Wednesday, October 31, 2007

ချစ်သူသို့.....

ချစ်သူ.....

ငါ၏မျက်လုံး နှစ်စုံကန်းသွားခဲ့လျှင်

ငါ၏ခြေထောက် သုံးမရတော့လျှင်

ငါ၏အသံ ဆွံ့အသွားခဲ့လျှင်

ငါ၏ မျက်နှာရုပ်ပျက်သွားလျှင်

အသင်ကျွန်ုပ်အား ဆက်ချစ်နိုင်မည်လား???

သယ်ရင်းတွေအားလုံးကိုဝန်ခံပါတယ်ဗျာ။ကျနော်က အချစ်အကြောင်းရေးသာရေးရတယ်။သိတာဟုတ်ဘူးဗျ။
ခုမှကလေးဘဲရှိသေးတာ။ အချစ်အကြောင်း ရေးရာတွင်အမှားပါခဲ့ရင်ခွင့် လွတ်ပါနော်...။

Monday, October 29, 2007

အမှတ်တရဆောင်း

"တီ..တီ...တီ"
ကျနော်သည် မနက်မိုးလင်းလျှင်နာရီနှိုးစက်များကို အရမ်းမုန်းမိပါသည်။ဆောင်းဥတုဆို ပိုဆိုးပေါ့ဗျာ။တစ်ကယ်ဗျာ မနက်
ကွေးလို့ကောင်း ပြီဆိုရင် လာဘီတစ်တီတီနဲ့။ဆောင်းဥတု ဆိုအိပ်ရာထရမှာအရမ်းပျင်းတယ်ဗျာ။ဆောင်းဥတု ဆိုရင်မနက်
အစောကြီင်္းရေချိုး ရမှာ အသေကြောက်တာဗျ။ငယ်ငယ် ကဆို အမေရေချိုးခံနီးတိုင်းထွက်ထွက်ပြေးတာ မှတ်မိပါသေးတယ်
ဗျာ။ဒီကြားထဲ အမေကအပူထွက်အောင်ဆိုပြီးရေအေးနဲ့ချိုးခိုင်းတော့သေရော ပေါ့ဗျာ။လူဆို ချမ်းလို့ဂိုက် ဂိုက် ကိုတုန်းနေဘဲ
မေးရိုက်သံကိုပြောတာပါ။ဆောင်းတွင်း ညလေးတွေကိုတော့ အရမ်းကြိုက်တယ်ဗျာ။ညကြရင် ဘတ်တန်ရိုက်တာပျော်ဖို့
ကောင်းလို့ဗျ။ဒါပေမယ်ဗျာ ဆောင်းတွင်းညတွေတိုင်း ခဏခဏ ကျနော်မျက်ရည်ကျဖူးတယ်။အမေနဲ့အဖေကိုလွမ်းလို့ ပေါ့
ဗျာ။သူများတစ်ကာတွေ ဆောင်းတွင်းအေးလို့အမေကို ဖက်နေတဲ့အချိန် ကျနော့်မှာအမေကို ဖက်ခွင့်မရှိခဲ့ပါဘူးဗျာ။......
"ကျနော့ကို သနားလို့ တိမ်တွေတောင်ငိုချလိုက်ပြီ မိုးတွေဆိုလည်းသည်းရော ဟင့် "ဟယ်ဘယ်တွေရောက်ကုန်ပါလိမ့်။
ပေါက်ကရကစပြီ။တစ်ခါတစ်လေ တော့လည်း ကိုယ့်ကိုကို ပြန်စဉ်းစားမိတယ် ငါဟာတစ်ကောင်ဝက်ပါလားလို့။ဘာလို့ ၀က်
ဖြစ်သွား လည်းဆိုတော့ ကျနော်က ၀လို့ဗျ ဟီး။ဆောင်းတွင်းရဲ့ ညတွေမှာဆို လိမ်တုံးလိမ့်တုံး နဲ့ ကြက်တောင်ရိုက်ဖို့ထွက်လာ
တဲ့ကောင်မလေး ကဘယ်သူလဲဆိုရင် ဘယ်သူမှမထင်ပါနဲ့ဗျာအဲ့ဒါကျနော်ဘဲဟီး.....॥။ရိုက်ရင်လည်းကလေးတွေနဲ့ဘဲ ရိုက်တာ
လူကြီးတွေနဲ့ဘယ်တော့ မှမရိုက်ဘူး ဘာလို့လည်းဆိုတော့ ကိုယ်ကဘဲညှပ်ချ ချင်တယ် သူများညှပ်ချတာကိုးနည်းနည်းလေး
မှခံချင်တာဟုတ်ဘူးဗျ။အဲလောက်ထိကျနော်ကသူများကြောတာမခံတာဗျ။ခုလည်းဒီမှာဆောင်းတွင်းရောက်နေပြီလေ။အိပ်မလို့ကြံတုန်း
မိုးရေထဲကမမက သူရဲ့ ဆောင်းတွင်းအေးအေး ဆိုတဲ့ postထဲမှာ tagတာတွေ့လို့ အိပ်ချင်နေတဲ့မျက်လုံးကို ဒုတ်နဲ့
ထောက်ပြီးပြန်လည်ဖြေကြားလိုက်တာပါ...။ ။


