Thursday, November 29, 2007

ကျနော်ပြောသောကျနော့သယ်ရင်းအကြောင်း
သယ်ရင်းဆိုလို့ ကျနော့ရဲ့သယ်ရင်းတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။သူကတော့ ဂျစ်ကန်ကန်မဟုတ်
ပေမယ့် ပြောင်စပ်စပ်ပါ။ပုံစံကတော့ ဆံပင်ကဂျယ်နဲ့မထောင်ဘဲထိုးထိုးထောင်ထောင် ဆံပင်တွေသူမှာရှိတယ်။
ယောကျာင်္းကြီးတန်မဲ့နဲ့စပ်စလူးထပြီး အတင်းပြောရတာဝါသနာပါတယ်။ကျောင်းမှာထမင်းကျွေးရင် လိုက်ပွဲအယူ
ဆုံးကသူနဲ့ကျနော်နဲ့ ပထမနေရာကိုဗိုလ်လုနေကြတယ်။အားရင်အားသလို လူတွေကိုလိုက်စနေတတ်တယ်။ဆရာ
ဆရာမတွေက သူ့ပြသ၁နာကို မကြာခဏအမြဲဖြေရှင်းပေးနေရတယ်။ကျောင်းက၈နာရီ၁၅တက်ရင်ကျောင်းကို
၉နာရီခွဲလောက်မှရောက်တယ်။အိပ်ပျော်သွားလို့တဲ့။ကြည့်ဘယ်လောက်တောင်ချစ်ဖို့ကောင်းလည်း။အားအား
နေရင်လည်း ဆရာဆရာမတွေကိုနှိပ်ကွပ်ဖို့လောက်ဘဲချောင်းနေတတ်တယ်။တစ်ခါဗျာ အရင်နှစ်ကဆရာက
ကျောင်းပြောင်းသွားတယ်။ကျောင်းကို ဒီနှစ်ရောက်တော့တပည့်တွေဆီလာလည်တာပေါ့ဗျာ။သူများတစ်ကာတွေ
ကဆရာကို မတွေ့ရတာကြာပြီနေကောင်းလားဘာလားပေါ့ဗျာ။ပြောနေတဲ့အချိန် သူက၀င်ပြီးပြောင်စပ်စပ်နဲ့
ဆရာ့ရဲ့ပုခုံးကိုပုတ်ပြီး "မတွေ့ရတာ ကြာလို့ တော်တော်တောင်ကြီးလာပြီနော်" တဲ့ကြည့်ပြောပုံကသူကိုယ့်သူ
ပြောင်စပ်စပ် နဲ့ဆရာ့ခင်မျာ မျက်နှာလေးက ဇီးရွက်လေးလောက်ဘဲရှိတော့တယ် သေးသေးလေးဘဲကျန်ပြီး
"ဟုတ်" တဲ့ကြည့်ဘယ်လောက်တောင်ပြောင်လဲဆိုတာ။ကြည့်ရုပ်ကိုကအကြောတင်း။ကျနော့ကိုလည်းသူကခေါ်
တာရှိသေးတယ်။ super man တဲ့ဘာလို့ ခေါ်လဲမေးကြည့်တော့။ကျနော့နံမည်က ဆုဆိုတော့ superman တဲ့
ဘာမှလည်းမဆိုင်ပါလားနော်။သူနားမှာကြာကြာနေရင်တော့ ရူးသွားမလား။သူလိုပေါကြောင်ကြောင် ဖြစ်သွားမ
လားဘဲ။အဲ့ဒီလောက်ထိကျနော့သယ်ရင်းက ချစ်စရာကောင်းတာ..။

ဟီး (ကျနော်ပြောသောကျနော့သယ်ရင်းအကြောင်း)ကို ထပ်ပြီးtagချင်တယ်ဗျာ။ရေးပေးမယ်ဟုတ်...အပူကပ်မဲ့လူတွေကတော့
1 မိုးရေထဲကမမ
2 ကိုကြီးပီကေ
3 ကိုကြီးလူဆိုး(ခေါ်)ဆိုးသွမ်း
4 သယ်ရင်းနှင်းသဇင်
5 မမ chaos
6 သတင်းစာ ကိုဝေ
7 သယ်ရင်းမင်းယွန်းသစ် တို့ဘဲဖြစ်ပါတယ်။ဟီးရေးပေးကြပါနော်။ မရေးပေးရင် ၀မ်းနည်းမှာ ;)






















ဓါတ်ပုံထဲကခွေးလေးတွေကကျနော့ရဲ့အသည်းလေးတွေပါကျနော်တို့တွေကတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြ
တာ။တစ်ကောင်ကတော့အယ်ဇေးရှင်းအမျိုးအစားပါသူနံမည်က လူကြည် တဲ့ အမှန်တော့လူစီပါဗျာ။ချစ်စနိုးနဲ့ခေါ် ရင်းကနေ
လူကြည်ဖြစ်သွားတာ။ကျတော့နဲ့ လူကြည်လေးနဲ့က အမြဲတမ်းအတူတူဖက်အိပ်နေကျ။ အရမ်းချစ်ကျတဲ့ မောင်နှမတွေအ
တိုင်းဘဲ။မှတ်မိပါသေးတယ်။ကျနော်ကျောင်းကပြန်လာပြီဆိုရင်ကျတော့ ကိုအိမ်ရှေ့ကထွက်ထွက်ကြိုတာမမေ့သေးပါဘူး။
လူကြည်လေးကကျနော်ကကျောင်းကပြန်လာပြီဆိုမုန့်တွေဝယ်ဝယ်လာတာ။ကျနော်ကျောင်းကပြန်လာပြီဆိုတာနဲ့ ကျတော့
ကိုမုန့်တောင်းစားတော့တာဘဲ။မကျွေးဘူးဆို သရေကျပြတယ်..။ချစ်စရာအရမ်းကောင်းတာဘဲ။အစအနောက်လည်းသန်သလား
မမေးနဲ့။သူတို့နှစ်ကောင်တွေ့ရင် ရန်ဘဲအမြဲဖြစ်နေတာ။တစ်ကောင်နဲ့တစ်ကောင်လည်းအရမ်းချစ်ကြတာ။နောက်တစ်ကောင်
ကတော့သူ့နံမည်က လေးလေး တဲ့ခွေးစုတ်ဖွားလေးပါ။သူကျတော့ကျနော့လို ငဂျစ်ဘဲဗျ။စွာကလည်းစွာသေး။အိမ်မှာဆိုကျနော့
ကိုဘယ်သူမှထိလို့မရဘူး ထိတာနဲ့ အဲလူကိုဟောင်တော့တာဘဲ။ဟတ်ဟတ်။ကျနော့ကို ချစ်တာလေးဟီး။ကျနော်တို့သုံးရောက်
ကဂျပန်ရေညှိဆိုအရမ်းကြိုက်တာဗျ။နောက်ချောကလက်ဆိုလည်းအသေကြိုက်တာဗျ။တစ်ခါပို့ရင်တစ်ပတ်တောင်မခံဘူး
ပြောင်တော့တာဘဲဟီး...။သူတို့တွေကခုရန်ကုန်မှာဗျ။ပြောရင်းဆိုရင်းနဲ့တောင်သတိရပြီးမျက်ရည်ဝဲလာပြီ။သူတို့နှစ်ကောင်
ကိုလမ်းမှာတွေ့ရင် ပြောပေးပါဗျာ။ကျနော်အရမ်းသတိရတယ်လို့။ရေညှိတွေချောကလက်တွေအများကြီးပို့ပေးလိုက်မယ်လို့။

