Monday, October 29, 2007

အမှတ်တရဆောင်း

"တီ..တီ...တီ"
ကျနော်သည် မနက်မိုးလင်းလျှင်နာရီနှိုးစက်များကို အရမ်းမုန်းမိပါသည်။ဆောင်းဥတုဆို ပိုဆိုးပေါ့ဗျာ။တစ်ကယ်ဗျာ မနက်
ကွေးလို့ကောင်း ပြီဆိုရင် လာဘီတစ်တီတီနဲ့။ဆောင်းဥတု ဆိုအိပ်ရာထရမှာအရမ်းပျင်းတယ်ဗျာ။ဆောင်းဥတု ဆိုရင်မနက်
အစောကြီင်္းရေချိုး ရမှာ အသေကြောက်တာဗျ။ငယ်ငယ် ကဆို အမေရေချိုးခံနီးတိုင်းထွက်ထွက်ပြေးတာ မှတ်မိပါသေးတယ်
ဗျာ။ဒီကြားထဲ အမေကအပူထွက်အောင်ဆိုပြီးရေအေးနဲ့ချိုးခိုင်းတော့သေရော ပေါ့ဗျာ။လူဆို ချမ်းလို့ဂိုက် ဂိုက် ကိုတုန်းနေဘဲ
မေးရိုက်သံကိုပြောတာပါ။ဆောင်းတွင်း ညလေးတွေကိုတော့ အရမ်းကြိုက်တယ်ဗျာ။ညကြရင် ဘတ်တန်ရိုက်တာပျော်ဖို့
ကောင်းလို့ဗျ။ဒါပေမယ်ဗျာ ဆောင်းတွင်းညတွေတိုင်း ခဏခဏ ကျနော်မျက်ရည်ကျဖူးတယ်။အမေနဲ့အဖေကိုလွမ်းလို့ ပေါ့
ဗျာ။သူများတစ်ကာတွေ ဆောင်းတွင်းအေးလို့အမေကို ဖက်နေတဲ့အချိန် ကျနော့်မှာအမေကို ဖက်ခွင့်မရှိခဲ့ပါဘူးဗျာ။......
"ကျနော့ကို သနားလို့ တိမ်တွေတောင်ငိုချလိုက်ပြီ မိုးတွေဆိုလည်းသည်းရော ဟင့် "ဟယ်ဘယ်တွေရောက်ကုန်ပါလိမ့်။
ပေါက်ကရကစပြီ။တစ်ခါတစ်လေ တော့လည်း ကိုယ့်ကိုကို ပြန်စဉ်းစားမိတယ် ငါဟာတစ်ကောင်ဝက်ပါလားလို့။ဘာလို့ ၀က်
ဖြစ်သွား လည်းဆိုတော့ ကျနော်က ၀လို့ဗျ ဟီး။ဆောင်းတွင်းရဲ့ ညတွေမှာဆို လိမ်တုံးလိမ့်တုံး နဲ့ ကြက်တောင်ရိုက်ဖို့ထွက်လာ
တဲ့ကောင်မလေး ကဘယ်သူလဲဆိုရင် ဘယ်သူမှမထင်ပါနဲ့ဗျာအဲ့ဒါကျနော်ဘဲဟီး.....॥။ရိုက်ရင်လည်းကလေးတွေနဲ့ဘဲ ရိုက်တာ
လူကြီးတွေနဲ့ဘယ်တော့ မှမရိုက်ဘူး ဘာလို့လည်းဆိုတော့ ကိုယ်ကဘဲညှပ်ချ ချင်တယ် သူများညှပ်ချတာကိုးနည်းနည်းလေး
မှခံချင်တာဟုတ်ဘူးဗျ။အဲလောက်ထိကျနော်ကသူများကြောတာမခံတာဗျ။ခုလည်းဒီမှာဆောင်းတွင်းရောက်နေပြီလေ။အိပ်မလို့ကြံတုန်း
မိုးရေထဲကမမက သူရဲ့ ဆောင်းတွင်းအေးအေး ဆိုတဲ့ postထဲမှာ tagတာတွေ့လို့ အိပ်ချင်နေတဲ့မျက်လုံးကို ဒုတ်နဲ့
ထောက်ပြီးပြန်လည်ဖြေကြားလိုက်တာပါ...။ ။


ဆောင်းတွင်းအေးအေးလေးအကြောင်းကို ကျနော်သူငယ်ချင်းတွေထဲက သူတို့တွေကိုဆက်ပြီးtagချင်ပါတယ်။ရေးပေးကြပါနော်...
၁။ပြောမနာဆိုမနာကိုမင်းယွန်းသစ်
၂။အဘတစ်ယောက်လိုကျနော်အမြဲတိုင်ပင်တတ်တဲ့ဘကြီးဖြိုး
၃။တူမကြီးလို့ခေါ်တတ်တဲ့ဦးလေးကြီးမျှားပြာ


ကျေးဇူးပြုပြီးရေးပေးကြပါနော်။ဟဲ..ဟဲ











No comments: