အကြံတစ်ခုရသွားသည်။
"ဟေ့လူ....ပြီးရင်ငါ့ကိုမုန့်လိုက်ဝယ်ကျွေးရမယ်" ရုတ်တရက်မို့
"ဗျာ...." မော်ခပ်တည်တည်ဖြင့်
" မဗျာနဲ့ ၀ယ်ကျွေးဆိုဝယ်ကျွေးဒါဘဲ "
ကောင်းကင်မျိုးကိုကြည့်လိုက်တော့ ကြပ်ထုပ်ကိုင်ပြီး ခေါင်းငိုက်စိုက်နှင့်စိတ်ညစ်နေသည့်ပုံ။

Thursday, January 17, 2008
200 pounds beauty

ကျနော်ဟိုနှိုက်ဒီနှိုက်နဲ့ ကားလေးတစ်ကားတွေ့ပါတယ်။ 200 pounds တဲ့ကြည့်တာတော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။
အဲဒီထဲကကောင်မလေးကို ကြည့်ပြီးသနားမိတယ်ဗျာ။ ၀လို့လူတွေက သူ့ကိုနှိမ်ကြတယ်။ ကျနော်လည်းဝတဲ့လူတစ်ယောက်ပါ။
၂၀၀၈(သို့)၂၀၀၉..၂၀၀... မှာ ၀တဲ့လူတွေခေတ်မစားနိုင်ဘူးလို့ဘယ်လူပြောနိုင်လည်းဗျာ။(ကိုယ်ဝလို့ပြောတာဖစ်ပါသည်)
စိတ်ဝင်စားရင် ဒီမှာ ကြည့်လို့ရပါတယ်။ ဒီကားလေးကြည့်ပြီး ၀တဲ့လူတွေရဲ့ ခံစားချက်ကိုနားလည်ပေးနိုင်ကြပါစေ။
ကြိုးစားနေပါဦးမည်......
Okisu
Wednesday, January 16, 2008
Saturday, January 12, 2008
ဂျပန်အစားအစာများ

အသားကင်(ရာခိနိခု)ဖြစ်ပါတယ်။ကျနော်ကတော့ ဖေကြီးနဲ့မေကြီးနဲ့တူတူအမြဲသွားစားဖြစ်တယ်။
န ဘယ်လို့ခေါ်ပါတယ်။ ကျနော်ကတော့အေးတဲ့အချိန်မှာအများဆုံးစားဖြစ်တယ်။

ဂျပန်တိုကျိုမြို့ရဲ့ နံမည်အကြီးဆုံးခေါက်ဆွဲပြုတ်(ra min)ဖြစ်ပါတယ်။
အုတုန်းလို့ခေါ်ပါတယ်။ ခေါက်ဆွဲပြုတ်တမျိုးပါ..ကျောင်းမှာဆိုခဏခဏစားရတယ်။

