Saturday, December 29, 2007

တရားရခြင်း
မထင်မှတ်ဘဲဒီရက်ပိုင်းအတွင်း အဆဲခံလိုက်ရတယ်ဗျာ။စိတ်ထဲလည်းမချိမဆန့်ဖြစ်သွားတယ်။စိတ်တွေလည်း အရမ်း
ညစ်သွား တယ်။စိတ်လေတယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။Blog တောင်ရေးချင်စိတ်ကုန်သွားတယ်။တစ်ခါတစ်လေ ကျတော့
လူတစ်ချို့ ကခက်တယ်ဗျ။သူများစိတ်ဆင်းရဲ မှာစားလို့ကောင်းအိပ်လို့ကောင်းဖြစ်တဲ့ လူတွေကတော်တော်လေးကို
စိတ်ဓါတ်အောက်တန်းကျတယ်ဗျာ။ဘာဖြစ်လို့များသူများအကျိုးစီပွား ပျက်စီးသွားမှာကိုလိုလားနေကျလည်းဆိုတာ
ကျနော့အတွက် တော်တော်လေးကိုစဉ်းစားရခက်နေတယ်။ကျနော်တောင်ဒီရက်ပိုင်းအတွင်း တရားရသွားတယ်ဗျ။
စိတ်လေလေနဲ့ ဟိုနှိုက်ဒီနှိုက် နှိုက်ရင်း(ကပိုက်နှိုက်မဟုတ်) စာအုပ်လေးတစ်အုပ်ထွက်လာတယ်ဗျ။ စာအုပ်နံမည်က
"စင်ကြယ်သောစိတ်"အဲဒီစာအုပ်လေးဖတ်ပြီးတော ထွက်ခြင်စိတ်တောင်ပေါက်သွားတယ်။ဘယ်လိုဘဲ ဖြစ်ဖြစ်အဲစာအုပ်
လေးအတွက်ကြောင့်ကျနော်စိတ်ညစ်နေတာတွေဖြေဖျောက်နိုင်ခဲ့တယ်။နောက်ပြီးကျနော့အကို တွေဖြစ်တဲ့ကိုကြီးပီကေ
ကိုကြီးတစေ၊ကိုကြီးပြည့်စုံ၊ကိုကဝေ တို့ကကျနော့ကိုနှိမ့်သိမ့်ပေးခဲ့ တယ့်အတွက်ကျေးဇူးဘဲဗျာ။အဲဒီင်္စာအုပ်လေး မှာ
ကျနော်ဖတ်ခဲရတာတွေကို စိတ်ညစ်နေတဲ့လူတချို့ကို ပြန်ပြောပြချင်ပါတယ်။ဟောတော်မူမယ်...(တောထွက်တော့
မည့်လေသံဖြင့်) ;)