ဆောင်းတွင်းအေးအေးလေးအကြောင်းကို ကျနော်သူငယ်ချင်းတွေထဲက သူတို့တွေကိုဆက်ပြီးtagချင်ပါတယ်။ရေးပေးကြပါနော်...
၁။ပြောမနာဆိုမနာကိုမင်းယွန်းသစ်
၂။အဘတစ်ယောက်လိုကျနော်အမြဲတိုင်ပင်တတ်တဲ့ဘကြီးဖြိုး
၃။တူမကြီးလို့ခေါ်တတ်တဲ့ဦးလေးကြီးမျှားပြာ


ကျေးဇူးပြုပြီးရေးပေးကြပါနော်။ဟဲ..ဟဲ











Sunday, October 28, 2007

အလွဲသန်သောလူများအကြောင်း
သြော်...လူတွေလူတွေကျနော့လိုလူမျိုးဘယ်နှယောက်တောင်ရှိနေကြလဲ॥။လောကြီင်္းထဲမှာ လူသားတွေအမေနဲ့အမေရှိ
မှကြီင်္းပျင်းနိုင်တာပါ။ဒါပေမယ်ကျနော်ကျတော့ ငယ်ငယ်လေးထဲကအဖေနဲ့အမေမရှိဘဲအဖွားတွေဦးတွေလက်ထဲမှာကြီးပျင်း
လာတာဗျ။အမေဆိုရင်ကျနော် ၁တန်းထဲကနိုင်ငံခြားကိုထွက်သွားတာဗျ။အဖေဆိုရင် မြင်ဖူးဖို့ဝေးသေး။အဖေက ကျနော်၎လ
ထဲက ထွက်သွားတာဗျ။ဘယ်သူဘဲ ဖြစ်ဖြစ်ကိုယ့်အမေတွေအဖေတွေနဲ့ နေချင်မှာပေါ့နော်။ဒါပေမယ် ဘာတတ်နိုင်ပါ့မလဲနော်။
ကံ ကိုကပါလာတာကိုး။ဒါပေမယ့်လည်း ကျနော့ကိုဝမ်းနည်းတယ် မထင်ပါနဲ့ဗျာ။လောကကြီးကို ပြောင်းပြန်အံတုပြီးနေလာတယ့်
လူဗျ။ကျနော်ကလည်း ရပ်ကွက်ထဲကငဂျစ်(ဂျစ်ကန်ကန်)စာရင်းဝင်ဗျ။အဖေနဲ့အမေမရှိတော့လွတ်လပ်ခြင်တိုင်းလွတ်လပ်နေတယ်
ဆိုပါတော့ဗျာ။အိမ်ကိုလည်း ပြသ၁နာ တစ်ခုမဟုတ်တစ်ခုရှာပြီးမှပြန်လာတတ်တဲ့လူဗျ။တစ်ခါလည်းမှတ်မိပါသေးတယ်ဗျာ...
အဲဒီနေ့ကသီတင်းကျွတ်နေ့ဗျ။ရပ်ကွပ်ထဲမှာကလေးတွေအကုန်လုံးကမီးပန်းလွှတ်ကျတာပေါ့ဗျာ။အဲဒီတုန်းကအမေရှိသေးတယ်
အမေနဲ့အတူတူရှုးတိုင်းလွှတ်လိုက်တာ မိန်းမကြီးတစ်ယောက်ရဲ့ထဘီထဲကိုဝင်သွားတာမနည်းတောင်းပန်လိုက်ရတယ်ဗျာ။
မိန်းမကြီးကတော့ ဘာဖြစ်သွားလဲ မသိပါဘူး ထဘီကတော့ပေါက်သွားတယ်။အဲလောက်ထိ မျိုးနဲ့ရိုးနဲ့ ကိုးလွဲတာဗျ။
တစ်ပါဗျာတစ်ကယ့်ကိုလွဲတာ။ဦးလေးဆိုလည်း ဘယ်လောက်ထိလွဲလဲဆိုရင်။သူကျတော့ တောသားဗျ။တစ်နေ့ပေါ့ဗျာ....အဲဒီနေ့
ကလည်းမိုးတွေ ရွာနေတယ်။တောမှာဆိုတော့ သိတဲ့အတိုင်းပေါ့ဗျာမိုးရွာပြီဆိုတာနဲ့ ချောင်းထဲရေဆင်းချိုးကြတာပေါ့ဗျာ။အားလုံး
ကရေဆင်းချိုးကြ တယ်။သူကြမှ အရာရာနဲ့အကြောင်းကြောင်း ဘယ်လိုဖြစ်လည်းမသိပါဘူးဖင်ထဲကိုပုဇွန်ဝင်သွား တယ်တဲ့ဗျာ။
ပုဇွန်ကလည်းပုဇွန်ထုတ် ကြီးဆိုတော့သေရောပေါ့ဗျာ။နာလိုက်မယ်ဖြစ်ချင်း။စဉ်းစားကြည့်လိုက်တိုင်းကြက်သိမ်းဖြန်းဖြန်းထမိတယ်
ဗျာ။အဲလောက် ထိလွဲတာဗျ။စဉ်းစားရင်း အားလုံးဘဲကြက်သိမ်းထမိကြမယ် လို့ထင်တယ်ဗျာ...။ ။