တောင်းပန်ချက်။ ။(ကျေးဇူးပြုပြီးခင်ဗျာ။ကျနော်ဆက်မရေးနိုင်တော့တာခွင့်လွှတ်ပေးကြပါ။ကျနော့ကိုနားလည်ပေးကြပါ.. :cry:


Tuesday, November 27, 2007

သက်ပြင်းချသံ
ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတဲ့
လောကကြီးကို ငါဟာစတင်
ဝင်ရောက်ခဲ့တယ်။
ရက်စက်လွန်းတဲ့ လေပြေက
ငါ့မျက်နှာကို တစ်ချက်ဝေ့လိုက်တယ်။
ပြီးတော့မုန်းတီးလွန်းတဲ့ လူတွေကို
တစ်ချက်ကြည့်လိုက်တယ်။
ရှုပ်ထွေးလွန်းတဲ့ လောကကြီးကို
ငါဟာ နာကြည်းစွာနဲ့ကျောခိုင်း
ထွက်ခွာသွားခဲ့တယ်။ ။

Monday, November 26, 2007









ဒီတစ်ခါတော့ သယ်ရင်းတွေအတွက် ကျနော်နေ့တိုင်းစားရတဲ့ အကြိုက်ဆုံးမုန့်လေးတွေကျွေးပါတယ်။
အားရပါးရစားကြနော်။လိုအပ်ရင် ပါဆယ်ပါထုတ်သွားလို့ရတယ်။အားမနာနဲ့နော် အ၀သာဆွဲ။
ဒီမုန့်လေးတွေ ကိုကျနော်ကိုယ်တိုင် အော်ဒါသွားမှာထားတာဗျ။ကြိုက်မယ်လို့ လည်းထင်ပါတယ်။
ကောင်းမကောင်းပြောသွားကြဦးနော်။...

Saturday, November 24, 2007

အလယ်တန်းရောက်ပြီ
ပျော်လိုက်တာဗျာ။နောက်သုံးလလောက်နေရင်အလယ်တန်းရောက်ပြီ။ကျနော့ရဲ့အထင်လွဲတဲ့ဒုက္ခကလွတ်ပြီ။ဘာအထင်လွဲခံရ
လဲဆိုတော့ဗျာဘူတာကိုဝင်ရင် ရထားလက်မှတ်ထိုးထွက်ရတယ်ဗျာ။အဲကျရင် တော်တော့်ကိုအခက်အခဲတွေ့တယ်။ဘာလို့လည်း
ဆိုတော့ဗျာ ကလေးဆိုရင် ငှက်အသံလေးမြည်တယ်ဗျာ။ကျနော်ကခု မှအလည်တန်းတောင်မရောက်သေးဘူးဆိုတော့ကလေးလက်
မှတ်ဝယ်ရတာပေါ့ဗျာ။ထိုးထွက်လိုက်ပြီဆိုတာ နဲ့လက်မှတ်အစစ်ခဏခဏခံရတော့တာဘဲ။ဘာလို့လည်းဆိုတော့ ကျနော်ကအသက်
ကတာငယ်တာ လူကအထက်တန်းကျောင်းသားအရွယ်လောက်ရှိတယ်။အဲဒါကြောင့်ကျနော့်ဆို ခဏခဏကလေးလက်မှတ်နဲ့ထွက်
လို့ဆိုပြီး အစစ်ခံရတာ စိတ်ညစ်တယ်ဗျာ။တစ်ကယ့်တစ်ကယ် အရေးကြီးလို့သွားစရာရှိတယ် ဆိုရင် တော်ရုံနဲ့ ခရီးကမရောက်
ဘူး။နောက်သုံးလ ဆိုရင်တော့အဲဒီ့ ၀ဍ်ကကျွတ်ပြီ။နောက်သုံးလမြန်မြန်ရောက်ပါစေလို့ဘဲ ဆုတောင်းနေမိတယ်ဗျာ..။ဒီမှာဆိုရင်
အလယ်တန်းကနေစပြီး စကတ်အတိုဝတ် ရတာဗျ.။အဲဒါမှ ဒုက္ခပါဘဲဗျာ။ယောကျာင်္းလေးလို နေတတ်တဲ့ ကျနော်နဲ့ စကတ်နဲ့တော့
ကြည့်ရဆိုးမှာမြင်ယောင်သေးတယ်ဗျာ..ဟီး။စကတ်အတိုလေး ၀တ်ရမှာဆိုတော့ ဆောင်းတွင်းကျရင်ဝတ်နိုင်ဖို့ အခုထဲ ကအိမ်မှာ
နေရင်း ဘောင်းဘီအတို ၀တ်ပြီးလေ့ကျင့်ထားရတယ်ဗျ။မိန်းကလေးယူနီဖောင်းနဲ့ ကျနော်နဲ့တော့ဖြစ်ဦးမယ်ဗျာ။အလယ်တန်းကျ
ရင်ကျနော်ရယ် ကျောင်းနေဖက်သယ်ရင်းဖြစ်တဲ့ နှင်းသဇင် ရယ်ကကျောင်းချင်းအတူတူရွေးထားတယ်ဗျ။အလယ်ကျရင်တော့ အား
ကစားတစ်ခုခုရွေးရင်တော့ သယ်ရင်းနှစ်ယောက်အတူတူဖြစ်မယ်မထင်ဘူး။ကျနော်ကတော့စဉ်းစားပြီးပြီ ဘတ်စ်စကတ်ဘောပုတ်
မယ်လို့။ကျနော်က အားကစားထဲမှာ ဘတ်စ်ကတ်ဘော အကြိုက်ဆုံးဗျ။နေ့တိုင်းလေ့ကျင့်ရမယ်ထင်ပါရဲ့။အလယ်တန်းရောက်ရင်
သယ်ရင်းတွေနဲ့တောင် ကောင်းကောင်း chatting ၀င်နိုင်ပါ့မလားမသိဘူး။ဆောင်းတွင်းဆို ညမိုးချုပ်မှ ပြန်လာနိုင်မှာ ဘာလို့လဲဆို
ဒီမှာ ၅နာရီဆိုမိုးချုပ်ပြီလေ။ဘာဘဲဖြစ်ဖြစ်ကျနော်ပျော်တယ်ဗျာ။အလယ်တန်းရောက်ရင် ကျနော်လုပ်ချင်တာတွေအကုန်လုပ်လို့ရ
ပြီ။အဖေ့ကိုတော့ပူဆာထားတာဘဲ အလယ်တန်းရောက်ရင် DJ အကရယ်၊ DJ ပွတ်တာရယ်သင်ချင်တယ်လို့။လုပ်ပေး မယ်လို့တော့
ထင်တာဘဲဗျာ။အလယ်တန်းမရောက်ခင် အိမ်မက်တွေကတော့ အများကြီးမက်နေဦးမှာဘဲဗျာ... ;)

