Saturday, December 29, 2007

တရားရခြင်း
မထင်မှတ်ဘဲဒီရက်ပိုင်းအတွင်း အဆဲခံလိုက်ရတယ်ဗျာ။စိတ်ထဲလည်းမချိမဆန့်ဖြစ်သွားတယ်။စိတ်တွေလည်း အရမ်း
ညစ်သွား တယ်။စိတ်လေတယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။Blog တောင်ရေးချင်စိတ်ကုန်သွားတယ်။တစ်ခါတစ်လေ ကျတော့
လူတစ်ချို့ ကခက်တယ်ဗျ။သူများစိတ်ဆင်းရဲ မှာစားလို့ကောင်းအိပ်လို့ကောင်းဖြစ်တဲ့ လူတွေကတော်တော်လေးကို
စိတ်ဓါတ်အောက်တန်းကျတယ်ဗျာ။ဘာဖြစ်လို့များသူများအကျိုးစီပွား ပျက်စီးသွားမှာကိုလိုလားနေကျလည်းဆိုတာ
ကျနော့အတွက် တော်တော်လေးကိုစဉ်းစားရခက်နေတယ်။ကျနော်တောင်ဒီရက်ပိုင်းအတွင်း တရားရသွားတယ်ဗျ။
စိတ်လေလေနဲ့ ဟိုနှိုက်ဒီနှိုက် နှိုက်ရင်း(ကပိုက်နှိုက်မဟုတ်) စာအုပ်လေးတစ်အုပ်ထွက်လာတယ်ဗျ။ စာအုပ်နံမည်က
"စင်ကြယ်သောစိတ်"အဲဒီစာအုပ်လေးဖတ်ပြီးတော ထွက်ခြင်စိတ်တောင်ပေါက်သွားတယ်။ဘယ်လိုဘဲ ဖြစ်ဖြစ်အဲစာအုပ်
လေးအတွက်ကြောင့်ကျနော်စိတ်ညစ်နေတာတွေဖြေဖျောက်နိုင်ခဲ့တယ်။နောက်ပြီးကျနော့အကို တွေဖြစ်တဲ့ကိုကြီးပီကေ
ကိုကြီးတစေ၊ကိုကြီးပြည့်စုံ၊ကိုကဝေ တို့ကကျနော့ကိုနှိမ့်သိမ့်ပေးခဲ့ တယ့်အတွက်ကျေးဇူးဘဲဗျာ။အဲဒီင်္စာအုပ်လေး မှာ
ကျနော်ဖတ်ခဲရတာတွေကို စိတ်ညစ်နေတဲ့လူတချို့ကို ပြန်ပြောပြချင်ပါတယ်။ဟောတော်မူမယ်...(တောထွက်တော့
မည့်လေသံဖြင့်) ;)