Thursday, October 25, 2007

မင်း
ကြယ်တွေစုံတဲ့နေ့ မင်းကိုကိုယ်အိမ်မက်မက်ခဲ့တယ်
ဒါပေမယ်မယ့် အိမ်မက်တစ်ပိုင်းတစ်စနဲ့မင်းကိုယ့်ကိုထားခဲ့တယ်
အိမ်မက်ထဲမှာ ငါ့ကိုမင်းပြုံးပြသွားခဲ့တယ်။
အဲဒီနေ့က စပြီးမင်းကို့ကိုယ်စွဲလမ်းခဲ့တယ်
မင်းနဲ့အတူရှိနေတဲ့ အရာတွေအားလုံးငါစွဲလန်းခဲ့တယ်
မင်းရဲ့ကိုယ်သင်းရနံ့ကိုလည်းစွဲလမ်းတယ်
မင်းရဲ့အမြဲလိုလိုကြည်လင်နေတဲ့ မျက်နှာလေးကိုလည်းငါစွဲလမ်းတယ်
မင်းရဲ့ မျက်မှန်လေးကိုလည်းငါ စွဲလမ်းတယ်။
မင်းရဲ့နူးညံ့တဲ့ လက်ချောင်းလေးတွေကိုလည်း ငါစွဲလမ်းတယ်
မင်းရဲ့ အသံအော်အော်လေးကိုလည်း ငါစွဲလမ်းတယ်
မင်းရဲ့ အကြည့်လေးတွေကိုလည်း ငါစွဲလမ်းတယ်
မင်းအနားမှာ ၀ဲတဲ့လိပ်ပြာလေးတွေတောင်ငါမနာလိုဖြစ်မိတာအမှန်ပါ။
ကောင်လေးရေ အဖြစ်သည်းလွန်းတဲ့ငါ့ကိုနင်မုန်းတီးနေတယ်ဆိုတာငါသိပါတယ်။ ။


ဆောင်းနှင်းတွေဝေနေတဲ့ နက်နက်ခင်းလေးမှာချစ်သူနဲ့
လက်တွဲလျှောက်ခြင်တဲ့ ငါ့ရဲ့စိတ်တွေကို ဂလု ဂလုဆိုပြီး
မျိုချနေခဲ့မိတယ်..။
ထိုအချိန်
လှပနေတဲ့ မနက်ခင်းလေးအရမ်းအကြည်းတန်သွားခဲ့တယ်
သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦးအတွက်တော့ အလွန်လှပတဲ့နက်နက်ခင်းလေးပါ॥
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်မီးတောက်အရက်တစ်ခွက်ကိုမျိုချလိုက်ရသလို
ငါ့ရင်ထဲ ဆူပွက်သွားစေခဲ့တယ်။
ကောင်လေး ရယ်ရက်စက်လိုက်တာနော်...
ချစ်သူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်လက်ကိုခိုင်ခိုင်တွဲထားလိုက်ကြတာနော်
ငါ...ဟာဒတ်သာဂီရိလို မိန်းမမျိုးမဟုတ်ပါဘူး
ဒါ...ဒါဆိုရင်ငါဘာလုပ်သင့်လဲ...
မျှော်လင့် ချက်မဲ့နေတဲ့လူတစ်ယောက်အတွက်တော့......
ကျွီ.........၀ုန်း
နားထဲမှာလူသံတွေ ဘဲကြားနေရတယ်
မျက်စိထဲမှာတော့ မင်းအရိပ်တွေက တစ်စက်ကန့်မှပြောက်ကွယ်မသွားခဲ့ပါဘူး။။
ကောင်လေးရေ ငါတစ်ခုတော့မင်းကိုပြောခဲ့ချင်ပါတယ် ငါစိတ်မချဘူး...။ ။ ။