Friday, November 23, 2007

လှည့်ပြန်ခြင်း
ချမ်းအေးလွန်းလို့ နှင်းကျနေပေမယ့်
အပြင်မှာ သစ်ရွက်ခြောက်တွေ
ကြွေကျနေဆဲ။
ကောင်ကင်ပေါ်ကို မော့ကြည့်လိုက်တော့
နေပြပြလေး ထွက်လာတယ်။
ခြေဦးတည်ရာ ကိုသွားမယ်ဆိုတော့
ငါ့ခြေထောက် တွေမပါလာဘူး။
အေးလွန်းလို့ တောင့်နေတဲ့
ငါ့လက်ခြောင်းလေးတွေကို
အိပ်ထဲထည့်ပြီးအပူပေးလိုက်တယ်။
အနောက်ကိုလှည့်ကြည့်လိုက်တော့
ငါ့ကို လွမ်းဆွတ်စွာကြည့်နေတဲ့
ငါ့ရဲ့ ခွေးလေး။
ငါ့ရင်ထဲ ကြေကွဲသလိုခံစားရတယ်။
ငါ့ပါးပေါ်မှာ မျက်ရည်တွေ
ကျဆင်းလာခဲ့တယ်။
ငါ့ခြေထောက်တွေက
အလိုလိုနေရင်းရွေ့သွားခဲ့တယ်။
ငါ့ခြေလှမ်းကျဲကျဲ များက
ကြေကွဲနေတဲ့ ခွေးလေးဆီသို့

Thursday, November 22, 2007

နံမည်ကြီးတဲ့ ကျနော့ဦးလေး

ဒီကမ္ဘာပေါ်မှာ နံမည်ကြီးတဲ့လူတွေအများကြီးရှိတယ်။အဲဒီထဲမှာကျနော့ဦးလေးလည်းပါတယ်။သူနံမည်ကြီးတဲ့

ပုံကလည်းခပ်မိုက်မိုက်ဘဲဗျ။ကျနော့ဦးလေးလို့သာ ပြောရတယ်။ကျနော်နဲ့ဆိုအဖိုးတော်တာဗျ။ကျနော်က

သူ့ကို ဘယ်သူဘာပြောပြောအဖိုးလို့ ငယ်ငယ်လေးထဲက မခေါ်ဘူး။ဘာတော်လည်း ဆိုဦးလေးလို့ဘဲပြော

တယ်။သူနံမည်ကြီးတဲ့ပုံလည်း ဒီလိုဗျ။တစ်နေ့ဗျာ သူကမနက်ပိုင်း လက်ဖက်ရည်ဆိုင် သွားထိုင်တာပေါ့ဗျာ။

အဲဒီထိုင်နေတုန်း အချိန်မှာဘဲ သီလရှင်တစ်ပါးက ကြွလာပြီး သူကိုပိုက်ဆံ လာအလှူခံတာ သူကကတော့

ရိုးရိုးဘဲ "ကတော့ပါစေရဲ့"လို့ ပြောလိုက်တာ။ကြည့်ရတာသီလရှင်က သူကိုအမြင်ကတ်သွားလားမသိဘူး

အနားနားကပ် ပြီးဆွဲစိတ်သွားတယ်တဲ့ဗျာ။သူကလည်း ကျနော့ ဦးလေးဆိုတော့သိတဲ့အတိုင်းမလား သေး

သေးတင် ခံတာမဟုတ်ဘူး။ဂျစ်ကန်ကန် ကျွတ်ဆတ်ဆတ်ဘဲလေ။ဘယ်ရမလဲ သီလရှင်ခေါင်းကိုလက်ဖက်

ရည်ဆိုင်ထဲမှာ ချက်ခြင်းထပြီး သီလရှင်ခေါင်းကို ထခေါက်လိုက်တော့ပေါ့။သီလရှင်လေး ခမျာ တော်တော်

နာသွားတယ်ထင်ပါရဲ့ တစ်ချိုးထဲ ပြေးသွားတာ ဖုန်လုံးကြီးဘဲမြင်ရတော့တယ်။ဘယ်ရမလဲokisuဦးလေးဘဲ။

အဲဒီထဲက စပြီးနံမည်ကြီးသွားတာဗျ။ဟတ်ဟတ် သူကိုတွေ့တိုင်းလူတွေလူတွေက "သီလရှင်ခေါက် တဲ့

လူကြီး သီလရှင်ခေါက်တဲ့လူကြီးဆိုပြီး"သီတင်းကို မွှေးနေတော့တာဘဲ။အဲလို နံမည်ကြီးတာဗျ။နံမည်ကြီး

တဲ့ပုံကလည်းခပ်ဆန်းဆန်းနော်။ကျနော့်ရဲ့ လေးလေးလို့ မပြောရပါလားနော်။အဲဒါပြောတာပေါ့ဗျ မျိုးနဲ့

ရိုးနဲ့ ကို တစ်ယောက်တစ်မျိုးဆီ ဆိုးကြတာ။အဲထဲမှာလေးလေးက အဆိုးဆုံးထင်ပါရဲ့ ;)



Wednesday, November 21, 2007


ချမ်းအေးလွမ်းတဲ့ဆောင်းရက်လေးတစ်ရက်ကကျနော့သယ်ရင်းယွန်းရဲ့မွေးနေ့ပါ။ယွန်းရေ Blog မှာအမှတ်တရထည့်
ထည့်ပေးလိုက်ပါတယ်။ဒီကိတ်မုန့်လေး ကကိတ်မုန့်ဆိုင်က ကိုယ်တိုင်သွားရွေးလာတာ။ယွန်းကြိုက်မယ်ထင်တယ်။
ယွန်းရေ ၂၂ပြည့်မွေးနေ့မှစပြီးကိုယ်ချစ်တဲ့လူနဲ့ ပျော်ရွှင်စွာ တစ်သက်လုံးလက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းလိုက်
ပါတယ်။ယွန်းရေ တို့နှစ်ယောက်အတူကိတ်မုန့်ခွဲစားရအောင်နော်....။အ၀စားနော် သယ်ရင်း။
21.11.07