တိမ်များနောက်သို့လိုက်ခြင်း
တကယ်ချမ်းသာတာက ဘာလဲ။ကိုယ်လိုချင်တာမရရင် မပျော်ရွှင်ဘူးလို့ကျုပ်တို့တွေးလေ့ရှိကြတယ်။
လမ်းပေါင်းတစ်သန်းရှိတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းတံခါးပေါက်ကိုဘယ်လို ဖွင့်ရမှန်း မသိတာနဲ့ ကိုယ်လိုချင်တဲ့အရာဝတ္ထု
တွေ နောက်လိုက်နေကြရတာကိုး။တကယ်ချမ်းသာပျောရွှင်မှုနောက်လိုက် လေလေ မပျော်ရွှင် လေလေ။ကျုပ်မှာ ခင်ဗျားတို့
ကိုပြောပြဖို့ ပုံပြင်တစ်ပုဒ်ရှိတယ်။တောင်ထိပ် ပေါ်ကကျဆင်းလာတဲ့ စမ်းချောင်းတစ်ခုရဲ့ ပုံပြင်ပဲ။စမ်းကတော ငယ်ငယ်ရွယ်
ရွယ်၊ ချိုင့်ဝှမ်းနဲ့ လယ်တွေဆီရောက်တော့ အပြေးမမြန်နိုင်တော့ဘူး။ စမ်းကလေးဟာ"မြစ်"ဖြစ်လာတယ်။မြစ်က ငယ်ရွယ်နု
ပျိုတဲ့စမ်းချောင်း လိုတော့မြန်မြန်မပြေးနိုင်ဘူးပေါ့။
ဖြည်းဖြည်းချင်းနှေးနှေး စီရင်းမိုးကောင်းကင်ထဲကတိမ်တွေကိုသူမြင်တယ်။တိမ်တွေ အရောင်စုံ အသွေးစုံ ပုံသဏ္ဍာန်အစုံ နဲ့
အများကြီးပဲ။မကြာမီဘဲ တိမ်တွေနောက်ပြေးလိုက်ရင်း မြစ်စာသူ့အချိန်တွေကို ကုန်ဆုံးစေတော့တာပေါ့။ဒါပေမယ့်တိမ် တွေ
ကငြိမ်ငြိမ်နေတာ မဟုတ် ဟိုသွားလိုက်ဒီလာလိုက်မို့ သူ့မှာလည်း ဟိုသွားလိုက်ဒီလာလိုက်နဲ့ ပြေးနေရတော့တာပေါ့။ဘယ်
တိမ်ကမှသူနဲ့ အတူနေချင်တာ မဟုတ်ဘူးလို့ သိလိုက်ရတဲ့အခါ မြစ်က၀မ်းနည်းတာပေါ့။ငိုတာပေါ့။
တစ်နေ့တော့လေပြင်းတိုက်တာကြောင့် တိမ်တွေအားလုံးဟာ ပြေးပြီးမရှိတော့ဘူး။ကောင်းကင်ကြီးပဲ ကျက်သရေရှိရှိပြာလွင်
ပြီးကျန်ခဲ့တယ်။ဒါပေမယ့်တိမ်တွေမရှိတော့ဘူး မဟုတ်လား။ သူ့ဘ၀ဟာ ဆက်နေဖို့မကောင်းတော့ဘူးလို့ မြစ်ကတွေးတယ်
ပြာပြာလွင်လွင် နေတဲ့ကောင်းကင်ကြီးဟာ နှစ်သက်စရာပဲလို့ သူမှမသိတာကိုး။ကောင်ကင်ကြီးဟာ ဘာမှမရှိတော့ဘူး။ဗလာ
ဟင်းလင်းကြီးဖြစ်လို့ သူကမြင်တာကိုး။ သူ့ဘ၀ဟာ ဖြင့်အဓိပ္ပာယ်မရှိတော့ဘူးလို့ မြစ်ကတွေးတာပေါ့။
အဲဒီမှာစိတ်ဆင်းရဲ လွန်းလို့သတ်သေချင်သတဲ့။ဒါပေမယ့်မြစ်ဆိုတာ သူကိုယ်သူသတ်သေလို့ ဘယ်ရမှာတုန်း။တစ်စုံတစ်ရာရယ်
လို့ဖြစ်ရှိပြီးရင် ဘာမဟုတ်တဲ့ကောင်ဖြစ်လို့မရဘူး။မြစ်က တစ်ညလုံးငိုတာဘဲ။ မျက်ရည်တွေကလည်း ကမ်းစပ်ကိုရိုက်တာပေါ့။
အင်း.....မြစ်သူဆီမှာသူပြန်လာတာ ပထမဆုံးအကြိမ်ဘဲ။ အရင်ကတော့သူကိုယ်တိုင်က အဝေးပြေးနေရတာချည်း။ အတွင်းမှချမ်း
သာကိုမရှာဘဲ အပြင်မှာလိုက်ရှာနေသကိုး။ ပထမဆုံး သူ့ဆီသူ ပြန်ကိုယ့်မျက်ရည် သံတွေရဲ့ အသံနားထောင်ပြီးမှ သူတွေ့ရှိတယ်။
တကယ်တော့ သူဟာ တိမ်တွေနဲ့လုပ်ထားပါလား။
ထူးတော့ထူးဆန်းတယ်။တိမ်တွေနောက် ပြေးလိုက်ခဲ့ရတယ်။ တိမ်တွေမရှိရင် သူမချမ်းသာနိုင်ဘူးလို့တွေးခဲ့လို့။ သူကိုယ်တိုင်ကျ
တော့ တိမ်တွေနဲ့လုပ်ထားပါလား။သူရှာနေတာ တွေကသူ့ ဆီမှာရှိပြီးသား။
ပျော်ရွှင်မှုဆိုတာ အဲသလိုအရာဖြစ်နိုင်တယ်။"ပစ္စုန်ပ္ပန်၊သည်နေရာဆီ" ပြန်လာတတ်ရင် ပျော်ရွှင်စေတဲ့အရာတွေ ခင်ဗျားမှာရှိပြီးသား
လို့ခင်ဗျားသိမယ်။အဲဒီ အရာတွေနောက်တကောက်ကောက်လိုက်ဖို့ မလိုဘူး။
ရုတ်တရက် ဆိုသလို အေးချမ်းငြိမ်သက်တဲ့ မြစ်ပြင်ပေါ်မှာ ရောင်ပြန်ဟပ်နေတဲ့ တစ်စုံတစ်ရာကိုမြစ်က သတိထားမိတယ်။ပြာပြာလွင်
နေတဲ့ကောင်းကင်ပေါ့။ ဘယ်လောက်ငြိမ်းချမ်း ဘယ်လောက်တည်ကြည် ဘယ်လောက်လွတ်လပ်တဲ့ လှတဲ့ ပြာတဲ့ကောင်းကင်လဲ။
မြစ်မှာချမ်းသာပီတိနဲ့ပြည့်သွားတယ်။မြစ်အနေနဲ့ ဒီတစ်ခါပထမဆုံး အကြိမ် ကောင်းကင်ကိုမြင်နိုင်တာ။ အရမ်တုန်းက တိမ်တွေ
နောက်ကိုဘဲသူလိုက်ခဲ့တာ။လေးနက်တည်ကြည် ပြာလွင်တဲ့ အစဉ်သဖြင့်သူကိုယ်တိုင်ဖြစ်ချင်တဲ့ ကောင်းကင်ရဲ့တည်ရှိမှုကိုလုံးဝ
လျစ်လျူရှုခဲ့ မိပေသကိုး။ ချမ်းသာပျော်ရွှင်ချင်းဆိုတာ တည်ကြည်ခိုင်မြဲ မှုနဲ့လွတ်လပ်မှုနဲ့ အကျယ်အ၀န်းရှိမှု နဲ့ပြုလုပ်ထားတာ
သူမှ မသိဘဲကိုး။မြစ်ရဲ့ မျက်ရည်တွေခံစားမှုတွေဟာ ပျော်ရွှင်ခြင်း နဲ့ငြိမ်းချမ်းခြင်းသိုပြောင်းလဲသွားတယ်။
နောက်တစ်နေ့ မနက်လေနဲ့အတူတိမ်တွေပြန်ရောက်လာတယ်။ယခုတော့မြစ်ဟာတိမ်တွေကို တွယ်တာတဲ့စိတ်နဲ့မကြည့်ဘဲနေ
နိုင်ပြီ။သူက ဥပေက္ခာပြုနိုင်ပြီ။တိမ်တစ်ခု လာတိုင်း လာတိုင်းမင်္ဂလာဘဲဟေ့လို့ နှုတ်ဆက်တယ်။တိမ်တွေထွက်သွားတိုင်းလည်း
လုံး၀၀မ်းမနည်းဘဲနဲ့ နောက်တော့တွေ့ကြတာပေါ့ကွာလို့ ပြောတယ်။သူလွပ်လပ်ရေးဟာ သူ့ပျော်ရွှင်ခြမ်းမြေ့ခြင်းရဲ့ အဓိကအ
ခြေခံဘဲလို့ ယခု သူသိပြီကိုး။"ရပ်နေ"ဖို့ သူသင်ခဲ့ပြီ။ ပြေးမနေဖို့ သူသင်ခဲ့ပြီ။
တစ်ညတော့အံသြံစရာ သူကြုံရတယ်။ လ၀န်းကြီး ပြည့်ပြည့် ၀၀မြစ်ပြင်မှာပေါ်မှာ ပေါ်လာတာ....သူအလွန်ဝမ်းသာတာပေါ့။လနဲ့
ဒီတစ်ခါတော့ရောက်ဖို့ပေါက်ဖို့ အသော့မနှင့် ခဏတိုင်း ခဏတိုင်းကို ပျော်ရွှင်ကြည်နူးလျှက် တငြိမ့်ငြိမ့်စီးတယ်။
ကျုပ်တို့အားလုံး ဟာမြစ်တွေဗျ။
သစ်ခ်နတ်ဟန်
မောင်ထင် မြန်မာဘာသာပြန်သည်။