တိမ်များနောက်သို့လိုက်ခြင်း
တကယ်ချမ်းသာတာက ဘာလဲ။ကိုယ်လိုချင်တာမရရင် မပျော်ရွှင်ဘူးလို့ကျုပ်တို့တွေးလေ့ရှိကြတယ်။
လမ်းပေါင်းတစ်သန်းရှိတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းတံခါးပေါက်ကိုဘယ်လို ဖွင့်ရမှန်း မသိတာနဲ့ ကိုယ်လိုချင်တဲ့အရာဝတ္ထု
တွေ နောက်လိုက်နေကြရတာကိုး။တကယ်ချမ်းသာပျောရွှင်မှုနောက်လိုက် လေလေ မပျော်ရွှင် လေလေ။ကျုပ်မှာ ခင်ဗျားတို့
ကိုပြောပြဖို့ ပုံပြင်တစ်ပုဒ်ရှိတယ်။တောင်ထိပ် ပေါ်ကကျဆင်းလာတဲ့ စမ်းချောင်းတစ်ခုရဲ့ ပုံပြင်ပဲ။စမ်းကတော ငယ်ငယ်ရွယ်
ရွယ်၊ ချိုင့်ဝှမ်းနဲ့ လယ်တွေဆီရောက်တော့ အပြေးမမြန်နိုင်တော့ဘူး။ စမ်းကလေးဟာ"မြစ်"ဖြစ်လာတယ်။မြစ်က ငယ်ရွယ်နု
ပျိုတဲ့စမ်းချောင်း လိုတော့မြန်မြန်မပြေးနိုင်ဘူးပေါ့။
ဖြည်းဖြည်းချင်းနှေးနှေး စီရင်းမိုးကောင်းကင်ထဲကတိမ်တွေကိုသူမြင်တယ်။တိမ်တွေ အရောင်စုံ အသွေးစုံ ပုံသဏ္ဍာန်အစုံ နဲ့
အများကြီးပဲ။မကြာမီဘဲ တိမ်တွေနောက်ပြေးလိုက်ရင်း မြစ်စာသူ့အချိန်တွေကို ကုန်ဆုံးစေတော့တာပေါ့။ဒါပေမယ့်တိမ် တွေ
ကငြိမ်ငြိမ်နေတာ မဟုတ် ဟိုသွားလိုက်ဒီလာလိုက်မို့ သူ့မှာလည်း ဟိုသွားလိုက်ဒီလာလိုက်နဲ့ ပြေးနေရတော့တာပေါ့။ဘယ်
တိမ်ကမှသူနဲ့ အတူနေချင်တာ မဟုတ်ဘူးလို့ သိလိုက်ရတဲ့အခါ မြစ်က၀မ်းနည်းတာပေါ့။ငိုတာပေါ့။
တစ်နေ့တော့လေပြင်းတိုက်တာကြောင့် တိမ်တွေအားလုံးဟာ ပြေးပြီးမရှိတော့ဘူး။ကောင်းကင်ကြီးပဲ ကျက်သရေရှိရှိပြာလွင်
ပြီးကျန်ခဲ့တယ်။ဒါပေမယ့်တိမ်တွေမရှိတော့ဘူး မဟုတ်လား။ သူ့ဘ၀ဟာ ဆက်နေဖို့မကောင်းတော့ဘူးလို့ မြစ်ကတွေးတယ်
ပြာပြာလွင်လွင် နေတဲ့ကောင်းကင်ကြီးဟာ နှစ်သက်စရာပဲလို့ သူမှမသိတာကိုး။ကောင်ကင်ကြီးဟာ ဘာမှမရှိတော့ဘူး။ဗလာ
ဟင်းလင်းကြီးဖြစ်လို့ သူကမြင်တာကိုး။ သူ့ဘ၀ဟာ ဖြင့်အဓိပ္ပာယ်မရှိတော့ဘူးလို့ မြစ်ကတွေးတာပေါ့။
အဲဒီမှာစိတ်ဆင်းရဲ လွန်းလို့သတ်သေချင်သတဲ့။ဒါပေမယ့်မြစ်ဆိုတာ သူကိုယ်သူသတ်သေလို့ ဘယ်ရမှာတုန်း။တစ်စုံတစ်ရာရယ်
လို့ဖြစ်ရှိပြီးရင် ဘာမဟုတ်တဲ့ကောင်ဖြစ်လို့မရဘူး။မြစ်က တစ်ညလုံးငိုတာဘဲ။ မျက်ရည်တွေကလည်း ကမ်းစပ်ကိုရိုက်တာပေါ့။
အင်း.....မြစ်သူဆီမှာသူပြန်လာတာ ပထမဆုံးအကြိမ်ဘဲ။ အရင်ကတော့သူကိုယ်တိုင်က အဝေးပြေးနေရတာချည်း။ အတွင်းမှချမ်း
သာကိုမရှာဘဲ အပြင်မှာလိုက်ရှာနေသကိုး။ ပထမဆုံး သူ့ဆီသူ ပြန်ကိုယ့်မျက်ရည် သံတွေရဲ့ အသံနားထောင်ပြီးမှ သူတွေ့ရှိတယ်။
တကယ်တော့ သူဟာ တိမ်တွေနဲ့လုပ်ထားပါလား။
ထူးတော့ထူးဆန်းတယ်။တိမ်တွေနောက် ပြေးလိုက်ခဲ့ရတယ်။ တိမ်တွေမရှိရင် သူမချမ်းသာနိုင်ဘူးလို့တွေးခဲ့လို့။ သူကိုယ်တိုင်ကျ
တော့ တိမ်တွေနဲ့လုပ်ထားပါလား။သူရှာနေတာ တွေကသူ့ ဆီမှာရှိပြီးသား။