Monday, November 19, 2007


ကောင်လေးသို့
ခဏတာလေး ခွဲရတာ
တစ်သက်တာ မဟုတ်ပေမယ့်။
တစ်ပတ်စာ ခွဲရတာ
တစ်သက်တာလို့ထင်နေမိတယ်။
ငါ့ရဲမျက်စိထဲကို ၀င်ဝင်လာတဲ့
မင်းပုံရိပ်တွေက
ငါ့နှလုံးသားကို လှုပ်ရှားစေခဲ့တယ်။
ငါ့ကို ဂရုမစိုက်ဘဲ
စာတွေဘဲစွတ်ကြည့်နေတဲ့
မင်းမျက်နှာလေးကို မြင်ယောင်ရင်း
စာတွေအပေါ်သ၀န်တောင် တိုနေမိတယ်။
တစ်ခုတော့ ပြောချင်တယ်
ကောင်လေးရေ.....
တစ်ကယ်လို့ မင်းနှလုံးသားက
ငါ့ကို လက်မခံတော့ဘူး ဆိုရင်တောင်
ကျေးဇူးပြုပြီး ငါ့ကို
လမ်းခွဲစကားမဆိုလိုက်ပါနဲ့။
ငါ့ရူး သွားလိမ့်မယ်....။

Saturday, November 17, 2007








































အရမ်းချမ်းအေးလွန်းလှ ဆောင်းတွင်းဘက်လေးမှာ
သယ်ရင်းတွေအားလုံးနဲ့ကွေးဖို့ အတွက်အိပ်ယာ
လေးတွေဖြစ်ပါတယ်။အပေါ်ကအပြာရောင်အိပ်ယာ
လေးကမိန်းကလေးဘလောခ့်ဂါတွေအတွက်ပါ။
အောက်ကအနီရောင်အိပ်ယာလေးကတော့
ယောကျာင်္းလေးဘလောခ့်ဂါတွေအတွက်ပါ။မည်သူ
မဆိုလာရောက်ကွေးနိုင်ပါတယ်။အထူးဧည့်သည်
တွေကတော့....
၁မိုးရေထဲကမမ
၂လေးလေးမျှား
၃ယွန်း
၎အချစ်ဆုံးသယ်ရင်းနှင်းသဇင်
၅မမ chaos
၆မကြီးဘာညာ
၇အမေနှင်းမိုးဝေ
၈ကိုပီကေ
၉ကိုမော်စီ
၁၀အန်တီခွန်မြလှိုင်
၁၁အဘဖြိုး
၁၂မမ၀င်္ကပါ
၁၃လူဆိုးကြီးဆိုးသွမ်း
၁၄မမဆုဝေ
၁၅ကိုကြီးညိမ်းညို
၁၆ကိုrapster
၁၇လေးလေး july dream
၁၈ကိုကြီးမန်လှိုင်ငယ်
၁၉ဘကြီးစိုးထက်
၂၀ကိုဘလင့်
တို့ဘဲဖြစ်ပါတယ်။အားလုံးဘဲလာရောက်အိပ်ကြပါ။နံမည်မပါသူတွေလည်းလာရောက်အိပ်နိုင်ပါတယ်။
ကျေးဇူးပြုပြီးသေးတော့မပေါက်ချခဲ့ကြပါနဲ့နော်..။ ဟဲဟဲ....။

Friday, November 16, 2007

အချစ်အကြောင်း

ဝါးးးးးးးးအိပ်ရာကထသာထရတယ်။ကွေးချင်နေတုန်းဘဲ။မနက်ပိုင်း အိပ်ငိုက်ရင်းသယ်ရင်းနှင်းသဇင်ဘလောခ့်လေးကို
ဖွင့်ကြည့်လိုက်တော့ အချစ်အကြောင်း တဲ့ကျနော့ကိုtagထားတာတွေလိုက်တယ်။အရမ်းချမ်းလွန်းလို့ လက်တွေကတောင့်
နေလို့ ဒီပိုစ့်လေးကိုကြိုးစားပြီးရေးလိုက်ပါတယ်။အခုအချိန်ကစပြီးစကားကြီးစကားကျယ်ပြောတော့ပါမယ်။အဟမ်း အဟမ်း

အင်း....အချစ်ဆိုတာ ဖြေရှင်းမရတဲ့ပုဒ်စာတစ်ခုလို့ကျနော်ထင်တယ်။တစ်ခါတစ်ရံ လွယ်မလိုလိုနဲ့ ခက်သွားသလို တစ်ခါတစ်
ရံ ခက်မလိုလိုနဲ့ လွယ်သွားပြန်ရော။တစ်ခါတစ်လေ ကျတော့လည်း အချစ်ဆိုတာ မယုံနိုင်လောက်အောင်ပါဘဲလားလို့ ကျနော်
ထင်မိတယ်။အချစ်ဆိုတာကြီး ကချစ်လိုက်မိရင်တော်တော် ခံစားရတယ်။စားလည်းသူမျက်နှာ အိပ်လည်းသူ့မျက်နှာ ဘဲမြင်ရောင်
မိနေတယ်။လူတိုင်းမှာ ပြောရရင်ဆက်ကျော်သက် တွေဖြစ်တတ်တဲ့ ရောဂါတစ်ခုရှိတယ်။အဲဒါအချစ်ရောဂါဘဲဗျ။ရောဂါတွေထဲမှာ
အဲဒီရောဂါက အစိုးဆုံးဗျ။တော်တော်လေး ကိုခံစားရတယ်။ဒီကြားထဲယွန်းပြောသလို ပိုးဟပ်ဖြစ်သွားတာကည်းရှိသေး.........။
တယ်လေ ပိုးလိုက်တိုင်း သူများတစ်ကာက ဟပ်ဟပ်သွားလို့။ကိုယ့်မှာတော့ တစ်ယောက်ထဲ ကျန်ခဲ့တယ်..။ကြည့်ဘယ်လောက်
တောင်ကြေကွဲဖို့ကောင်းလည်း။ကိုယ့်က တော့ဝမ်းနည်းပြီးကျန်ခဲ့တယ့်အချိန် သူကတော့တစ်ခြားသူတစ်ယောက်နဲ့ ချစ်နေလိုက်
ကျတာ။တစ်ခါတစ်လေကျတော့ ဗုန်းစားကြီးချစ်သွားမိတာလည်းရှိတယ်။ဘာမှ ရင်ဘတ်ထဲကို အချက်တောင်မပေးရသေးဘူး။
ကြိုက်သွားမိတယ်။စုံနေတာပါဘဲဗျာ။အချစ်ဟာ ကျနော့အတွက်တော့ ရောသမမွှေ ပါဘဲဗျာ။ပြောသာပြောနေရတယ်ဆရာကြီး
လေသံနဲ့ အမေသိသွားလို့ ဆူရင်ဒုက္ခ။ အမေ့ကို တော့ သွားမတိုင်ပြောကြပါနဲ့ဗျ။ဆူမှာကြောက်လို့..။ ။
တော်သေးဘီ..