Image Hosted by ImageShack.us

Thursday, December 27, 2007

မွှေရင်းနဲ့ ရှင်ဖုန်းသီချင်းလေးတွေ့လာလို့ ရှင်ဖုန်းချစ်သူများအတွက်...







Photobucket



အေးတိအေးစက် ရင်ဘတ်
ခါးသည်းစွာနဲ့ အဆိပ်တက်ရင်း
ပြူတင်းပေါက် ၀လေးကို
မျှော်ကြည့်နေမိတယ်။
ဟိုခပ်လှမ်းလှမ်းလေးမှာ
တို့နှစ်ယောက် လျှောက်ခဲ့တဲ့
မြက်ခင်းပြင်မှာ
ခြေရာလေး တွေက
ပြန့်ကြဲလို့နေတယ်။
မင်းထင်သလို ငါဟာ
ရက်စက်တတ်တဲ့ လူ
တစ်ယောက်ပါ။
မင်းငါ့ကိုကြိုက် သလို
အပြစ်ပေးနိုင်ပါတယ်။
မကြေနပ်လို့ လို့
ငါ့ရင်ဘတ်ကို လမ်းတံတား
လုပ်မယ်ဆိုရင်တောင်။
မင်းလျှောက်မဲ့လမ်း မှာ
ခင်းပေးဖို့အသင့်ပါဘဲ။
ရက်စက်ခဲ့တာ မှန်ပေမယ့်
ဘာကြောင့်လဲဆိုတာ
ငါမပြောပြနိုင်ဘူး။
ခါးသည်းစွာနဲ့
မျက်ရည်စက်တွေကြားမှာ
မေ့ပျောက်နိုင်အောင်
ကြိုးစားရဦးမှာဘဲ။
အကြင်နာမဲ့နေတဲ့
အေးတိအေးစက်ငါ့ ရင်ဘတ်က
မင်းကို နွေးထွေးမှုမပေးနိုင်ပေမယ့်
ခဏတာအိမ်မက်လေး အဖြစ်တော့
မက်ခွင့်ပေးနိုင်ပါတယ်
ယုံပါကွာ.....။
Photobucket


Tuesday, December 25, 2007

ဗေဒင်game

ဟိုရှာဒီရှာရှာရင်း ဖုန်တက်နေတဲ့ စာရွက်အခေါက်လေးတစ်ခုကိုတွေတယ်။ကြည့်ကြည့်လိုက်တော့
ခေါင်းစဉ်က ဗေဒင်Game တဲ့။အားလုံးဘဲသိရင်လည်း သိလိမ့်မယ်ထင်တယ်။ဒါပေမယ့် အဲဒီဂိမ်းလေး
ကတော်တော်စိတ်ဝင်စားဖို့ တော့ကောင်းတယ်ဗျ။မှန်တာများတယ်။အပျင်းပြေ ကစားကြည့်လို့ ရပါတယ်။

၁။အရင်ဆုံး၁ကနေ၁၁ထိ အမှတ်စဉ်ကိုဒေါင်လိုက်ချရေးပါ။

၂။ပြီးရင်၁နဲ့ ၂မှာကြိုက်ရာဂဏန်းတစ်ခုစီရေးပါ။

၃။၃နဲ့၇မှာဆန့်ကျင်ဘက်လိင်တစ်ဦးရဲ့ နံမည်တွေရေးပါ။(ကိုယ်က ယောကျာင်္းလေးဆိုမိန်းကလေးနံမည်)

(အများကြီးမစဉ်းစားဘဲခေါင်းထဲပေါ်လာသည့် နံမည်တွေသာရေးပါရန်)