"အား"
ထွက်ပြေးသွားတဲ့ ချစ်သူနှစ်ယောက်

ရက်တွေလတွေကြာခဲ့ပြီပေါ့နော်။
သူမရဲ့နောက်ဆုံးထွက်သက်လမ်းလေးက
ခုဆို တစေလမ်းလို့တောင်အမည်တွင်နေခဲ့ပြီ။ ။

ကဗျာမကျဇတ်လမ်းလေးပါ။မတောက်တစ်ခေါက်ရေးထားတာမို့ အားလုံးဘဲနားမလည်သည်ရှိခဲ့သော်လည်းခံစားပေးကြပါနော်။




Monday, October 22, 2007

မိသားစု

မိသားစုဆိုတဲ့ စကားလုံးလေးက ဘယ်သူစပြီးပြောခဲ့တာလည်းမသိပေမယ့် အတော်လေးနွေးနွေးထွေးထွေးရှိတဲ့ စကားလုံး
လေးပါ။ကျနော်က မိသားစုထဲမှာအငယ်ဆုံးပါ။အငယ်ဆုံးဆိုတာနဲ့ သိတယ်မလား ဆိုးချင်းတိုင်းဆိုး ကဲချင်တိုင်းကဲလုပ်ချင်ရာကို
လျှောက်လုပ်နေတော့တာဘဲ။အလုပ်ဆိုလည်းအမတွေက အသက်၁၁နှစ်လောက်ဆိုထမင်းကောင်းကောင်း ချက်တက်နေဘီ
အငယ်တွေက အခုထိမချက်တတ်သေးဘူးဗျ။အမတွေက ထမင်းတွေဟင်းတွေချက်နေတဲ့ အချိန်အငယ်တွေကဂေါ်လီရိုက်ကောင်း
နေတုန်း။အဲဒီထဲမှာကျနော်က အဆိုးစုံးဆုံးဗျ။မောင်တွေ၊အကိုတွေ၊ဦးလေးတွေကြားမှာကြီးလာတာဆိုတော့ သိတယ်မလားမရမက
ပိုက်ဆံတောင်း၊အားနေရင်ဂေါ်လီရိုက်ဖို့လောက်ဘဲစဉ်းစားနေတဲ့ကောင်ဗျ။ဆိုးတာမှတော့တော့ကိုဆိုးတာ။အကိုဆိုတာဘယ်လောက်
တောင် ဆိုးလဲဆိုတော့အဲဒီတုံးက သူက ၄နှစ်ဘဲရှိသေးတာ။ကျနော်တို့က အဘိုးကိုနာနားလို့ခေါ်တာ။အဲဒီ.. နေ့ကဘာစိတ်ကူးပေါက်
လဲ မသိပါဘူး။ဘိုးအေကို "ဟေ့ရောင်...နာနား" ခေါ်ပြီးထွက်ပြေးသွားတယ်။အဲလောက်ထိကို ဆိုးတာ..။အဲအဆိုးစုံးကတော့ ကျနော်
ပေါ့ဗျာ။ကျနော်တို့အိမ်က ရေထည့်တယ်ဗျ။ရေစက်လည်း ရှိတယ်။ကျနော်က မိသားစုထဲမှာတာဝန်တစ်ခုလုပ်ရတယ်။အဲဒါ ရေဖိုး
ကောက်ရတဲ့တာဝန်ဘဲ။ရေဖိုးကောက်ရတာလောက် စိတ်ညစ်တာ မရှိဘူးဗျာ။ရေဖိုးတောင်းမလို့ အိပ်ရှေ့ကိုရပ်လိုက်တိုင်း၊ရန်ဖြစ်
ပြတဲ့သူနဲ့၊အိမ်နောက်ဖေးကထွက်ပြေးသွားတဲ့သူနဲ့၊မီးပိတ်ပြီးအိပ်ချင်ယောင်ဆောင်တဲ့သူနဲ့၊စုံနေတာဘဲဗျာ။အဲဒီနေ့..လူကကစား
နေရင်းရေဖိုးကောက်ခိုင်းတော့ စိတ်က တိုနေတာပေါ့ဗျာ။အဲ့ဒီနေ့ အဲဒီအိမ်က မိန်းကလည်းအမြဲတမ်းပုန်းနေကျလေ။ကျနော်ကလည်း
စိတ်တိုတိုနဲ့"ဟေ့အဒေါ်ကြီး..ရေဖိုးပေးမလားမပေးဘူးလားမပေးရင်ရဲစခန်း သွားတိုင်မှာနော်"လို့ပြောပြီးတစ်ချိုးထဲထွက်ပြေးတာ
အဲဒီတော့မှထွက်လာပြီး အိမ်ကိုလာတိုင်တာ။ကျနော်ကလည်း အဲဒီတုန်းက၆နှစ်လောက်ဘဲရှိသေးတာ။လူလေးက လက်တောင့်
တောင့်လေးနဲ့လူကြီးကိုပြောရမလားဆိုပြီး တစ်မိသားစုလုံးကျနော်တို့မောင်နှမတွေကိုပြောလို့ကိုမဆုံးတော့ဘူးဗျ။အဲလောက်ထိ
မိသားစု ထဲမှာအော်ကြောလန်တာဗျ....။ ။

