Sunday, February 10, 2008

သရဲမြို့
ပက်လက်လန်နေတဲ့ကောင်းကင်ပြင်မှာ
ဝမ်းယားထိုး ကြယ်လေးတွေလင်းလက်လို့
ဝတ်လစ်စလစ် ကျီးကန်းတစ်ကောင်
ထအော်တဲ့ အချိန်
အထီးကျန်အုတ်ဂူတွေ လှုပ်ရှားလာခဲ့တယ်။
ကျိုးတို့ကျဲတဲ အပြုံးတစ်ချက်နဲ့
လောကကြီးကိုနှုတ်ဆက်လိုက်ကြတယ်။
အလောင်းကောင်တွေထထိုင်ပြီး
နက်နက်ခင်းရဲ့အလှကို
အရိအချွဲတွေနဲ့ဖုန်းလွှမ်းလိုက်ကြတယ်။
သစ်ရွက်ခြောက်တွေလည်း ပြန့်ကျဲနေပြီး
တစ်လောကလုံး ခြောက်တိခြောက်ခြား။
သရဲကားတစ်ကားကြည့်ရသလို ချက်ချက်နဲ့
နာရီလက်သံက တိတ်ဆိတ်နေရတဲ့ထဲ
အလိုက်မသိစွာ မြည်တွန်တောက်တီးနေတယ်။
"အားးးးး"
ဟော ကြည့် ခြောက်ခြားစရာအသံတစ်သံ....။
အားလုံးက ပုံမှန်လည်ပတ်နေတယ်။

"ဒေါင် ဒေါင်"
မနက်၅နာရီ နာရီအချက်ပေးသံ..။
ဖျော့တိဖျော့ဖတ် အလင်းရောင်နဲ့တူ
အားလုံးက မှေးမှိန်ပြီးပျောက်သွားခဲ့တယ်။


OkIsU

7 comments:

မင်းကျန်စစ်။ said...

ွှအဲဒီမြို့မှာတော့ နေရဲဘူး အကိုက ကြောက်တတ်တယ် အသဲငယ်တယ် :P ကဗျာလေး ကောင်းတယ် ညီမလေးရေ။

Mintasay said...

အဲလိုမော်ဒန်ကဗျာကောင်းကောင်းလေးတွေ များများရေး ညီမရ...ရေးရင်းရေးရင်း ကမ္ဘာသစ်တစ်ခု တွေ့လာရလိမ့်မယ်..မယုံမရှိနဲ့

Synchro 305 ~ said...

အင်း...မိုက်ပကွာ....
ကဗျာမပြီးခင်ပြကတဲကကြိုက်တာ...
ပြီးသွားတော့လည်းရှယ်ပဲ...
တစ်ခုပဲ
ဝတ်လစ်စလစ် ကျီးကန်း...
အဲ့မသာလေးကဘာလို့ အ၀တ်မ၀တ်ရတာလဲ...
ရှက်ပါတယ်ဆိုမှ... ဇွတ်....
စတာပါညီမလေးရဲ့ မိုက်တယ်ကဗျာ.. :)

Yan said...

ပက်လက်လန်နေတဲ့ ကောင်းကင်လို့ သုံးသွားတာ ၀မ်းလျားထိုးကြယ်လေးတွေလို့ တင်စားသွားတာ ကောင်းတယ်ဗျာ. အားပေးနေတယ်. အိုကိဆုရေ. ဆက်သာဒူးဗျာ...

ရန်အောင်

ရွှန်းမီ said...

အဲ .. ကဗျာဖတ်ပြီး အိပ်မပျော်တော့ ပါလား.. အိုကိဆု ရေ . . . (သရုပ်ဖော် ကောင်းလို့)
အိပ်မက်က နိုးလာတာပဲ ကျေးဇူးတင်ရပါတယ်..း)
ပျော်ရွှင်ပါစေ. .

နှံကောင် said...

မိုက်တယ် ဆုရေ ..

Computador said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Computador, I hope you enjoy. The address is http://computador-brasil.blogspot.com. A hug.