Thursday, October 25, 2007

မင်း
ကြယ်တွေစုံတဲ့နေ့ မင်းကိုကိုယ်အိမ်မက်မက်ခဲ့တယ်
ဒါပေမယ်မယ့် အိမ်မက်တစ်ပိုင်းတစ်စနဲ့မင်းကိုယ့်ကိုထားခဲ့တယ်
အိမ်မက်ထဲမှာ ငါ့ကိုမင်းပြုံးပြသွားခဲ့တယ်။
အဲဒီနေ့က စပြီးမင်းကို့ကိုယ်စွဲလမ်းခဲ့တယ်
မင်းနဲ့အတူရှိနေတဲ့ အရာတွေအားလုံးငါစွဲလန်းခဲ့တယ်
မင်းရဲ့ကိုယ်သင်းရနံ့ကိုလည်းစွဲလမ်းတယ်
မင်းရဲ့အမြဲလိုလိုကြည်လင်နေတဲ့ မျက်နှာလေးကိုလည်းငါစွဲလမ်းတယ်
မင်းရဲ့ မျက်မှန်လေးကိုလည်းငါ စွဲလမ်းတယ်။
မင်းရဲ့နူးညံ့တဲ့ လက်ချောင်းလေးတွေကိုလည်း ငါစွဲလမ်းတယ်
မင်းရဲ့ အသံအော်အော်လေးကိုလည်း ငါစွဲလမ်းတယ်
မင်းရဲ့ အကြည့်လေးတွေကိုလည်း ငါစွဲလမ်းတယ်
မင်းအနားမှာ ၀ဲတဲ့လိပ်ပြာလေးတွေတောင်ငါမနာလိုဖြစ်မိတာအမှန်ပါ။
ကောင်လေးရေ အဖြစ်သည်းလွန်းတဲ့ငါ့ကိုနင်မုန်းတီးနေတယ်ဆိုတာငါသိပါတယ်။ ။


ဆောင်းနှင်းတွေဝေနေတဲ့ နက်နက်ခင်းလေးမှာချစ်သူနဲ့
လက်တွဲလျှောက်ခြင်တဲ့ ငါ့ရဲ့စိတ်တွေကို ဂလု ဂလုဆိုပြီး
မျိုချနေခဲ့မိတယ်..။
ထိုအချိန်
လှပနေတဲ့ မနက်ခင်းလေးအရမ်းအကြည်းတန်သွားခဲ့တယ်
သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦးအတွက်တော့ အလွန်လှပတဲ့နက်နက်ခင်းလေးပါ॥
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်မီးတောက်အရက်တစ်ခွက်ကိုမျိုချလိုက်ရသလို
ငါ့ရင်ထဲ ဆူပွက်သွားစေခဲ့တယ်။
ကောင်လေး ရယ်ရက်စက်လိုက်တာနော်...
ချစ်သူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်လက်ကိုခိုင်ခိုင်တွဲထားလိုက်ကြတာနော်
ငါ...ဟာဒတ်သာဂီရိလို မိန်းမမျိုးမဟုတ်ပါဘူး
ဒါ...ဒါဆိုရင်ငါဘာလုပ်သင့်လဲ...
မျှော်လင့် ချက်မဲ့နေတဲ့လူတစ်ယောက်အတွက်တော့......
ကျွီ.........၀ုန်း
နားထဲမှာလူသံတွေ ဘဲကြားနေရတယ်
မျက်စိထဲမှာတော့ မင်းအရိပ်တွေက တစ်စက်ကန့်မှပြောက်ကွယ်မသွားခဲ့ပါဘူး။။
ကောင်လေးရေ ငါတစ်ခုတော့မင်းကိုပြောခဲ့ချင်ပါတယ် ငါစိတ်မချဘူး...။ ။ ။



"အား"
ထွက်ပြေးသွားတဲ့ ချစ်သူနှစ်ယောက်

ရက်တွေလတွေကြာခဲ့ပြီပေါ့နော်။
သူမရဲ့နောက်ဆုံးထွက်သက်လမ်းလေးက
ခုဆို တစေလမ်းလို့တောင်အမည်တွင်နေခဲ့ပြီ။ ။

ကဗျာမကျဇတ်လမ်းလေးပါ။မတောက်တစ်ခေါက်ရေးထားတာမို့ အားလုံးဘဲနားမလည်သည်ရှိခဲ့သော်လည်းခံစားပေးကြပါနော်။




2 comments:

ပီကေ said...

ခံစားချက်တစ်ခုကို ပြင်းပြင်းထန်ထန် ဖောက်ထုတ်တော့ ဆဲရေးသံတွေ ထွက်လာတယ်။
အဲဒီခံစားချက်ကို ဖြည်းဖြည်းမှန်မှန်လေး ဖွင့်ထုတ်တော့ ၀တ္တုတစ်ပုဒ်ရတယ်။
အဲဒီခံစားချက်ကိုပဲ နူးနူးညံ့ညံ့လေး ဖွင့်ဟလိုက်တော့ ကဗျာတစ်ပုဒ်ဖြစ်သွားတယ်။

ဆုရဲ့ကဗျာမှာ ခံစားချက်ကလေးတွေ ထုံမွမ်းနေတော့ ဒါကဗျာကောင်းတစ်ပုဒ်ပဲပေါ့။

မျှားပြာ said...

မင်းရဲ့အမြဲလိုလိုကြည်လင်နေတဲ့ မျက်နှာလေးကိုလည်းငါစွဲလမ်းတယ်
မင်းရဲ့နူးညံ့တဲ့ လက်ချောင်းလေးတွေကိုလည်း ငါစွဲလမ်းတယ်
ကိုယ့်အကြောင်း ကိုယ်ပြန်ရေးထားတာလားဗျ
ကောင်းတယ် ခံစားသွားတယ်ဗျို့ 