Wednesday, November 14, 2007

အထီးကျန်

တိတ်ဆိတ်ခြင်းတွေကို အရည်ဖျော်သောက်
ပစ်ခဲ့ တဲ့ညတစ်ည။
ကောင်ကင်ကြီး ဟာလည်း အရောင်မဲ့နေခဲ့ပြီ။
လမ်းတစ်လျှောက်ဟာ ဓါတ်တိုင်ရဲ့
မီးအလင်းရောင် မှိန်မှိန်လေးတွေနဲ့။
မှောင်လွန်းတဲ့ လမ်းတွေမှာ စမ်းတစ်ဝါးဝါး
ခြေဦးတည်ရာ ကိုလျှောက်သွားခဲ့ရင်း။
အထီးကျန် နေ့ရက်များစွာကို
ဖြတ်သန်းခဲ့ရတယ်။

ငါ့ရဲ့ပေါက်ကွဲမှုသံစဉ်တွေဟာ
ရေလှိုင်းတွေလို ရိုက်ခတ်ခဲ့ပြီ။
အကျည်းတန်လွန်းတဲ့
မလှပတဲ့ ငါ့ဘ၀စာမျက်နှာတွေကို
ဒီမှာတင်အဆုံး သတ်ချင်လိုက်ပြီ။

နားလည်ပေးပါလို့လည်း
မတောင်းဆိုချင်တော့ဘူး။
အသုံးမကျတဲ့ ငါ့ရဲ့ဘ၀ကို
ပစ်ပယ်သွားတာဟာမဆန်းပါဘုး။
ဒီနေ့ဟာလည်းအထီးကျန်ဦးမှာဘဲ
နောက်နေ့လည်းအထီးကျန်ဦးမှာဘဲ
မထူးတော့တဲ့ နေ့ရက်တွေနဲ့အတူ
အသက်ဆက်ရှင် နေဦးမှာပါ......။ ။

Tuesday, November 13, 2007


ဒီတစ်ခါတော့ သယ်ရင်းတွေအားလုံး အတွက်ပုရစ်ကျော်တင်ပေးလိုက်ပါ
တယ်။ကျနော်ကပုရစ်ကျော်ဆိုအရမ်းကြိုက်တာဗျ။သယ်ရင်းတွေ တော့
ကြိုက်မလားမသိဘူး။အားရပါးရစားကြနော်....

Sunday, November 11, 2007

chating လှည့်ကွက်(သို့)ရင်ဖွင့်ပွဲ

ကြယ်တွေစုံတဲ့ ညတစ်ည
မင်းနဲ့ငါ chatingထဲမှာ တွေခဲ့ကြတယ်။
မမြင်ရတဲ့မင်းရဲ့ ;)ချစ်စရာအပြုံးတုလေး
တွေနဲ့ဘဲ ငါ့ရဲ့အိပ်ချိန်ဟာညသန်းခေါင်
ကျော်သွားခဲ့ရတယ်။
နောက်နေ့တွေမှာမင်းနဲ့ငါနဲ့ဖုန်းတွေ
ပြောဖြစ်ခဲ့ကြတယ်။
မင်းနဲ့ငါ မပြောင်းလဲနိုင်တဲ့ အဖြူရောင်တံတိုင်း
တွေကြားမှာဘဲရှိလိမ့်မယ် လို့
ငါယုံကြည်ခဲ့မိတယ်။
မမျှော်လင့်ဘဲ တစ်နေ့မှာ မင်းကငါ့ကို
အဖြေတောင်းခဲ့တယ်။
မင်းကငါ့ရဲ့နူးညံတဲ့နှလုံးသား ကို
အရယူသွားခဲ့တယ်။
ငါ့ရဲ့"အင်း"ဆိုတဲ့ခေါင်းညိမ့်သံတွေနဲ့အတူ
မင်းနဲ့ငါချစ်သူတွေဖြစ်သွားခဲ့ကြတယ်။

တစ်လလောက်ကြာတော့ မင်းငါ့အပေါ်အေးတိအေးစက်
အတော်နိုင်ခဲ့တယ်။
ငါခေါ်ပေမယ့်လည်း ထူးချင်မှပြန်ထူးတတ်တဲ့
မင်းရဲ့ပုံစံ..။
ငါ့ဘက်က ဟာကွက်မရှိအောင် မင်းကိုငါ
တစ်ကယ်ချစ်ခဲ့တာပါ။
မင်းရဲ့အပြုအမူတွေကြောင့် ငိုကြွေးရတဲ့
ရက်တွေတောင်လိုပုံ နေပြီ။
ငါ့ဘက်က ဘာတွေမှားလည်းလို့ ?တွေဘဲ
အမြဲတမ်းထုတ်နေမိတယ်။
ငါ့ကိုအပေါစားလို့ သဘောထားခဲ့တဲ့မင်းကို
ငါမမုန်းနိုင်သေးတာ တော့အမှန်ဘဲ။
ငါချစ်ခဲ့တာ မင်းတစ်ယောက်ထဲကိုပါ။
ဘယ်လိုဘဲဖြစ်ဖြစ်ဖြေရှင်းချက်လေးတော့
ပေးခဲ့ပါချစ်သူရာ.........။



Saturday, November 10, 2007

ကျနော်ကြောက်တဲ့ "ဖား"လို့ခေါ်တဲ့သတ္တ၀ါ


နှင်းနဲ့ကိုကြီးမော်tagထားလိုပြန်ရေးလိုက်ပါတယ်။ကျနော်ရဲ့ အကြောက်ဆုံး သတ္တ၀ါကတော့ ဖားဗျာ။ဖားကို အသေကြောက်

တယ်ဗျ။မှတ်မိပါသေးတယ် ကျနော်ငယ်ငယ်တုန်းကပေါ့ ဘယ်နှတန်းလည်းတော့ မမှတ်မိတော့ဘူး။အဲနေ့ကလည်း မိုးတွေ

ရွာနေတယ်ဗျာ။ကျနော်က အပြင်သွားမလို့ ကျနော် အကြိုက်ဆုံး အနီရောက် ထိပ်ပိတ်ရှုးဖိနပ်လေး ကိုဝတ်လိုက်တာဗျာ။

အထဲမှာ ပျော့စိပျော့စိ နဲ့ အုမ်းအမ်အုမ်းအမ်နဲ့ လည်းအော်သေးတယ်။အမလေးပြောရင်း ဆိုရင်းနဲ့တောင် ကြက်သိမ်းတွေ

ထလာပြီ။ဖိနပ်ကိုကြောက်လို့ ချွတ်ပြီးလွှတ်ပြစ် လိုက်တော့ အမလေးကြောက်စရာကြီးမှကြောက်စရာကြီးပျော့ပျော့စိ ထွက်

လာလိုက်တာ ဖားကြီးကနည်းတာကြီးမှ မဟုတ်ဘဲ။တော်တော်ကြီးတာဗျ။တွေးရင်းနဲ့တောင် ကြောက်ပြီးရွံလာပြီ။သယ်ရင်း

