
တစ်ချိန်က စိတ်ညစ်စွာအိပ်ခဲ့တာ
ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အမေရိုက်လို့ ငိုပြီး
အိပ်ခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အိပ်မရလို့ ကဗျာတွေ
ထိုင်ရေးခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က ဗိုက်ဆာလို့ မုန့်တွေစားရင်း
အိပ်ပျော်သွားတာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အိမ်မက်တွေကိုစိတ်ကူးယဉ်ပြီး
အိပ်ခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က နှင်းကျတဲ့ရက်တွေမှာလည်း
ချမ်းချမ်းနဲ့ခွေခဲ့တာ ဒီအိပ်ယာလေးဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ် ချမ်းနေတဲ့အချိန်မှာ
နွေးစေခဲ့တယ် ဒီအိပ်ယာလေးကို
အရမ်းကျေးဇူးတင်မိတယ်ဗျာ....။
OkIsU
6 comments:
အင်း ကဗျာလေးကောင်းတယ် ဆုလေးရေ
အိပ်ယာလေးကပြောတယ်
ဆုလေးက လိမ်မာတယ်တဲ့
ငြိမ်ငြိမ်မအိပ်တာတစ်ခုပဲတဲ့
သူ့အမေဆူရင်လဲ နှပ်ချီးက ခိုးသုတ်သေးတယ်တဲ့
အိပ်ယာလေးကို ပြန်သွားမပြောနဲ့ဦးနော်
မမ ပြောတယ်လို့
အဟတ်ဟတ်
ဟီး :P
ခဏအိပ်လို့ရမလား ... ဟတ်ဟတ် အဆင်ပြေပါစေ တူမကြီးရေ
အာ.. ပစ်လိုက ၃ထုတောင်လား
အိပ်ယာလေး ကဗျာလေးကောင်းတယ်.
ညီမလေးးး
such a nice cozy bed!
so so many soft toys..to hug!
btw, thats nice poem!
really really like it sis
Post a Comment