ဂျပန်တိုကျိုမြို့ရဲ့ နံမည်အကြီးဆုံးခေါက်ဆွဲပြုတ်(ra min)ဖြစ်ပါတယ်။

ဆောရီးဘဲဗျာကျနော်ဒီတစ်ပတ်နေမကောင်းလို့ပိုအသစ်တင်တာကျဲသွားတယ်။ သယ်ရင်းတွေက မုန့်စားချင်တယ်လို့ပြောလို့
ဂျပန်မှာနံမည်အကြီးဆုံးအစားအသောက်တွေ တင်ပေးလိုက်တာပါ။စားကြနော်ဝအောင်စားကြ။မလောက်ရင် ပါဆယ်ပါဆွဲသွား
လိုရတယ်။
ကြိုးစားနေပါဦးမည်......
Okisu
Okisu
Tuesday, January 8, 2008
မော်ဒန်အလွန်
ရော့...
ယူလိုက်စမ်းပါ ဟောဒီ
ပဉ္စလက် ရင်ဘတ်
ဖွင့်ထားတယ်
နှလုံးသားတံခါးတွေ
ငါ့ရဲ့ ကာရံမဲ့နေတဲ့
ရင်ခွင်တစ်စုံနဲ့
ခဏတာနွေးထွေးမှု
ပေးနိုင်တယ်။
အမုန်းဆိုတာကြီးကို
ကြက်ခြေခတ်ထားလိုက်
အချစ်ဆိုတာကြီးကိုလည်း
ခဏခေါက်ထားလိုက်။
မကျေနပ်ရင်Delete ပါ လုပ်နိုင်တယ်။
ခံစားချက်ဆိုတာ ပင်အပ်တစ်ချောင်းပါ။
ဘ၀ဆိုတာ ဆူနာမီရေလှိုင်း။
သစ္စာဆိုတာ ကောင်းကင်ကြီး။
အဲဒီလိုပေါ့ပျက်ပျက် တွေးလိုက်ပါ။
တစ်နေ့နေ့တော့ အရာအားလုံးကို
ခံစားတတ်လာမှာပေါ့.......။
ကြိုးစားနေပါဦးမည်......
Okisu
ရော့...
ယူလိုက်စမ်းပါ ဟောဒီ
ပဉ္စလက် ရင်ဘတ်
ဖွင့်ထားတယ်
နှလုံးသားတံခါးတွေ
ငါ့ရဲ့ ကာရံမဲ့နေတဲ့
ရင်ခွင်တစ်စုံနဲ့
ခဏတာနွေးထွေးမှု
ပေးနိုင်တယ်။
အမုန်းဆိုတာကြီးကို
ကြက်ခြေခတ်ထားလိုက်
အချစ်ဆိုတာကြီးကိုလည်း
ခဏခေါက်ထားလိုက်။
မကျေနပ်ရင်Delete ပါ လုပ်နိုင်တယ်။
ခံစားချက်ဆိုတာ ပင်အပ်တစ်ချောင်းပါ။
ဘ၀ဆိုတာ ဆူနာမီရေလှိုင်း။
သစ္စာဆိုတာ ကောင်းကင်ကြီး။
အဲဒီလိုပေါ့ပျက်ပျက် တွေးလိုက်ပါ။
တစ်နေ့နေ့တော့ အရာအားလုံးကို
ခံစားတတ်လာမှာပေါ့.......။
ကြိုးစားနေပါဦးမည်......
Okisu
Friday, January 4, 2008
Wednesday, January 2, 2008
သူငယ်ချင်းတစ်ယောက်ဆီသို့
အတ္တတွေ ခေါင်ခိုက်နေတဲ့မြို့
တစ်ချိန်က ငါ့တို့တူတူ
လမ်းလျှောက်ဖူးခဲ့တယ်။
ပန်းခင်းထားတဲ့ လမ်းထဲမှာ
အဖြူရောင် ဖိနပ်တွေနဲ့
နင်းဖြတ်ဖူးခဲ့တယ်။
အဖြူရောင်တိမ်တိုက်
တွေကိုလည်း တစ်ချိန်က
ငေးကြည့်ရင်း သီချင်းတွေ
အော်ဆိုခဲ့ဘူးတယ်။
fighter ဂိမ်းတွေကိုလည်း
ထမင်းမေ့ဟင်းမေ့
ပြိုင်နှိပ်ဖူးခဲ့တယ်။
ကောင်မလေးတွေ
ရှေ့ကျရင်လည်း
ဂိုက်ပေးကြမ်းရတာ အမော။
တကယ် လို့များငါတို့တွေ
ပြန်တွေ့ ခဲ့ရင်
မှတ်မိပါဦးမလား။
ပျော်ရွှင်စရာ
new yearနဲ့အတူ
ခင်မက်လျှက်.......
(သယ်ရင်း ထိန်လင်းအောင် <ခတ္တသာကေတ> သို့)

Subscribe to:
Posts (Atom)