၎။၅နဲ့၆မှာ ကျား/မ မရွေးတစ်ယောက်ယောက်စီရဲ့ နံမည်တွေရေးပါ။(သူငယ်ချင်း၊မိသားစုဝင်လိုမျိုး)

၅။၈ ၉ ၁၀ ၁၁ နေရာတွေမှာ သီချင်းခေါင်းစဉ်တစ်ခုစီရေးပေးပါ။

၆။ဆုတောင်းပါ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

အဓိပ္ပာယ်

နံပါတ်၃က သင်ချစ်တဲ့သူပါ။

နံပါတ်၇ ကသင်ကြိုက်တဲ့လူ ဒါပေမယ့် မဖြစ်နိုင်ဘူး။

နံပါတ်၎ကိုတော့ သင်အရမ်းဂရုစိုက်ပါတယ်။

နံပါတ်၅က သင့်ကိုအသိကျွမ်းဆုံး။

နံပါတ်၆က သင့်ရဲ့ lucky star

နံပါတ် ၈သီချင်းနံပါတ်ကတော့၃ကလူနဲ့ သက်ဆိုင်နေတယ်။

နံပါတ် ၉သီချင်းကနံပါတ် ၇က လူအတွက်။

နံပါတ်၁၀က သင့်ရဲ့စိတ်ခံစားချက်။

နံ၁၁က သင့်ရဲ့ ဘ၀အမြင်။

(ယတြာ)
နံပတ်၂နေရာမှာရေးခဲ့တဲ့အရေအတွက်လူဦးရေကိုဒီဗေဒင်ဂိမ်းကိုပြောပြလိုက်ပါ။
(တောင်းပန်ချက်) အားလုံးဘဲပျော်ရွှင်ပါစေ။တစ်ကယ်လို့ အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပေးကြပါနော်...
su!!!