တွေအားလုံးထဲမှာ ကျနော်နဲ့တူတဲ့လူရှိလားမသိဘူးနော်။ ။

Thursday, November 8, 2007

ကျနော်နှင့်ကျနော့်ရဲ့အမေ

တစ်ခါတစ်လေကျ မိဘတွေကသားသမီးတွေကို တော်ကြောင်းတတ်ကြောင်း လူရှေ့သူရှေမှာ သိပ်ပြောချင်ကြတာဗျ။
အဲဒီထဲမှာ ကျနော့အမေကထိပ်ဆုံး။သြော်..တစ်ခါထဲဘဲကျနော့ ထူးထူးဆန်းဆန်းဖြစ်ရပ်လေး ပြောပြမိပါတယ်။အမေ
ဗျာ အဲအကြောင်းကို ဂျပန်တစ်မြို့လုံးလျှောက်ပြောထားတယ်။ကျနော်လာလည်းလာရော လူတွေက၀ိုင်းမေးကြတာပေါ့
ဗျာ။အဲဒီအဖြစ်အပျက်ကလည်း ဒီလိုဗျ။ပြောရ ရင်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဘဲ။အဲဒီတုန်းက ကျွန်တော် ချာတိတ်ဘဲရှိ
သေးတာဗျ။အဲဒီနေ့က ကျနော်ကကြောင်လေးကိုပေါင်ပေါ်တင်ပြီးသိပ်နေတာ။ကြောင်လေးက လည်းကျနော်ရဲ့အချစ်
တော်လေးပေါ့ဗျာ။ကျနော်က သူကိုကျနော့ပေါင် ပေါ်တင်ပြီးအမြဲသိပ်နေကျဗျ။အဲဒီနေ့ကလည်း ဘာလိုလည်း မသိပါ
ဘူး။အိမ်မှာ ကလည်း ပဲကုလားဟင်းချက်တယ်။ကျနော်လည်း စားတာနည်းနည်းလွန်သွားတယ်။ပြီးတော့ သူကိုပေါင်ပေါ်
မှာ သိပ်ရင်းနဲ့ တိုးတိုးလေးလေလည်မိသွားတယ်။တိုးတိုးလေးတော့ တိုးတိုးလေးပါဘဲ။ ဒါပေမယ့်ဗျာ ကြောင်တောင်လန့်
ပြီး ထခုန်ပြီးတော့ ထွက်ပြေးတာနံရံနဲ့ခေါင်းနဲ့စောင့်မိပြီးထွက်ပြေးသွားတာဗျာတစ်ချိုးထဲဘဲ။တစ်ရက်ပြန်မလာ နှစ်ရက်ပြန်
မလာသုံးရက်ကျမှ ပြန်လာတယ်။ကြောင်ကဘယ်လောက်ထိစိတ်ပျက်သွား လည်းဆိုရင်ကျနော်ကိုင်တာတောင်ကိုင်လို့ သိပ်
မရတော့ဘူး။တစ်ပတ်လောက်လည်း ကြားရော လင်နောက်လိုက်သွားပါလေရောဗျာ။ကြည့်ရတာ ကျနော့ကိုစိတ်နာသွားတယ်
ထင်ပါရဲ့ဗျာ။ကျနော်လည်း အဲထဲကကြောင်ဆိုရင်သိပ်လည်းမမွေးဖြစ်တော့ဘူး။တစ်ကယ်ပါဗျာ။ကျနော့တို့ မိသားစုကတစ်ခြား
မိသားစုနဲ့မတူဘူးဗျ။ဦးသူ ပြောကြေးဘဲ။ခုလည်းဦးလို့ပြောလိုက်တာပါ..ဟီဟီး။ကျနော့ရဲ့ အမေကတစ်ခြားအမေတွေနဲ့ မတူ
ဘူးဗျ..။ကျနော့ကိုချစ်တော့ ချစ်တယ်ဒါပေမယ့်အချစ်ကြမ်းကြီး ဗျ။ဘယ်လောက်ထိ အချစ်ကြမ်းလည်းဆိုရင် တစ်ခါလည်းဗျာ
ကျနော်ကအိပ်နေတာ လည်းပင်းထညှစ်တယ်။ကျနော်လည်း လန့်ဖြန့်ပြီးတော့နိုးသွားတာပေါ့ဗျာ။ဘာဖြစ်လို့လည်းလို့မေးတော့
ကျနော့ကိုကြည့်ရင်း ကြည့်ရင်းအသည်းယားလာလို့တဲ့ဗျာ။မှတ်ကရော။အဲလောက်ထိအချစ်ကြမ်းတာဗျ။

Tuesday, November 6, 2007

MY lovely bag!!

"ဟေ့...မလှုပ်နဲ့ပြစ်ထလိုက်မယ်ဘာမှတ်လည်း"
"ဟဲ့...ပလုတ်တုတ်...ကလူကလူ "

ရုတ်တရက်မို့ကျနော်လန့်ဖြန့်သွားသည်။ဘေးဘက်ကိုလှမ်းကြည့်လိုက်တော့ ဓါးပြသုံးယောက်။ဓါးပြလို့ သာပြောရတာ
မြင်ရင်အော်ရယ်မိမှာ ကျိန်းသေတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဓါးပြတွေအားလုံးကအနက်ရောင် အ၀တ်များကိုဆင်တူ
ဝတ်ဆင်ထားကြတယ်။နောက်ပြီး စူပါမင်းလိုလိုဘာလိုလိုဝတ်ရုံအနက်ကြီးကိုခြုံထားပြီး။မျက်နှာကို မျက်စိတစ်ခုထည်းလှပ်
ပြီးအနက်ရောင်ခေါင်းပေါင်းကြီးပေါင်းထားတယ်။အားလုံးကကျနော့ကို ဓါးနဲ့ထောက်ထားလို့သာဓါးပြလို့ယုံလိုက်ရတာ
နို့မို့ဆိုယုံချင်စရာတောင်မရှိတော့ဘူး။ကျနော်အတွေးလွန်နေခိုက်။

"ဟေ့....ရှိတာတွေအကုန်ထုတ်"