Saturday, October 20, 2007


ဒီတစ်ပတ်မေက မုန့်နှစ်မျိုးလုပ်ကျွေးတာဗျ။ငှက်ပျောသီးမုန့်က ကျနော်အကြိုက်
ဆုံးမုန့်ဗျ။ဘယ်ရမလဲမေကို နပူနဆာလုပ်ပြီးကျနော့အတွက်တစ်ပန်းထိုးခိုင်းတာ။
သြော်...ဒါနဲ့ကျနော့မေအကြောင်းကြွားရဦးမယ်။မေက အချက်အပြုတ်ကောင်းတဲ့
သူတစ်ယောက်ဗျ..။ကျနော် ဒီဂျပန်မှာသာနေရတယ်။အိမ်မှာ ဟင်းဆိုမြန်မာဟင်းက ပြတ်တာမဟုတ်ဘူးဗျ။ကံကောင်းတယ် ဆိုပါတော့ဗျာ။ဒီမှာမေကရင်းနှီးတဲ့သူတွေကို အပတ်တိုင်းမုန့်အော်ဒါထိုးပေးနေကြဗျ။အားလုံးဘဲအမေ့လက်ရာမြည်းစေချင်ပါ
တယ်။ကြိုက်မယ်လို့လည်း ထင်ပါတယ်....

အားလုံးဘဲဗျာ ကျနော်တင်တာနောက်ကျသွားတဲ့အတွက်ခွင့်လွှတ်ပေး
ကြပါဗျာ။ကျနော်တို့ အိမ်ကစနေ၊တနင်္ဂနွေပိတ်ပြီဆိုတာနဲ့မုန့်တစ်ခုမဟုတ်
တစ်ခုလုပ်စားကြတာဗျ။ဒီတစ်ပါတ်ဘာစားရင်ကောင်းမလဲဆို ဖေက
ဆမူစာမစားရတာကြာပြီဆိုတာနဲ့အိမ်မှာဒီတစ်ပတ်လုပ်စားလိုက်ကြတာဗျ။
ကျနော်က သူငယ်ချင်းကောင်းဆိုတော့သိတယ်မလား။ကိုယ်စားတာ မျိုမကျ
တာနဲ့သူငယ်ချင်းတွေ တွက်တင်ပေးလိုက်တာပါ။အားလုံးဘဲအားရ ပါးရ
စားကြနော်...........

သူကတော့ maki ရဲ့ကားထဲမှာအတူသရုပ်ဆောင်ခဲ့တဲ့
koguri shun ရဲ့ပုံပါ။သူကကျနော့ရဲ့အကြိုက်ဆုံးမင်းသား
တစ်ယောက်ဖြစ်ပါတယ်။ကောင်မလေးများ ကြိုက်မယ်လို့
ထင်ပါတယ်.....