Monday, December 24, 2007


မှတ်မှတ်ရရ ဒီဇင်ဘာ
နက်မိုးလင်းတော့ပြကဒိန်ကို လှန်ကြည့်လိုက်တော့ ဒီဇင်ဘာ25တဲ့။ကောင်းကင်ကြီးကို
မော့ကြည့်လိုက်တော့မြူတွေဆိုင်းနေတယ်။ဘာလိုလိုနဲ့ကျနော့်ခွေးလေးတွေနဲ့ခွဲရတာတစ်နှစ်တောင်ကျော်ပီပေါ့
နော်။အရမ်းအေးပြီး ချမ်းလွန်းတဲ့ခရစ်စမတ်ဆောင်းညတွေဘယ်လောက်အထိတောင်ဖြတ်သန်းရဦးမှာလဲ။အရင်
ကဒီလိုနေ့ဆိုရင်သုံးယောက်သား တူတူစောင်ကြီးခင်းပြီး ဖက်ပြီးအိပ်ကြတာ။ပျော်ဖို့ကောင်းလိုက်တာနော်။ခု
တော့ဘာတွေဖြစ်ကုန်ပြီလည်း။ကျနော်တို့ အိမ်မက်တွေမက်ခဲ့တာလား။ဒါလည်းမဟုတ်ပါဘူးနော်။ကျနော်အတွက်
တော့အိမ်မက်တစ်ခုလိုဘဲ။အားလုံးဟာခဏလေးအတိုင်းဘဲ။ကျနော့်ခွေးလေးကိုဝယ်တော့ မိုးရာသီထဲမှာအဲတုန်းက
သေးသေးလေး ပေါက်စလေးဘဲရှိသေးတယ်။ကျနော်လည်း ငယ်ငယ်လေးဘဲရှိသေးတယ်။ကျနော့်အဘွားကိုပူဆာ
တော့သိပ်မ၀ယ်ပေးချင်ဘူး။ကျနော်ကလည်းဘယ်ရမလဲငိုပြီးတော့ဝယ်ခိုင်းတာပေါ့။နောက်ဆုံးတော့ ကျနော်အရမ်း
ချစ်စရာကောင်းတဲ့ခွေးလေးကိုရခဲ့ပါတယ်။အိမ်ရောက်တော့ ချမ်းလို့တုန်နေတာဘဲ။ကျနော်က ရင်ဘတ်ထဲထည့်ပြီး
ပိုက်ထားလိုက်တော့ နွေးသွားပုံရတယ်။တော်တော်လေးကြာအောင်အိပ်ပျော်သွားတယ်။အလုပ်မရှိအလုပ်ရှာတဲ့ကျ
နော့အတွက်တော့ အရမ်းကိုပျော်စရာကောင်းတဲ့ခွေးထိန်းတဲ့အလုပ်လေးတစ်ခုရခဲ့ပါတယ်။တစ်ခါမှ မနက်စောစော
မထတတ်ပေမယ့် ကျနော်ခွေးလေးရလာတဲ့အတွက်မနက်စောစောထပြီး မနက်စာထကျွေးရတယ်။ညဆိုလည်းအိပ်
မရဘူး။ကျနော့်ခွေးလေးကို ဘယ်လူများလာယူမလဲဆိုပြီးတွေးပူပြီး ထထချောင်းကြည့်ခဲ့ရတာညတိုင်းပေါ့။ကျောင်း
ကပြန်လာရင်သူ့တို့အတွက် မစားရက်မသောက်ရက်နဲ့မုန့်တွေလည်းဝယ်ခဲ့တယ်။အရမ်းစိတ်ညစ်တဲ့ အချိန်တွေ
ဆိုရင်လည်းသူတို့ ကိုဖက်ပြီးငိုခဲ့တယ်။ကျနော်စိတ်ညစ်တာတွေကိုလည်း ပြောပြတယ်။နားမလည်ပေမယ့် ကျနော်
ငိုရင် မျက်လုံးအ၀ိုင်းသားလေးတွေနဲ့ကြည့်ပြီး ကျနော့်ကိုအမြဲနှိပ်သိမ့်ပေးတဲ့သူတို့။အရမ်းအေးတဲ့ည တွေဆိုအိပ
ပျက်ခံပြီး ကိုယ့်ငွေ့ပေးပြီးသိပ်ခဲ့ရတဲ့ရက်တွေလည်းမနည်းပေါ့။အဲဒီအချိန်တွေဟာကျနော့်အတွက်
တော့ခဏလေးအတိုင်းပါဘဲ။ရုတ်တရက်ဆိုသလို ကျနောတို့တွေခွဲရမယ့်အခြေအနေရောက်လာပါတယ်။
အဖေနဲ့အမေဆီကိုသွားရမယ်တဲ့ဗျာ။ကျနော်ဘာကိုရွေးရမှာလည်း။ကျနော်အရမ်းချစ်တဲ့ ခွေးလေးတွေနဲ့ တစ်ရက်
လေးတောင်မခွဲနိုင်တဲ့ကျနော်။ကျနော်ဘာကိုရွေးရမလဲဟင်။ကျနော် ကျနော့်ခွေးလေးတွေကိုမခွဲနိုင်ဘူး။ကျနော့် ရဲ့
အိမ်မက်တွေအဲ အချိန်ကစပြီး။အားလုံးပျက်စီးခဲ့ပြီပေါ့။ကျနော် အဖေနဲ့အမေဆီလိုက်သွားရတော့မှာပေါ့နော်။ကျနော်
မှာရွေးစရာလမ်း လည်းမရှိတော့ဘူး။ကျနော်တို့ခွဲရမှာဘယ်အချိန်ထိလည်း ဆိုတာမသိဘူး။တစ်သက်လုံးလည်းဖြစ်
ချင်ဖြစ်မယ်။ခဏလေးလည်းဖြစ်ချင်ဖြစ်မယ်။ဘာဘဲဖြစ်ဖြစ်ကျနော်တို့ တွေခွဲရတော့မှာပေါ့နော်။နောက်ဆိုကျနော်
ခွေးလေးကိုနမ်းခွင့်တောင်ရှိမှာမဟုတ်တော့ဘူးပေါ့။ မှတ်မှတ်ရရ ခွဲရမယ့်ညမှာတစ်ညလုံးသူတို့ကို
အဖော်လုပ်ပေးခဲ့တယ်။သူတို့ခွဲရမယ်ဆိုတာသိလို့လား မသိဘူး။သူတို့မျက်ရည်တွေဝိုင်းနေတယ်။ဖြစ်နိုင်ရင်တစ်
သက်လုံးသူတို့နဲ့နေချင်တဲ့ကျနော်။ခုဘယ်လမ်းကိုရွေးရမှာလည်းဗျာ။ကျနော့်အတွက်ရွေးစရာလမ်းကမရှိမှမရှိ
တော့တာ။ဘယ်လောက်ဘဲချစ်ချစ်ခွဲသွားရမှာဘဲ။လေယာဉ်ကွင်းကိုထွက်ခံနီးတော့ သူတို့ကိုပိတ်ထားတဲ့ခြံတခါးကို
အတင်းဘဲလက်နဲ့ယက်ဖွင့်ရင်း။သူတို့အော်နေတဲ့အသံကိုကြားရပါတယ်။သူတို့စိတ်ထဲမှာ သူတို့ကိုထားခဲ့မယ်
ဆိုတာသိလောက်ရောပေါ့နော်။ကျနော်ကားပေါ်ကပြန်ဆင်းဖို့ ကြိုးစားပါတယ်။ဒါပေမယ့် ကားဘီးကစပြီးရွေ့နေပြီ
ကျနော့်မျက်စိတွေပြာနေတယ်။ကားနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့ တံခါးကိုဖွင့်အောင်လက်နဲ့ယက်ပြီးဖွင့်
နေတဲ့ခွေးလေး။ကျနော့နောက်ကိုသူလိုက်ဖို့ကြိုးစားနေတယ်။ကျနော်ဘယ်လိုဖြေသိမ့်ရမှာလည်းဗျာ။ကျနော်သူတို့
အပေါ်အရမ်းရက်စက်ရာကျနေပြီပေါ့နော်။ကျနော့ မျက်ရည်တွေအလိုလိုနေရင်းကျလာတယ်။ကျနော့ ဘ၀မှာမထင်
မှတ်အေးလွန်းတဲ့ဆောင်းညတွေကိုဖြတ်သန်းခဲ့ရတယ်။ဘုရားဆီမှာ ဆုတောင်းတိုင်းကျနော်အရမ်းချစ်တဲ့ခွေးလေး
တွေနဲ့မြန်မြန်ပြန်တွေ့ရပါစေလို့အမြဲဆုတောင်းနေမိတယ်။အရမ်းအေးလွန်းတဲ့ဆောင်းနေတွေဆို တစ်ယောက်ထဲ
ကျနော့ခွေးလေးတွေဓါတ်ပုံထုတ်ကြည့်ရင်း စကားတွေပြောနေမိတယ်။သူတို့တွေလည်း ကျနော့်ကိုတမ်းတမိရင်
တမ်းတမိမှာပေါ့နော်......။


su!!!