အနောက်မှအသံတစ်ခုကြားလိုက်ရသည်။ကြည့်ရတာ ဓါးပြဗိုလ်ခေါင်းဆောင်အသံဟုထင်သည်။ကျနော်လှည့်ကြည့်လိုက်တော့
ခြေထောက်တွင် ၀ဲအနည်းငယ်ရှိပြီးကတ္တီပါ ခြေညှပ်ဖိနပ်ကိုစီးထားသည်။အဲဒီအပေါ်မှာမှ ကျူရိုးလောက်ရှိတဲ့ခြေသလုံးလေးကို
ထောင်ထားတယ်။အပေါ်ကိုဆက်ကြည့်လိုက်တော့ ဒူခေါင်းတွင်ဂျွတ်များ"ထွီ"ကျနော့စိတ်ထဲအန်ချင်သလိုတောင်ဖြစ်သွားသည်။
ဘယ်နှနှစ်ဘယ်နှလထဲက တက်နေတဲ့ဂျွတ်တွေလဲမသိဘူး။အပေါ်ကိုဆက်ကြည့်လိုက်တော့ ဒူးပေါ်ဘောင်ဘီအကျပ်အနီလေး။
အဲဒီအပေါ်မှာမှ အင်္ကျီကိုယ်ကျပ်အနက်ရောင်လေး။အဲဒီအပေါ်မှာ ၀တ်ရုံအနက်ကိုခြုံထားတယ်။မျက်နှာကိုဆက်ကြည့်လိုက်တော့
တစ်ဒေါင်လောက်ရှိတဲ့ မုတ်ဆိတ်မွေးတွေ။ပြီးတော့ ခေါင်းပေါ်မှာအနက်ရောင်အ၀တ်ကိုစည်းပြီးကောင်ဘွိုင်ဦးထုတ်တစ်လုံးဆောင်း
ထားတယ်။သူကိုယ့်သူDJလိုလို၊ကောင်းဘွိုင်လိုလို၊မော်ဒယ်BOYလိုလို

"ဟား....ဟား......ဟား.....ဟား.."
ကျနော်ကြည့်ပြီးအော်ရယ်လိုက်သည်။ဓါးပြဗိုလ်မှာ ကျနော့ခေါင်းတစ်ချက်ခေါက်ပြီးအိတ်ကိုလှမ်းဆွဲယူလိုက်သည်။

"ပေးစမ်း..အိတ်"ကျနော့၏အိတ်ထဲတွင်-

၁။နားအမြဲယားနေတတ်တဲ့ကျနော့အဖို့အမြဲတမ်းဆောင်ထားတတ်တဲ့နဖာကြီးကလော်တံ

၂။သွားကြဲပေမယ့် သွားကြားအမြဲထိုးတတ်လို့ဆောင်ထားရတဲ့ သွားကြားထိုးတံ

၃။အမှိုက်များ

၎။ဘယ်သွားသွားအမြဲခေါ်သွားတဲ့ကိုယ်ရီးယားမင်းသားrainနဲ့ဂျပန်မင်းသားဓါတ်ပုံများ

၅။အဖိုးတန်မှန်လေးတစ်လုံး

၆။ကျနော့ခွေးလေးတွေရဲ့ဓါတ်ပုံ

၇။အကြွေများနဲ့ဖောင်းကားနေတဲ့ပိုက်ဆံအိပ်သေးသေးလေးတစ်လုံး

တို့ဘဲဖြစ်ပါတယ်။အဲဒီဓါးမြဗိုလ်က ဆက်ပြီးဓါးပြတိုက်မယ်လူတွေစားရင်းကိုပြောနေသံကြားပါတယ်။
အဲဒီလူတွေကတော့-

၁။ကျောင်းနေဖက်သယ်ရင်းနှင်းသဇင်
၂။ပြောမနာဆိုမနာယွန်းလေး
၃။ခင်စရာကောင်းတဲ့မမ chaos
၎။လေးလေးမျှား




Friday, November 2, 2007

!!!!တစ္ဆေခြောက်သောည!!!!

မိုးက တော်တော်လေးချုပ်နေသည်။သူငယ်ချင်းနှစ်ယောက် အလည်လွန်ပြီး အိမ်ပြန်နောက်ကျနေသည်။လင်းထံမှ......

"ဟယ်......ဒုက္ခဘဲကျောင်းမှာဖိနပ်မေ့ကျန်ခဲ့တယ်"မြူနှင်းစိတ်ပျက်စွာဖြင့်



"ဟာ...ဟုတ်လား နင်ကတော့လုပ်ပြီမေ့တတ် လိုက်တာမှလွန်ရော"

ဟုတ်ပါသည်။လင်းတစ်ယောက် သောကြာနေ့တုန်းကကျောင်းမှာ စီးသောဖိနပ်ကျန်ခဲ့သည်။ဒီနေ့သွားမယူလျှင်မနက်ဖြန်ကျောင်း



တက်ရမှာဖြစ်သောကြောင့် လျှော်ရန်လုံးဝမှီမှာမဟုတ်တော့။ဖိနပ်ကလည်းတော်တော် ညစ်ပတ်နေသည်ထို့ကြောင့်

"ငါ သွားယူလိုက်မယ်ဟာ။ဖိနပ်ကလည်း တော်တော်ညစ်ပတ်နေလို့ ဒီနေ့မလျှော်ရင်နက်ဖြန်ကျောင်းတက် ရင်



မှီမှာမဟုတ်တော့ဘူး"

"ဟင်း.....နင်ကတော့လုပ်ပြီ" မြူနှင်းသက်ပြင်းချပြီးပြောလိုက်သည်။မြူနှင်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့်....



"အင်းလေ...ကျောင်းနားလည်းရောက်ခံနီးပါပြီ။နင်ကြောက်လား ငါပါအဖော်လိုက်ခဲ့ရမလား"


မြူနှင်း၏အမေးကိုလင်းကရယ်ကျဲကျဲဖြင့်



"ရပါတယ်ဟာ။ဘာလို့ကြောက်ရမှာလည်းကိုယ့်ဘာသာကိုယ်ဘဲ သွားလိုက်တော့မယ်။နင်ကျောင်း အပြင်မှာ

စောင့်ရင်စောင့်နေလိုက်"မြူနှင်းက



"အေး........ငါလည်းဗိုက်ဆာနေလို့ တစ်ခုခုဝယ်စားရင်းနဲ့ စောင့်နေလိုက်မယ်"လင်းက


"အင်း.....ဒါဆိုလည်းကျောင်းရှေ့မှာဘဲ မုန့်စားရင်းနဲ့စောင့်နေလိုက်။ငါသွားလိုက်ဦးမယ်"




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ညသည်အလွန်တိတ်ဆိတ်နေပြီးပုရစ်အော်သံများကိုကြားသည်။ ထိုညမှာဘာလို့လည်းမသိလင်းကြက်သိမ်းတွေထနေမိသည်။

"ဂျောက်"


လင်းတံခါးကိုဖွင့်လိုက် သည်။အဝေးမှ မြင်ရသောကျောင်းမှာ မှိန်ပြပြအလင်းရောင် သာရှိပြီး ခြောက်ခြားဖွယ်ကောင်းလှသည်။လင်း

တစ်ရွေ့ရွေ့ဖိနပ်စဉ်နားသို့လျှောက်သွားသည်။ထိုအချိန်


"ဂျိမ်း"

လင်းတစ်ယောက် ထိတ်လန့်သွားသည်။လင်း၏စိတ်ထဲတွင် လေတိုက်လို့ပိတ်တာဖြစ်မှာပါဟုစိတ်ထဲတွင်မှတ်လိုက်သည်။ဒါပေမယ့်

အားကစားခန်းထဲမှလူရိပ်တစ်ရိပ်ဝင်သွားသည်ကိုတွေ့လိုက်ရသည်။



"ဘယ်သူလဲ မသိဘူး"

လင်းလှမ်းအော်လိုက်သည်။လင်း၏ခြေလှမ်း များက အားကစားခန်းထဲသို့ ဦးတည်လိုက်သည်။


"ကျွီ"



တံခါးဖွင့်ကြည့်လိုက်တော့ တစ်ယောက်မှမရှိ။လင်း၏စိတ်ထဲတွင် "ဟင်..ငါခုဏလေးတင်တွေ့လိုက် တာပါ။အင်း...စိတ်ခြောက်ခြား

လို့ဖြစ်မှာပါ။အတွေးများစွာဖြင့်။ထိုအချိန်..


