Wednesday, January 2, 2008

သူငယ်ချင်းတစ်ယောက်ဆီသို့
အတ္တတွေ ခေါင်ခိုက်နေတဲ့မြို့
တစ်ချိန်က ငါ့တို့တူတူ
လမ်းလျှောက်ဖူးခဲ့တယ်။
ပန်းခင်းထားတဲ့ လမ်းထဲမှာ
အဖြူရောင် ဖိနပ်တွေနဲ့
နင်းဖြတ်ဖူးခဲ့တယ်။
အဖြူရောင်တိမ်တိုက်
တွေကိုလည်း တစ်ချိန်က
ငေးကြည့်ရင်း သီချင်းတွေ
အော်ဆိုခဲ့ဘူးတယ်။
fighter ဂိမ်းတွေကိုလည်း
ထမင်းမေ့ဟင်းမေ့
ပြိုင်နှိပ်ဖူးခဲ့တယ်။
ကောင်မလေးတွေ
ရှေ့ကျရင်လည်း
ဂိုက်ပေးကြမ်းရတာ အမော။
တကယ် လို့များငါတို့တွေ
ပြန်တွေ့ ခဲ့ရင်
မှတ်မိပါဦးမလား။
ပျော်ရွှင်စရာ
new yearနဲ့အတူ
ခင်မက်လျှက်.......
(သယ်ရင်း ထိန်လင်းအောင် <ခတ္တသာကေတ> သို့)

1 comment:

Mintasay said...

nya lay toe tet ler b