Monday, October 22, 2007

မိသားစု

မိသားစုဆိုတဲ့ စကားလုံးလေးက ဘယ်သူစပြီးပြောခဲ့တာလည်းမသိပေမယ့် အတော်လေးနွေးနွေးထွေးထွေးရှိတဲ့ စကားလုံး
လေးပါ။ကျနော်က မိသားစုထဲမှာအငယ်ဆုံးပါ။အငယ်ဆုံးဆိုတာနဲ့ သိတယ်မလား ဆိုးချင်းတိုင်းဆိုး ကဲချင်တိုင်းကဲလုပ်ချင်ရာကို
လျှောက်လုပ်နေတော့တာဘဲ။အလုပ်ဆိုလည်းအမတွေက အသက်၁၁နှစ်လောက်ဆိုထမင်းကောင်းကောင်း ချက်တက်နေဘီ
အငယ်တွေက အခုထိမချက်တတ်သေးဘူးဗျ။အမတွေက ထမင်းတွေဟင်းတွေချက်နေတဲ့ အချိန်အငယ်တွေကဂေါ်လီရိုက်ကောင်း
နေတုန်း။အဲဒီထဲမှာကျနော်က အဆိုးစုံးဆုံးဗျ။မောင်တွေ၊အကိုတွေ၊ဦးလေးတွေကြားမှာကြီးလာတာဆိုတော့ သိတယ်မလားမရမက
ပိုက်ဆံတောင်း၊အားနေရင်ဂေါ်လီရိုက်ဖို့လောက်ဘဲစဉ်းစားနေတဲ့ကောင်ဗျ။ဆိုးတာမှတော့တော့ကိုဆိုးတာ။အကိုဆိုတာဘယ်လောက်
တောင် ဆိုးလဲဆိုတော့အဲဒီတုံးက သူက ၄နှစ်ဘဲရှိသေးတာ။ကျနော်တို့က အဘိုးကိုနာနားလို့ခေါ်တာ။အဲဒီ.. နေ့ကဘာစိတ်ကူးပေါက်
လဲ မသိပါဘူး။ဘိုးအေကို "ဟေ့ရောင်...နာနား" ခေါ်ပြီးထွက်ပြေးသွားတယ်။အဲလောက်ထိကို ဆိုးတာ..။အဲအဆိုးစုံးကတော့ ကျနော်
ပေါ့ဗျာ။ကျနော်တို့အိမ်က ရေထည့်တယ်ဗျ။ရေစက်လည်း ရှိတယ်။ကျနော်က မိသားစုထဲမှာတာဝန်တစ်ခုလုပ်ရတယ်။အဲဒါ ရေဖိုး
ကောက်ရတဲ့တာဝန်ဘဲ။ရေဖိုးကောက်ရတာလောက် စိတ်ညစ်တာ မရှိဘူးဗျာ။ရေဖိုးတောင်းမလို့ အိပ်ရှေ့ကိုရပ်လိုက်တိုင်း၊ရန်ဖြစ်
ပြတဲ့သူနဲ့၊အိမ်နောက်ဖေးကထွက်ပြေးသွားတဲ့သူနဲ့၊မီးပိတ်ပြီးအိပ်ချင်ယောင်ဆောင်တဲ့သူနဲ့၊စုံနေတာဘဲဗျာ။အဲဒီနေ့..လူကကစား
နေရင်းရေဖိုးကောက်ခိုင်းတော့ စိတ်က တိုနေတာပေါ့ဗျာ။အဲ့ဒီနေ့ အဲဒီအိမ်က မိန်းကလည်းအမြဲတမ်းပုန်းနေကျလေ။ကျနော်ကလည်း
စိတ်တိုတိုနဲ့"ဟေ့အဒေါ်ကြီး..ရေဖိုးပေးမလားမပေးဘူးလားမပေးရင်ရဲစခန်း သွားတိုင်မှာနော်"လို့ပြောပြီးတစ်ချိုးထဲထွက်ပြေးတာ
အဲဒီတော့မှထွက်လာပြီး အိမ်ကိုလာတိုင်တာ။ကျနော်ကလည်း အဲဒီတုန်းက၆နှစ်လောက်ဘဲရှိသေးတာ။လူလေးက လက်တောင့်
တောင့်လေးနဲ့လူကြီးကိုပြောရမလားဆိုပြီး တစ်မိသားစုလုံးကျနော်တို့မောင်နှမတွေကိုပြောလို့ကိုမဆုံးတော့ဘူးဗျ။အဲလောက်ထိ
မိသားစု ထဲမှာအော်ကြောလန်တာဗျ....။ ။

2 comments:

ပီကေ said...

ငယ်ငယ်တုန်းကပေါ့။ ဘေးအိမ်ကလူကြီးက အကို့ကိုဆူတယ်။ ဒီလူကြီး ကြီးကောင်ကြီးမားနဲ့ မှားလားမှန်လား မခွဲဘဲ လျှောက်ဆူနေတာပဲ ဆိုပြီး သူ့ခြံထဲမှာ စိုက်ထားတဲ့ နှင်းဆီပန်းအပင် ၁၀၀ လောက်ကို သူမရှိတုန်း ကပ်ကြီးနဲ့ ထပ်ပိုင်းဖြတ်ပစ်လိုက်တယ်။ နောက်တော့ ကိုယ်လုပ်တာလဲသိရော လာတိုင်တာပေါ့။ အဲဒီတော့ ဘယ်ရမလဲ။ အရိုက်ခံလိုက်တာပေါ့။

Thet Htoo@Myat Lone said...

အင်း သူ့ထက်သူ လူသွမ်းကောင်းတွေပါလားဗျို့