ဒီပုံလေးကတော့ ဂျပန် hight school ကျောင်းသားရဲ့ပုံပါ။
သူကကျနော်အရမ်းကြိုက်တဲ့မင်းသမီးလေးပါ။သူ့နံမည်က
horikita maki ပါ။ဒီဇာတ်လမ်းထဲမှာသူက ယောကျာင်္းလေး
တစ်ယောက်ရဲ့ပုံသရုပ်ဆောင်ရပါတယ်။ဇတ်ကားလေးရဲ့နံမည်
ကတော့ hanazakarinokimitachihe ဖြစ်ပါတယ်။အားလုံးဘဲ
ကြိုက်မယ်ထင်လို့တင်ပေးလိုက်တာပါ......

Friday, October 19, 2007

Wednesday, October 17, 2007

ဘယ်လိုမှန်းမသိတဲ့ကဗျာလေးများ.....

စကြာဝဋ္ဌာသို့လမ်းလျှောက်ထွက်ခြင်း...

ဓါတ်ကြိုးပေါ်က ကြီးကန်းငှက်။
ကောင်းကင်ပေါ် ပက်လက်၊
ဝတ်လစ်စလစ် မိုးကောင်းကင်
အရောင်းပြောင်းဖို့ပြင်၊
တိမ်ကာထာတွေ ဆူဝေးဖုံး
သက်တမ့်ကိုတုံးလုံး၊
ပြုံးပြုံးနေတဲ့ လမင်းရယ်
သွယ်ဝန်းခရံကြယ်....။
အရှေ့မှအနောက်သို့ ယွန်းလို့သွား
ဟေ့လားမောင်တို့ဝါး။
* * * * * *
ငါ့ရဲ့နောက်ဆုံးညစာစားပွဲ........

တစ်ဆေတွေပျော်တဲ့ည
အရိအရွှဲတွေပြည့်နှက်နေတဲ့ ခန်ဓါကိုယ်တွေယိမ်းက....
အနာကျတဲ့ မြေကြွက်ကြီင်္းတွေမြူးပျော်ကြ၊
မြေဖုတ်ဘီလူးကို တမ်းတကြ။
တွန်းတိုက်ကြ ယိမ်းထိုးကြ။
နောက်ဆုံး ငါလည်းသေ။
ဒီကဗျာလေးတွေကို ဆရာအကြည်တော်ရဲ့သံသရာအကွေ့တစ်ရာ
ဆိုတဲ့စာအုပ်ထဲကဖတ်ရတာပါ။
ငိုနေမယ်....
ကောင်းကင်ကြီးက ငိုနေတယ်။
ငါလည်း မျက်ရည်ကျနေတယ်။
မျက်ရည်စက်တွေတာပုလဲလုံးတွေဖြစ်မယ်ဆိုရင်
ငါဟာ ကမာကောင်လေးတစ်ကောင်ပါ။
ဒါပေမယ့်လောကြီးမှာငါကြောင့်လှပတဲ့
ပုလဲပုတီးလေတွေ ထွက်လာခဲ့ပါတယ်။
ငါ့မျက်ရေတွေကြောင့်ပင်လယ်ကြီးတစ်ခုလုံး
ငံကုန်တာငါဝန်ခံပါတယ်။
ဒါပေမယ့် ငါ့ကြောင့်လူတွေအကုန်လုံး
ပျော်ရွှင်ခဲ့ရတယ်။
သူတို့ပျော်ရွှင်ဖို့အတွက် ငါငိုကြွေးခဲ့ရတယ်။
ဒါပေမယ့် ငါဝမ်းမနည်းပါဘူး
ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ
ငါအသက်ရှင်လာတာ ငိုကြွေးဖို့ပါ..............