Sunday, December 23, 2007

merry X'mas and For u preasant























သယ်ရင်းတွေအားလုံးအတွက် X'mas လက်ဆောင်ပါ။တစ်ယောက်ကိုတစ်ကောင်ဆီယူသွားကြနော့်...။
အားလုံးဘဲ new year မှာပျော်ရွှင်ပါစေ...

Thursday, December 20, 2007

ဝေး...ကျောင်းတွေပိတ်သွားပြီ 17 ရက်တောင်ဗျ။ လွတ်လပ်ရေးရနေတယ်။ ပျော်စရာကြီးပေါ့ဗျာ။ ဟီး....
ဝတ္တုရေးနေလို့ ပိုစ့်အသစ်မတင်ဖစ်ဘူးဗျာ။(အိပ်နေတာလည်းပါတယ်..ဟီး)။အလုပ်တွေရှုပ်နေတာလေ။
ဝတ္တုမတင်ခင်မှာ ကျနော်အရမ်းကြိုက်တဲ့ ဂျပန်သီချင်းလေးတစ်ပုဒ်တင်ပေးထားမယ်။သီချင်းလေးက မြူး
ပြီးနားထောင်လို့ အဆင်ပြေမယ်ထင်ပါတယ်။နားထောင်ရင်း ၀တ္ထုလေးကိုစောင့်ပေးကြပါနော်....^_^

Saturday, December 15, 2007



ကျနော့အမေချက်ထားတဲ့ဒံပေါက်ပါ။သယ်ရင်းတွေကိုသတိရတာနဲ့
တင်ပေးလိုက်တာပါ။အ၀ဆွဲကြနော်။ဟီး ကြက်သားရဲ့ထိတ်ကတော့
နည်းနည်းပဲ့နေတယ်။ဆောရီးဘဲဗျာ ကျနော်ရယ်ကျနော့အဖေရယ်လု
ထားလို့။ဒါပေမယ့် ကျနော်နိုင်သွားပါတယ်။အသားတွေအများကြီးရ
သွားတယ်လေ ဟီး;)။စားနော်မ၀သေးရင် လိုက်ပွဲပါယူလို့ရတယ်။
မှတ်ချက် ။ဖိနပ်ပျောက်တာဝန်မယူ ;)


Hay Yo!ဒီတစ်ခါ တင်ပေးမှာကတော့ Souljah Boy!!ဖြစ်ပါတယ်။သီချင်းလေးက ကလို့ ကောင်းတဲ့သီချင်းလေးပါ။
ကျနော်တောင် ခုကနေတယ်ဟီး;)။ အရမ်းမြူးတဲ့သီချင်းလေးပါ။အားလုံးဘဲ ကြိုက်မယ်လို့ ထင်ပါတယ်!!

Friday, December 14, 2007

ကျနော်အရမ်းကြိုက်တဲ့ကိုယ်ရီးယားသီချင်းလေးပါ။သီချင်းလေးက အေးအေးလေးနဲ့တော်တော်နားထောင်လို့ကောင်းပါတယ်။
အားလုံးနဲ့အဆင်ပြေမယ်လို့ထင်ပါတယ်။နားထောင်ကြည့်ကြပါ....

Tuesday, December 11, 2007

ငရဲမှလွတ်မြောက်ခြင်း
လေးဘက်လေးလံ ကာရံထားတဲ့
အခန်းငယ်လေးတစ်ခုမှာ
အပြာရောင်ကလာကာတွေ
ပိတ်လှောင်ပြီး ဘာဆိုဘာမှ
မမြင်ရဘူးပေါ့။
မွန်းကျပ်နေတဲ့ ငါဘ၀မှာ
ခံစားချက်မဲ့နေတဲ့ အနက်ရောင်
မိုးတိမ်တွေက ထူထပ်နေဆဲပေါ့။
ဘေးဘက်ကိုလှမ်းကြည့် လိုက်မယ်ဆိုရင်
အကြင်နာမဲ့တဲ့လူတွေကငါ့ကို
စောင့်ကြပ်နေကြတယ်။
ငါအော်လိုက်ချင်တယ်
ဒါပေမယ့် ငါ့အသံတွေအထွက်လာဘူး။
ဝတ်လစ်စလစ် ဖြစ်နေတယ့်
ငါ့ကိုယ့်ငါပြန်ကြည့်လိုက်တော့
အရှိုးရာတွေ အထပ်ထပ်နဲ့။
ငါ့ကြောက်ရွှံထိတ်လန့်နေတယ်
အားကိုးစရာ တစ်စုံ
တစ်ယောက်လည်း မရှိဘူး။
ငါဟာတစ်ကယ်ဘဲ သေဆုံးခဲ့ပြီလား
ရုတ်တရက်ဆိုသလိုဘဲ ငါ့ကိုယ်ထဲ
အလင်းရောင်တွေ ဖောက်ထွင်းလာခဲ့တယ်။
တစ်ချိန်ထဲမှာဘဲ
ရောင်စုံလိပ်ပြာလေး တစ်ကောင်ဟာ။
ကောင်းကင်ကြီးပေါ်မှာ ၀ဲလို့ပေါ့။ ။



Sunday, December 9, 2007





ဝမ်းနည်းကြေကွဲခြင်း


သယ်ရင်းရေ ဘ၀မှာ ဘယ်အရာမှမတည်မြဲဘူးတဲ့။ တစ်နေ့နေ့မှာကိုယ့်ကိုထားသွားကြမှာဘဲ။မင်းအတွက်ငါစိတ်

