Tuesday, January 22, 2008

ဖြစ်တတ်ပါတယ်....

မိုးသည်တဖြိုက်ဖြိုက်နှင့်ရွာနေသည်။မနက်စောစောမိုးရွာနေသည်မို့ ဘတ်စ်ကားဂိတ်တွင်လူများပြည့်ကျပ်နေသည်။
"ဟင်း......မိုးရွာရတဲ့ထဲဘတ်စ်ကားကလည်းမလာနိုင်ဘူး"
မော်တစ်ယောက်ရေရွတ်လိုက်သည်။ခဏ အကြာတွင်ဘတ်စ်ကားတစ်စီးစိုက်လာသည်။လူကလည်းကျပ်သည်မို့မော်တိုး၍အတက်
"အား........"
အနောက်ကိုကြည့်လိုက်တော့ ရုပ်ကခပ်ချောချောမှာမှ ပြောင်စပ်စပ်ရုပ်ပေါက်နေသည်။အသက်ကတော့ သူ့နှင်တူတူလောက်ဘဲရှိလိမ့်မည်။
သူ့လိုဘဲအဖြူနှင့်အစိမ်းကိုဝတ်ထားသည်။
"ဟေ့လူ ဘယ်လိုဖြစ်လို့များသူများခြေထောက်ကို တက်နင်းထားတာလည်း"
မော်စိတ်ဆိုးဆိုးနှင့်အော်လိုက်သည်။
"ဟာ......ကျွန်တော်တောင်းပန်ပါတယ်ဗျာ" ပြောနေရင်းမှာပင်
"ဟေ့....လိုက်မှာလားမလိုက်ဘူးလား"
အနောက်ကစပါယ်ယာအော်လိုက်သံကြောင့် နှစ်ယောက်သားလန့်သွားသည်။မော်ခြေထောက် ကလည်းနာနေသည်မို့"မတတ်နိုင်ဘူး"ဟုစိတ်ထဲတွင်
ရေရွတ်လိုက်သည်။
"မလိုက်တောဘူး" ဘေးနားကကိုယ်တော်ချောက မျက်စိပျက်မျက်နှာပျက်ဖြင့်
"ဟာ... ကျွန်တော့ကြောင့်ဖြစ်ရတဲ့အတွက်တောင်းပန်ပါတယ်ဗျာ"
မော် တော်တော်တော့တင်းနေသည်။ဒါပေမယ့် စိတ်ကိုလျှော့၍
"ရပါတယ်။မတော်တဆ ဖြစ်တာဘဲ"
ပြောသာပြောရသည်။မော်လုံးဝမကျေနပ်တာတော့ အမှန်ပင်။မော် အကြံထုတ်နေသည်။ဟုတ်ပြီ မော်စိတ်ထဲတွင်ရေရွတ်လိုက်သည်။
"ဟေ့လူ ဘာကြောင်ကြည့်နေတာလည်း။လူကို တွဲဦးလေဗျာ"
"ဟာ...ဟုတ်ကဲ့။ကျောင်းလည်း မမှီတော့ဘူးဆိုတော့ ဘယ်ကိုသွားမလို့လည်း" မော်ခပ်တည်တည်ပြုံး၍
"ဖိနပ်ဆိုင်" ရုတ်တရက်မို့ကြောင်သွားသည်။မော်က
"ခင်ဗျား ကြောင့်ကျနော့ဖိနပ်ပြတ်သွားရတာ ၀ယ်ပေးရမယ်လေဗျာ"
"သြော်....ဟုတ်ကဲ့"
မော်ပျော်သွားသည်။စိတ်ထဲတွင် ငါ့အကြံအောင်ပြီဟုရေရွတ်လိုက်သည်။သူ့ကိုမော်လှမ်းကြည့်လိုက်တော့ အိပ်ကပ်ထဲကပိုက်ဆံထုတ်၍ရေတွက်နေသည်။
**********************************************************************************

မိုးတိတ်၍နေထွက်စပြုနေသည်။နေထွက်ခါစမို့ ပတ်ဝန်းကျင်သည်သာယာနေသည်။ရာသီဥတုနှင့် အတူမော်၏မျက်နှာသည် ပြုံးရွှင်နေ၏မော်ကလမ်းလျှောက်ရင်း
"ဟေ့လူ...ဖိနပ်ဝယ်ပေးတဲ့အတွက်ကျေးဇူးဘဲနော်။ဒါနဲ့ နေပါဦးခင်ဗျားနံမည်က"
"သြော်.....ကျနော့နံမည်ကကောင်းကင်မျိုးပါ။မင်းနံမည်ကရော"
"ဟယ်နံမည်က အစမ်းပါလား။အဲနံမည် ရှားတယ်နော့။ကျနော့နံမည်က မော်ပါ တွေရတာဝမ်းသာပါတယ်"
မော်လက်ကိုထုတ်ပေးလိုက်သည်။ ကောင်းကင်မျိုး ပြုံး၍မော်လက်ကို ကိုင်လိုက်သည်။မော်က
"ဒါဆိုခင်ဗျားနဲ့ ကျနော်သူငယ်ချင်းဖြစ်ပြီပေါ့နော်" ကောင်းကင်မျိုးပြုံး၍
"ဒါပေါ့"
မော်နှင့်ကောင်းကင်မျိုးတစ်ယောက်ကိုတစ်ယောက်ကြည့်၍အားရပါးရရယ်လိုက်ကြသည်။
***********************************************************************************