ပျော်ရွှင်မှုဆိုတာ အဲသလိုအရာဖြစ်နိုင်တယ်။"ပစ္စုန်ပ္ပန်၊သည်နေရာဆီ" ပြန်လာတတ်ရင် ပျော်ရွှင်စေတဲ့အရာတွေ ခင်ဗျားမှာရှိပြီးသား
လို့ခင်ဗျားသိမယ်။အဲဒီ အရာတွေနောက်တကောက်ကောက်လိုက်ဖို့ မလိုဘူး။
ရုတ်တရက် ဆိုသလို အေးချမ်းငြိမ်သက်တဲ့ မြစ်ပြင်ပေါ်မှာ ရောင်ပြန်ဟပ်နေတဲ့ တစ်စုံတစ်ရာကိုမြစ်က သတိထားမိတယ်။ပြာပြာလွင်
နေတဲ့ကောင်းကင်ပေါ့။ ဘယ်လောက်ငြိမ်းချမ်း ဘယ်လောက်တည်ကြည် ဘယ်လောက်လွတ်လပ်တဲ့ လှတဲ့ ပြာတဲ့ကောင်းကင်လဲ။
မြစ်မှာချမ်းသာပီတိနဲ့ပြည့်သွားတယ်။မြစ်အနေနဲ့ ဒီတစ်ခါပထမဆုံး အကြိမ် ကောင်းကင်ကိုမြင်နိုင်တာ။ အရမ်တုန်းက တိမ်တွေ
နောက်ကိုဘဲသူလိုက်ခဲ့တာ။လေးနက်တည်ကြည် ပြာလွင်တဲ့ အစဉ်သဖြင့်သူကိုယ်တိုင်ဖြစ်ချင်တဲ့ ကောင်းကင်ရဲ့တည်ရှိမှုကိုလုံးဝ
လျစ်လျူရှုခဲ့ မိပေသကိုး။ ချမ်းသာပျော်ရွှင်ချင်းဆိုတာ တည်ကြည်ခိုင်မြဲ မှုနဲ့လွတ်လပ်မှုနဲ့ အကျယ်အ၀န်းရှိမှု နဲ့ပြုလုပ်ထားတာ
သူမှ မသိဘဲကိုး။မြစ်ရဲ့ မျက်ရည်တွေခံစားမှုတွေဟာ ပျော်ရွှင်ခြင်း နဲ့ငြိမ်းချမ်းခြင်းသိုပြောင်းလဲသွားတယ်။
နောက်တစ်နေ့ မနက်လေနဲ့အတူတိမ်တွေပြန်ရောက်လာတယ်။ယခုတော့မြစ်ဟာတိမ်တွေကို တွယ်တာတဲ့စိတ်နဲ့မကြည့်ဘဲနေ
နိုင်ပြီ။သူက ဥပေက္ခာပြုနိုင်ပြီ။တိမ်တစ်ခု လာတိုင်း လာတိုင်းမင်္ဂလာဘဲဟေ့လို့ နှုတ်ဆက်တယ်။တိမ်တွေထွက်သွားတိုင်းလည်း
လုံး၀၀မ်းမနည်းဘဲနဲ့ နောက်တော့တွေ့ကြတာပေါ့ကွာလို့ ပြောတယ်။သူလွပ်လပ်ရေးဟာ သူ့ပျော်ရွှင်ခြမ်းမြေ့ခြင်းရဲ့ အဓိကအ
ခြေခံဘဲလို့ ယခု သူသိပြီကိုး။"ရပ်နေ"ဖို့ သူသင်ခဲ့ပြီ။ ပြေးမနေဖို့ သူသင်ခဲ့ပြီ။
တစ်ညတော့အံသြံစရာ သူကြုံရတယ်။ လ၀န်းကြီး ပြည့်ပြည့် ၀၀မြစ်ပြင်မှာပေါ်မှာ ပေါ်လာတာ....သူအလွန်ဝမ်းသာတာပေါ့။လနဲ့
ဒီတစ်ခါတော့ရောက်ဖို့ပေါက်ဖို့ အသော့မနှင့် ခဏတိုင်း ခဏတိုင်းကို ပျော်ရွှင်ကြည်နူးလျှက် တငြိမ့်ငြိမ့်စီးတယ်။
ကျုပ်တို့အားလုံး ဟာမြစ်တွေဗျ။
သစ်ခ်နတ်ဟန်
မောင်ထင် မြန်မာဘာသာပြန်သည်။

Image Hosted by ImageShack.us

3 comments:

Mintasay said...

sate nyit net nor

Unknown said...

ညီဆုရေ...
လူတွေရဲ့ စိတ်ရဲ့ဆန္ဒကတော့ ရင်နာစရာဆိုမတွေးချင်ပါဘူး...
ဒါပေမယ့်...လောကနိယာမကိုက ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ကြတာပဲမဟုတ်လား... အချိန်တန်တော့လည်း နားလည်သွားကြတာပါပဲ။

အရာအားလုံးကို မသိမ်းပိုက်သူသာအောင်နိုင်၏တဲ့....
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ....

Gu Gu said...

ကောင်းတယ်ဗျာ... အလုပ်တွေ ရှုပ်ပြီး စာတွေ မဖတ်ရတာ အတော်ကြာပြီ... အခုလို စာကောင်းလေးတွေ အတွက် ကျေးဇူးပါ ညီ...