Sunday, October 14, 2007


သူငယ်ချင်းများအတွက်
ဒီတစ်ခါတော့လာလည်တဲ့သူငယ်ချင်းတွေအတွက်ကျနော်အရမ်း
ကြိုက်တဲ့ရေခဲမုန့်နဲ့ဧည့်ခံပါတယ်။ကျနော်ကငယ်ငယ်လေးထဲက
ice-creamဆိုအရမ်းကြိုက်တာဗျ။အိပ်မှာဆိုရင်ချောကလက်တို့
ဂျယ်လီတို့ရေခဲချောင်းတို့ကပျက်တာမဟုတ်ဘူး။ကျနော့လောက်
သွားနှုတ်ရတာလည်းကျနော်ဘဲ။တစ်ခါနှုတ်ရင်သုံးလေးချောင်းက
အနည်းဆုံး။ကြီးလာတော့သူများတွေသွားပေါက်တဲ့အရွယ်ကျတော့
မပေါက်တော့အမေကစိတ်ပူလိုက်ရတာမှမပြောနဲ့။အခုတော့သွား
တွေပေါက်နေပါပြီတော်သေးတာပေါ့နော်..ဟီး။သြော်ဒါနဲ့စကား
စပ်မိလို့ပြောရဦးမယ်ကျနော်ငယ်ငယ်ကအရမ်းကြိုက်တဲ့အစား
အသောက်တစ်ခုရှိတယ်ဗျ။ကျနော်ကအဲဒီအစားအသောက်ကို
နေ့တိုင်းစားတယ်။အဲဒါဘာလည်းသိလားအားလုံးဘဲသိမှာပါသဲ
ဗျ။အမေလစ်ပြီဆိုတာနဲ့သဲကိုစားတော့တာဘဲ။မှတ်မိပါတယ်အဲ
နေ့ပထမအမေလည်းမသိဘူးအဲနေ့ကျမှဘာလို့လည်းမသိဘူး
ဗိုက်ကအရမ်းအောင့်လာတယ်။နောက်တော့ဆေးခန်းသွားပြမှ
အမေကသိတာဟီး..........။အဲနေ့ကစပြီးမေကသဲပုံဆိုရင်အိမ်
ရှေ့မချရဲတော့ဘူး။အဆိုးဆုံးကတော့အိမ်ဆောက်တာကအစ
သူများအိမ်ရှေ့မှာသဲသွားခြရတဲ့အဖြစ်။အဲလောက်ထိသဲကိုကြိုက်
တာဗျ..........ဟီဟီး^^

Saturday, October 13, 2007


ကတိပေးထားသောသူငယ်ချင်းများကိုမုန့်နဲ့ဧည့်ခံ
ပါသည်.....
မှတ်ချက်။မုန့်ကဗိုက်စာလို့တစ်ခြမ်းကိုက်စားမိတဲ့အ
တွက်ခွင့်လွှတ်ကြပါရန်.....

Thursday, October 11, 2007

Wednesday, October 10, 2007




ကျွန်တော်ကပန်းလေးတွေကိုချစ်တယ်။လောကကြီးမှာပန်းလေးတွေ
ပြည့်နှက်နေစေချင်တယ်။ပန်းလေးတွေကလူတွေကိုစိတ်ညစ်သွား
အောင်ဘယ်တော်မှမလုပ်တတ်ဘူး။တစ်ခါတစ်လေကျတော့သူတို့
ဘ၀လေးတွေကသနားဖို့ကောင်းတယ်လို့ထင်တယ်။ဘယ်လောက်
ဘဲသစ်စာရှိရှိမွှေးပျံ့နေပါ့စေတစ်ချိန်ကျလူတစ်ကာရဲ့ခြေထောက်
အောက်ဘဲရောက်သွားကြရတာ။ပန်းလေးတွေမှာလည်းငိုတတ်
တယ်မျက်ရည်ကျတတ်တယ်အသည်းနှလုံးရှိတယ်ဆိုတာဘယ်သူ
မှသိမှာမဟုတ်ပါဘူး။လူတွေကကိုယ့်အပေါ်အမြဲကောင်းကျိုးပေး
တတ်တဲ့ပန်းလေးတွေကိုဘာလို့နင်းခြေခြင်ရတာလဲဟင်....
ပန်းချစ်သူ.......