ကောင်းကင်ပေါ်တွင်နေလုံးကြီးကပြုံး၍ကြည့်နေ၏။မနက်ခင်း၏အလှကိုငှက်ကလေး များက တေးဆိုနေသည်။ ထိုမနက်ခင်းတွင်မော်လမ်းလျှောက်ရသည်မှာ
စိတ်ထဲတွင်ကြည်လင်နေသည်။ ကားဂိတ်တွင်မော် ကောင်းကင်မျိုးကိုလိုက်ရှာနေမိသည်။
"သူဘယ်မှာလည်းမသိဘူးနော်"
မော်မတွေ့သည့်အဆုံး ကားပေါ်သို့တက်သွားသည်။ ဒါပေမယ့် ကောင်ကင်မျိုး၏ အကြောင်းကိုစဉ်းစားနေမိသည်။

ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲသွားသည်။
"ငါ့ကိုများ မေ့သွားပြီလားမသိဘူး"
မော်ပါးစပ်ကတိုးတိုးလေးရေရွတ်လိုက်သည်။

*********************************************************************************
မော်၏ ခြေလှမ်းများသည်တကင်ကြွမှုမရှိ အခန်းထဲသို့တစ်လှမ်းခြင်းလျှောက်သွား၏။ အခန်းဝသို့ရောက်သည်နှင့် တံခါးဖွင့်မည်အလုပ်။ တံခါးဖွင့်၍ပြေးထွက်လာ
သောလူတစ်ယောက်။
"အင့်"
"အား"
ရုတ်တရက်မို့ မော်ရှောင်မချိန်မရ။ မျက်လုံးထဲ ပြာသွားသည်။ခေါင်းထဲတွင်မူးနောက်သွားသည်..။
"ဟင် ကောင်ကင်မျိုး"
ဟုတ်ပါသည် ကောင်ကင်မျိုးအစစ်။ ကိုယ့်ခေါင်းကိုကိုယ် ပွတ်နေသည့်ကောင်းကင်မျိုး
"ဟာ....မော်မလား"
နှစ်ယောက်သားတစ်ယောက် မျက်နှာတစ်ယောက် အံသြ၍ကြည့်နေကြသည်။
"ဟေ့ကောင် ဘယ်ပြေးမလဲမိပြီ"
အနောက်က အော်လိုက်သော လူအုပ်စုကြောင့်နှစ်ယောက်သားလန့်သွားသွားသည်။
"မော် ဆောရီးနော်နာသေးလားဟင်"
နှစ်ယောက်သားတော်တော်နာသွားသည်ကအမှန်ပင်။ ကိုယ့်နှဖူးကိုယ်ပြန်စမ်းကြည့်တော့ ဖုကြီးထွက်နေသည်။
"ဟင်....ဘုထွက်သွားပြီ"
"ဟယ်.. ဟုတ်ပါ့"
*********************************************************************************

အရိပ်ရသစ်ပင်ကြီးတစ်ခုတွင် ထိုင်နေသည်။မော်တစ်ယောက် စိတ်တော်တော်လေးကိုညစ်နေသည်။ သူနဲ့စတွေထဲကကို ကံကဆိုးနေတာ။ ခုလည်းကြည့်လေခေါင်း
မှာ အလကားနေရင်းဘုတစ်လုံးရသွားသည်။
"အားးးးးးးးးး ဟေ့လူ။ ဖြည်းဖြည်းလုပ်ပါ။နာလိုက်တာ။ကိုယ့်အသားမဟုတ်တိုင်း"
"အိုးး...ဆောရီးဘဲဗျာ။စိတ်ပါသွားလို့ ဥုံဖွ"
မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ စိတ်ထဲတွင် အကြံတစ်ခုရသွားသည်။
"ဟေ့လူ....ပြီးရင်ငါ့ကိုမုန့်လိုက်ဝယ်ကျွေးရမယ်" ရုတ်တရက်မို့
"ဗျာ...." မော်ခပ်တည်တည်ဖြင့်
" မဗျာနဲ့ ၀ယ်ကျွေးဆိုဝယ်ကျွေးဒါဘဲ "
ကောင်းကင်မျိုးကိုကြည့်လိုက်တော့ ကြပ်ထုပ်ကိုင်ပြီး ခေါင်းငိုက်စိုက်နှင့်စိတ်ညစ်နေသည့်ပုံ။

(ဆက်ရန်)

OkIsU

5 comments:

မျှားပြာ said...

ဇာတ်လမ်းလေးကိုက စကတည်းက ယဉ်သလိုပါလား ...
ကောင်းတယ် တူမကြီးရေ ... ။

Su said...

ကျေးဂျူးဘဲလေးလေး

~J-Quen ~ said...

ဒုတိယပိုင်းစောင့်မျှော်ပါတယ်

Mintasay said...

ငါ့ညီမက တော်တော်အရေးအသားကောင်းပါလား.....ဒုတိယပိုင်းမြန်မြန်ရေး.....ဒါပဲ

Kaung Kin Ko said...

ဒုတိယပိုင်းစောင့်မျှော်နေတယ် ညီမရေ။ အဟတ်ဟတ် ဇာတ်လိုက်က အစ်ကို့ နာမည်နဲ့ ခပ်ဆင်ဆင်။ :D