"အား"


စာသင်ခန်းဘက်မှ လူတစ်ယောက်အော်သံကြားလိုက်သည်။


"ဟင်..ဘယ်သူပါလိမ့်"



စိတ်ထဲတွင် အလွန်ထိတ်လန့်နေမိသည်။အရင်က မကြောက်လန့်တတ်သောလင်းသည်ယခုကြောက်လန့် သလိုတောင်ဖြစ်နေပြီ။

အခန်းထဲကိုဝင်လိုက်သည်နှင့် "ဟင်"



ပြူတင်းပေါက်ကို မျှော်ကြည့်နေသောဆရာမကို တွေ့လိုက်သည်။


"ဆရာမ ခုချိန်ကျောင်းမှာ ဘာလာလုပ်တာလည်းမသိဘူး" လင်းရေရွတ်လိုက်သည်။




ဆရာမသည် လင်းခြေသံကြားလို့လှည့်အကြည့်


"အား"



မျက်လုံးနှစ်လုံးက မရှိမျက်နှာတစ်ခြမ်းတွင် သွေးများစီးကျနေသည်။မြင်လိုက်ရသည်နှင့် သွေးပျက်ဖွယ်ကောင်းလှသည့် မြင်ကွင်း။

လင်းတစ်ယောက်ကြောက်အားလန့်အားဖြင့်ထွက်ပြေး သွားသည်။ အခန်းတစ်ကို တွေ့လိုက်သည်နှင့် ချင်ချင်းဝင်လိုက်ပြီး အခန်း


တွင်ဝင်ဝင်ခြင်းတွေ့သည့် ဘီရိုသေးသေးလေး တစ်လုံးတစ်လုံးတွင် ၀င်ပုန်းလိုက် သည်။

"ဒေါက်....ဒေါက်.....ဒေါက်.....ဒေါက်"



တိတ်ဆိတ်နေသည့် ကြားထဲမှလှေကားပေါ်သို့ တက်လာသည့်ခြေသံကို ကြားရသည်။လင်းတစ်ယောက်ချွေးသီး ချွေးပေါက်များပင်

ကျနေပြီးပြောပြမတတ်အောင် ထိတ်လန့် နေသည်။



"ကျွီ"


တံခါးဆွဲဖွင့် လိုက်သည်။လင်းကြောက်အားလန့်အားနဲ့ မျက်စိပိတ်လိုက်သည်။

"ဟဲ့....လင်းဘာဘီရိုထဲမှာ ဘာလုပ်နေတာလည်း။ငါကနင်ကြာလို့ လိုက်လာတာဟ"လင်းမျက်စိ ဖွင့်ကြည့်လိုက်သည်။


ကြည့်လိုက်တော့ မြူနှင်းဖြစ်နေသည်။လင်းကြောက်အားလန့်အားနှင့် မြူနှင်းကိုဖက်လိုက်ပြီး

"မြူ..မြူ..မြူနှင်း..ငါ...ငါ..ကြောက်တယ်။ဆ..ဆရာမ...."မြူနှင်း ကထိတ်လန့်နေသောလင်းကို



"လင်း.....ဘာဖြစ်လို့လဲဟင်။နင်..ဘာဖြစ်နေတာလည်း"လင်းတစ်ယောက် တုန်ယီနေသော အသံဖြင့်

"ငါ...ငါ.....ဘာမှမပြောပြတတ်ဘူးကြောက်တာဘဲသိတယ်။ငါ ငါတို့တွေ ဒီကနေအမြန်ဆုံးထွက်သွား ရအောင်နော်"


မြူနှင်းတစ်ယောက်တစ်ခါမှမကြောက်လန့်ဖူးသော လင်းကိုအံသြစွာဖြင့်

"အေး..အေး"


ကြောက်လန့်နေသော လင်းလက်များသည်အေးစက်နေသည်။လင်း၏ အေးစက်ကိုတွဲပြီးလှေခါးအောက်သို့ဆင်းလိုက်သည်။

လှေခါးအောက်သို့ဆင်း လိုက်သည်နှင့် သူတစ်ခါမှမမြင်ဖူးသောလူကြီးတစ်ယောက်သူတို့နှစ်ယောက်ကိုရပ်စောင့်နေသည်။


နှစ်ယောက်သားကြောက်အားလန့်အားဖြင့် အတိုင်အဖောက်ညီစွာပြိုင်တူအော်လိုက်ကြသည်။

"အား" သူငယ်ချင်းနှစ်ယောက်တစ်ယောက် လက်ကိုတစ်ယောက်ကိုင်ပြီးခုန ပုန်းခဲ့သည်ဘီရိုလေး ကိုထွက်ပြေးသွားကြသည်။

နှစ်ယောက်လုံးဘီရိုထဲသို့ဝင်ပုန်းလိုက်သည်။



"ဒေါက်...ဒေါက်......ဒေါက်"ခြေသံများ သည်သူတို့နှစ်ဦးဆီဦးတည်လာသည်။ဒီတစ် ခါတော့ခြေသံသည်တစ်ယောက်

ထဲခြေသံမဟုတ်။သူတို့ နှစ်ယောက်ကြောက်လန့် စွာမျက်လုံးမှိတ်ထားကြသည်။နှစ်ယောက်သားကြောက်အားလန့်အားဖြင့်အော်လိုက်

သည်။

""အား""

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



မနက်ခင်းနွေသည်ထွက်စပြုနေသည်။

"အားကျွတ်ကျွတ်ကျွတ်"နှစ်ယောက်သားလဲနေရာမှထလိုက်ကြသည်။ကြည့်လိုက်တောလယ်ကွင်းပြင်ကြီင်္းဖြစ်နေသည်။နှစ်ယောက်

စလုံးအံသြစွာ ဖြင့်

"ဟင်..ငါတို့ညကရောက်ခဲ့တာကျောင်းမဟုတ်ဘူးလား"

နှစ်ယောက်လုံးအံသြမင်သက်နေကြသည်။