Tuesday, October 9, 2007

အဖေ့အလွဲများ
သူငယ်ချင်းတွေအားလုံးကိုခင်တတ်ပါတယ်။ကျွန်တော်နေတဲ့နေရာကတော့အား
လုံးလည်းသိကြမှာပါသာကေတဖြစ်ပါတယ်။ကျွန်တော့အဖေနဲ့အမေကတော့ရပ်
ကွက်ထဲမှာမသိတဲ့သူမရှိဘူးဗျ။အမေကအစရုပ်ရှင်ရိုက်ဖူးတယ်ဗျ။အဖေနဲ့အမေ
တွေ့တော့ရုပ်ရှင်သင်တန်းမှာစတွေ့တာဗျ။အဖေကအရမ်းကိုလွဲတဲ့လူဗျ။အမေကို
မရခင်ပိုးတုန်းကဆိုရင်ကျွန်တော်တို့အိမ်ဘေးနားမှာဝက်ချေးပုံရှိတယ်ဗျပဲများရင်း
များရင်းနဲ့အဲဒီထဲကိုချော်ကြသွားတာဗျ။ရပ်ကွက်ထဲကလူတွေက၀ိုင်ပြီးဆင်းဆယ်
ရတာပေါ့ဗျာ။ပြန်တက်လာတောဝက်ချေးတွေနဲ့အဲဒီမှာအမေကသနားပြီးကြိုက်သွား
တာဗျ။အဖေရဲ့လွဲပုံကတော့မပြောလိုက်ချင်တော့ဘူးဗျာ။အမေ့ကိုရသွားတော့လည်း
ဆက်ပြီးလွဲတာဘဲဗျ။အမေ့ကိုရတောအဖေကပြောင်းပြန်အမေ့အိမ်မှာလိုက်နေတာဗျ
တစ်နေ့အမေကိုလူတွေက၀ိုင်းပြောကြတယ်နင်ယောကျာင်္းရူးနေလားမသိဘူးပေါ့။အမေ
ကဘာလို့လည်းလို့မေးကြည့်တော့တွေသမျှလူတွေအကုန်လုံးလိုက်ရယ်ပြနေတယ်တဲ့။
အမေကရှင်ရူးနေလားတွေ့သမျှလူတွေကိုဘာလို့လိုက်ရယ်ပြနေတာလည်းလို့မေးတော့
အဖေကသာကေမှာလူမိုက်များလို့ကြောက်လို့လိုက်ရယ်ပြနေတာတဲ့မှတ်ကရော။အဖေ
ကမေွးကတည်းကတစ်ကယ့်လူကြီးလူကောင်းအသိုင်းအ၀ိုင်းထဲမှာထဲမှာဘဲနေရတာဆို
တော့ရပ်ကွက်ထဲကအလေ့အထတွေကိုဘယ်သိပါ့မလဲနော်။တစ်နေ့အဲဒီတုန်းကညဘက်
ပေါ့ဗျာမိသားစုတွေအကုန်လုံးထမင်းစုစားနေကြတာဗျကျွန်တော်တို့နဲ့လေးအိမ်ကျော်ငါး
အိမ်ကရန်ဖြစ်တာဗျရန်ကလည်းအကြီးအကျယ်ကိုဖြစ်တာဗျ။ကျွန်အဖေကလည်းတစ်ခါမှ
အဲလိုဖြစ်တာမတွေဖူးဘူးကြည့်ကလည်းကြည့်ချင်ထမင်းကလည်းစားရင်းတန်လန်းကြီးဖြစ်
နေတော့ဘာမပြောညာမပြောထပြီးအိမ်ပေါ်ကနေပန်းကန်ကြီးကိုင်ဆင်းပြေးသွားတာဗျာ..။
လူတွေရန်ဖြစ်တာကိုမကြည့်ဘူးကျွန်တော်အဖေကိုဝိုင်းကြည့်ကြတာဗျာကျွန်တော်အမေ
ဆိုတာမနည်းဆွဲခေါ်ရတယ်ဗျာ။တစ်ကယ်ဗျာကျွန်တော်အဖေကအဲဒီလောက်အငေးလည်း
သန်အလွဲလည်းသန်ဗျ။
မှတ်ချက်။ ။အချိန်မလောက်သောကြောင့်နည်းနည်းဘဲရေးနိုင်သည့်အတွက်ခွင့်လွှတ်ပါရန်။

Friday, October 5, 2007

အရောင်မဲ့သော အချစ်


တစ်ကိုင်းထဲလည်း မနားခဲ့ကြရပါဘူး။ လူသားတွေအနီးမှာ ကြီပြင်းခဲ့ကြရတာပါ။ ဒါပေမယ့် သူတို့ အရမ်းချစ်ကြတယ်။ ရောင်စဉ် အသွေးတွေ မခွဲခြားဘူး။ ကျေးသားလေး နှစ်ကောင်ရဲ့ ချစ်တတ်ကြပုံပါ ။

ချစ်တတ်လိုက်ကြတာနော် ...

လူသားတွေသာ ဒီလို ရောင်စဉ်တွေမခွဲဘဲ ချစ်တတ်ကြမယ်ဆို ...

သစ္စာရှိတဲ့ အဖေါ်မွန်


အမည်နာမ သတ်မှတ်ချက်နဲ့ ခွေးလို့ ခေါ်ကြပါတယ် ။ တခါတရံ လူတချို့ ခွေးထက်မိုက်တဲ့သူလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ခွေးဆိုတာ သခင့်အပေါ်မှာ သစ္စာရှိကြပါတယ်။ တခါတရံ လူတွေထက်ပိုတဲ့ ပေးဆပ်မှုတွေနဲ့ ကျေးဇူးဆပ်တတ်ကြပါတယ်။ ဒါကြောင့်လည်း ခွေးက ကျမ အချစ်ဆုံး တိရိစ္ဆာန် ဖြစ်နေတာပါ ။


i love dogs