မကောင်းပါဘူးကွာ။ဒါပေမယ့် မလွန်နိုင်နိုင်တဲ့ သေခြင်းတရားက မင်းရဲ့ အချစ်ဆုံးသူ ခေါ်ဆောင်သွာပြီဘဲ။မင်း

အရမ်းဝမ်းနည်းနေမယ်ဆိုတာ ငါနားလည်ပါတယ်။ခုဆိုမင်းချစ်သူက ကောင်ကင်ကြီးရဲ့ တစ်နေရာမှာတည်ရှိ

နေမှာပါ။သူပို့ပေးတဲ့ သူရဲ့နောက်ဆုံးပိုစ့်ကတ်လေးနဲ့အတူတူ မင်းကိုသူရဲ့ နောက်ဆုံးအချစ်တွေထည့်ပေးလိုက်

မှာသေချာပါတယ်။တစ်ကယ်လို့သာ မင်းရင်ထဲမှာသူအမြဲရှိမယ်ဆိုရင် လူချင်းဝေးနေပေမယ့် စိတ်ချင်းတော့နီးစပ်

နေမှာပါ။သယ်ရင်းရေ မင်းရဲ့ ကောင်မလေး ကောင်းရာမွန်ရာရောက်ပါစေကွာ။ ဒီဘ၀မှာမနီးစပ်နိုင်ပေမယ့် နောက်

ဘ၀မှာနီးစပ်နိုငါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်...။

ဝမ်းနည်းနေသောသယ်ရင်း လင်းဦးသို့ :cry:

Saturday, December 8, 2007

ဒီဇင်ဘာအလွမ်း
ဒီဇင်ဘာရဲ့ ဆောင်းညလေး
တစ်ညပေါ့။
လွမ်းဆွတ်စွာနဲ့ ကြေကွဲရင်း
မင်းရဲ့ မျက်နှာလေးကို
မြင်ယောင်နေမိတယ်။
ဒို့နှစ်ယောက်ချိန်းတွေ့နေကြ
ကောင်းကင်ကြီးဟာ
ခုဆိုအသက်မဲ့နေပြီး
ကြယ်တာရာလေးတွေတောင်
အိပ်စက် အနားယူခဲ့ပြီပေါ့။
ခါးသီးလွန်းတဲ့ ဆောင်းညမှာ
အဖြူရောင်နှင်းတွေက
ကျဆင်းလို့နေတယ်။
အေးဆက်လွန်းတဲ့ ငါ့ရင်ဘတ်ထဲ
အပြာရောင် မီးအိမ်က
ထွန်းတောက်နေဆဲပေါ့။ ။

Friday, December 7, 2007


စည်း
ကြယ်တာရာ မဆုံတဲ့ကောင်ကင်ထက်မှာ
ပစ်စလက်ခတ် မျက်ရည်စက်များနဲ့
ကော်ဖီခါးခါးတစ်ခွက်ကို သောက်သုံးခဲ့တယ်။
ဝတ်လစ်စလစ်ဖြစ်နေတဲ့ ကောင်ကင်ကြီးထက်မှာ
လမင်းလေးကထွန်းတောက် နေဆဲပေါ့။
မြေကြီးကို သစ္စာဆိုပြီး
ကောင်ကင် ကြီးကိုကတိပြုရင်တောင်
မာနကြီးတဲ့ မင်းမျက်ဝန်းတွေနဲ့
ငါ့ကိုစူးစူးစိုက်စိုက် ကြည့်နေဦးမှာလား။
မလှပတဲ့ငါ့ဘ၀ကို မင်းဘယ်လိုမှ
ခံတွင်းတွေ့မှာ မဟုတ်ဘူးဆိုတာ
ငါသိပါတယ်။
ငါ့မှာတော့ကြယ်ကြွေ တာလေးတွေကို
ထိုင်ကြည့်ရင်း နေရက်တွေကို
လက်ချိုးရေတွက်ဆဲပေါ့။ ။

