Tuesday, January 8, 2008

မော်ဒန်အလွန်
ရော့...
ယူလိုက်စမ်းပါ ဟောဒီ
ပဉ္စလက် ရင်ဘတ်
ဖွင့်ထားတယ်

နှလုံးသားတံခါးတွေ
ငါ့ရဲ့ ကာရံမဲ့နေတဲ့

ရင်ခွင်တစ်စုံနဲ့
ခဏတာနွေးထွေးမှု

ပေးနိုင်တယ်။

အမုန်းဆိုတာကြီးကို
ကြက်ခြေခတ်ထားလိုက်
အချစ်ဆိုတာကြီးကိုလည်း

ခဏခေါက်ထားလိုက်။
မကျေနပ်ရင်Delete ပါ လုပ်နိုင်တယ်။

ခံစားချက်ဆိုတာ ပင်အပ်တစ်ချောင်းပါ။
ဘ၀ဆိုတာ
ဆူနာမီရေလှိုင်း။
သစ္စာဆိုတာ ကောင်းကင်ကြီး။

အဲဒီလိုပေါ့ပျက်ပျက် တွေးလိုက်ပါ။
တစ်နေ့နေ့တော့ အရာအားလုံးကို
ခံစားတတ်လာမှာပေါ့.......။


ကြိုးစားနေပါဦးမည်......
Okisu

2 comments:

Chaos said...

ကဗျာလေး ကောင်းတယ်ဆုလေး

Kaung Kin Ko said...

အမယ် ကဗျာတွေဘာတွေရေးလို့ ။ ကဗျာကောင်းတယ်။
"သစ္စာဆိုတာ ကောင်းကင်ကြီး။" ဆိုတဲ့ စာသားကတော့အမှန်ဆုံးပဲ။ ဟီးဟီး