Wednesday, October 31, 2007

ချစ်သူသို့.....

ချစ်သူ.....

ငါ၏မျက်လုံး နှစ်စုံကန်းသွားခဲ့လျှင်

ငါ၏ခြေထောက် သုံးမရတော့လျှင်

ငါ၏အသံ ဆွံ့အသွားခဲ့လျှင်

ငါ၏ မျက်နှာရုပ်ပျက်သွားလျှင်

အသင်ကျွန်ုပ်အား ဆက်ချစ်နိုင်မည်လား???

သယ်ရင်းတွေအားလုံးကိုဝန်ခံပါတယ်ဗျာ။ကျနော်က အချစ်အကြောင်းရေးသာရေးရတယ်။သိတာဟုတ်ဘူးဗျ။
ခုမှကလေးဘဲရှိသေးတာ။ အချစ်အကြောင်း ရေးရာတွင်အမှားပါခဲ့ရင်ခွင့် လွတ်ပါနော်...။

2 comments:

စိုးဇေယျထွန်း said...

တကယ်တော့ အချစ်ဆိုတာ
လှလို့ချစ်တာဆိုရင် အလှပတွေ ပျက်စီးသွားတဲ့ တစ်နေ့မှာ ပစ်သွားလိမ့်မယ်

ပိုက်ဆံရှိလို့ ချစ်တာဆိုရင် ငွေကြေးတွေ မရှိတော့တဲ့ အခါမှာ ပစ်သွားလိမ့်မယ်

ပညာတတ်လို့ ချစ်တာဆိုရင် အဲဒီပညာ အသုံးမကျတော့အခါမှာ ပစ်သွားလိမ့်မယ်

တကယ့်အချစ်စစ်ဆိုတာ အဲဒါတွေကြောင့် ချစ်တာမဟုတ်ဘူး

နှလုံးသားက ခုန်လာတဲ့ ရင်ခုန်သံတွေကြောင့်ချစ်တာ
ရင်ခုန်လို့ချစ်တဲ့ အချစ်ကတော့ နှလုံးခုန်သံတွေ ရပ်သွားတဲ့ တစ်ချိန်ရောက်မှ အဆုံးသတ်သွားလိမ့်မယ်