Tuesday, December 4, 2007




ခရီးသွားခြင်း
စနေတနင်္ဂနွေမှာ ကျနော်ရယ်ကျနော့်အဖေရယ်ကျနော့်အမေရယ် ပြီးတော့ကျနော့အမေရဲ့ သယ်ရင်းတွေနဲ့အတူ ဖူဂျီ လို့
ခေါ်တဲ့တောင်နားက ရှိဇူးအိုခ ဆိုတဲ့မြို့လေးကို ရေနွေးစိမ်ဖို့သွားခဲ့တယ်။ရှုခင်းတွေက အရမ်းလှပြီး အရမ်းပျော်ဖို့ ကောင်တဲ့
နေရာလေးပါဘဲ။အဲဒီမြို့ကိုသွားတော့ ည၁၁နာရီကသွားတာည၃:၃၀ လောက်မှအဲဒီမြို့ကိုရောက်တယ်။ အဲဒီရောက်တော့
ညကတော်တော်လေးကိုမိုးချုပ်နေတော့ ဟော်တယ်သွားငြားတာငြားလို့မရတော့ဘူး။အဖေရဲ့သယ်ရင်းတွေအိမ်မှာဘဲတစ်ည
တော့အိပ်လိုက်ရတယ်။နောက်နေ့ရောက်တော့ ဟော်တယ်ကိုကြိုပြီးအမေကစာရင်းလုပ်ထားလိုက်တယ်။ည၂နာရီလောက်
ရောက်မှကျနော်တို့ အလည်လွန်ပြီး ဟော်တယ်ကိုပြန်ရောက်တယ်။ဟော်တယ်ရောက်တာနဲ့ တစ်နေ့လုံးပင်ပန်းနေတာနဲ့
ကျနော်တို့ တွေရေနွေးတန်းစိမ်လိုက်ကြတယ်။အဲဒီမှာဇတ်လမ်းက စတာဗျ။လူကလည်းတစ်ယောက်မှမရှိဘူး။အဲဒီရေနွေးကန်
ကြီးကလည်းအကြီးကြီးဘဲ။ညကမိုးချုပ်နေတော့ စိမ်တဲ့လူတစ်ယောက်မှမရှိဘူးဗျ။ကျနော်ရယ်၊ကျနော့်အမေရယ်ဘဲ ရှိတာ။
ညမိုးချုပ်နေတော့ ကြောက်တာပေါ့ဗျာ။ဟိုဘက်အခန်းက ယောကျာင်္းလေးစိမ်တဲ့ ကန်မှာတော့လူတွေအများကြီးရှိတယ်ထင်ပါ့
တော်တော်လေး ဆူညံပြီး အသံတွေကြားနေရတယ်။ရေနွေးစိမ်ပြီးပြန်ထွက်လာတော့ အဖေကိုကျနော်မေးကြည့်တော့လူတွေ
တစ်ယောက်မှမရှိဘူးတဲ့ အဖေရယ်၊အဖေသယ်ရင်းနှစ်ယောက်ဘဲရှိတယ်တဲ့။ကျနော့မှာကြက်သိမ်းတောင်ထသွားတယ်။ကျနော်
သေသေချာချာ အသံတွေအများကြီးကြားရတာပါဗျာ။အမေ့ကို ပြောပြတော့အမေကမယုံဘူး။ကျနော်လည်းကြောက်ကြောက်
နဲ့ မသိမသာဘဲနေလိုက်ရတယ်။အခန်းထဲရောက်တော့ သူတို့ ပေးတဲ့ ဂျပန်ကီမိုနို(ဂျပန်ရိုးရာဝတ်စုံ)ကိုဝတ်ရတယ်။အခန်းထဲ
ရောက်တော့ တစ်နေ့လုံးပင်ပန်းလာတာနဲ့ အိပ်ပျော်သွားတာ ကိုယ့်ဟောက်သံတောင်ကိုယ်မကြားရတော့ဘူး။မနက်မိုးလင်း
တော့ ဂျပန်ထမင်းသွားစားရတယ်။သယ်ရင်းတွေကို တောင်သတိရလိုက်သေးတယ်။နေ့လည်ရောက်တော့ မိုးတွေကလည်း
တော်တော်ရွာနေတာနဲ့ ဘယ်မှတောင်မသွားဖြစ်ပါဘူး။ဟိုနား ဒီနားသွားရင်းနဲ့ လမ်းမပေါ်မှာတောင်အိပ်ခဲ့သေးတယ်။ဘယ်
လိုလို့ အိပ်တာလည်းဆိုတော့ဗျာ။အဲဒီနေ့ကမိုးကလည်းရွာ ပင်ကလည်းတော်တော်ပင်ပန်းနေတယ်။ကျနော်ရယ်၊ကျနော်အဖေ
ရယ်၊ကျနော်အမေရယ်၊ကျနော့်အဖေရဲ့သယ်ရင်းနှစ်ယောက်ရယ်၊တစ်ယောက်ကကားမောင်းတယ်။မီးပွိုင့်ကလည်း မီးနီနေတာ
ဗျာ။လူကလည်းပင်ပန်းနေတာနဲ့ တစ်ကားလုံးအိပ်ပျော်သွားတာ။ဘယ်အချိန်ထိတောင် အိပ်ပျော်သွားလည်းဆိုတော့ နေ့လည်
ထဲက သွားတာညနေရောက်မှဘဲနိုးတော့တယ်။ကားတွေက ဟွန်းတွေဘာတွေတီးတာတောင်မနိုးဘူး။ဘယ်လောက်လည်းဆို
တာကျနော်ဆို အိမ်မက်တွေဘာတွေတောင်မက်တယ်။ကားမောင်းတဲ့လူကြီးကနိုးတော့ ဘေးနားကကားတွေကသူ့ကိုကြည့်
ကြည့်ပြီးကျော်သွားတယ်တဲ့။သူကလည်း အိပ်ချင်မူးတူးနဲ့ ပြန်ပြီးရီပြလိုက်တယ်တဲ့။သူဟာသူနဲ့တော့ဟုတ်နေတာဘဲ။ဒီကြား
ထဲအမေကသူနိုးလာတာလည်းတွေ့ ရောအိပ်ချင်မူးတူးနဲ့"မောင်လေးဆက်အိပ်ဆက်အိပ်"တဲ့အတင်းဘဲအိပ်ခိုင်းတယ်။
ဟီးတစ်ကယ်ဗျာ အိပ်ကိုပျော်သွားတာတစ်ကားလုံး။တော်တော်လေးတော့ ပျော်ဖို့ကောင်းတယ်။တပျော်ကြီး အိပ်လိုက်ကြတာ
မှခေါခွီးနဲ့။အပြန်ကြတော့လည်း အဲ့ဒီလမ်းလေးအတိုင်း ရှက်ရှက်နဲ့ ပြန်လာခဲ့ကြပါတယ်။