Saturday, November 24, 2007

အလယ်တန်းရောက်ပြီ
ပျော်လိုက်တာဗျာ။နောက်သုံးလလောက်နေရင်အလယ်တန်းရောက်ပြီ။ကျနော့ရဲ့အထင်လွဲတဲ့ဒုက္ခကလွတ်ပြီ။ဘာအထင်လွဲခံရ
လဲဆိုတော့ဗျာဘူတာကိုဝင်ရင် ရထားလက်မှတ်ထိုးထွက်ရတယ်ဗျာ။အဲကျရင် တော်တော့်ကိုအခက်အခဲတွေ့တယ်။ဘာလို့လည်း
ဆိုတော့ဗျာ ကလေးဆိုရင် ငှက်အသံလေးမြည်တယ်ဗျာ။ကျနော်ကခု မှအလည်တန်းတောင်မရောက်သေးဘူးဆိုတော့ကလေးလက်
မှတ်ဝယ်ရတာပေါ့ဗျာ။ထိုးထွက်လိုက်ပြီဆိုတာ နဲ့လက်မှတ်အစစ်ခဏခဏခံရတော့တာဘဲ။ဘာလို့လည်းဆိုတော့ ကျနော်ကအသက်
ကတာငယ်တာ လူကအထက်တန်းကျောင်းသားအရွယ်လောက်ရှိတယ်။အဲဒါကြောင့်ကျနော့်ဆို ခဏခဏကလေးလက်မှတ်နဲ့ထွက်
လို့ဆိုပြီး အစစ်ခံရတာ စိတ်ညစ်တယ်ဗျာ။တစ်ကယ့်တစ်ကယ် အရေးကြီးလို့သွားစရာရှိတယ် ဆိုရင် တော်ရုံနဲ့ ခရီးကမရောက်
ဘူး။နောက်သုံးလ ဆိုရင်တော့အဲဒီ့ ၀ဍ်ကကျွတ်ပြီ။နောက်သုံးလမြန်မြန်ရောက်ပါစေလို့ဘဲ ဆုတောင်းနေမိတယ်ဗျာ..။ဒီမှာဆိုရင်
အလယ်တန်းကနေစပြီး စကတ်အတိုဝတ် ရတာဗျ.။အဲဒါမှ ဒုက္ခပါဘဲဗျာ။ယောကျာင်္းလေးလို နေတတ်တဲ့ ကျနော်နဲ့ စကတ်နဲ့တော့
ကြည့်ရဆိုးမှာမြင်ယောင်သေးတယ်ဗျာ..ဟီး။စကတ်အတိုလေး ၀တ်ရမှာဆိုတော့ ဆောင်းတွင်းကျရင်ဝတ်နိုင်ဖို့ အခုထဲ ကအိမ်မှာ
နေရင်း ဘောင်းဘီအတို ၀တ်ပြီးလေ့ကျင့်ထားရတယ်ဗျ။မိန်းကလေးယူနီဖောင်းနဲ့ ကျနော်နဲ့တော့ဖြစ်ဦးမယ်ဗျာ။အလယ်တန်းကျ
ရင်ကျနော်ရယ် ကျောင်းနေဖက်သယ်ရင်းဖြစ်တဲ့ နှင်းသဇင် ရယ်ကကျောင်းချင်းအတူတူရွေးထားတယ်ဗျ။အလယ်ကျရင်တော့ အား
ကစားတစ်ခုခုရွေးရင်တော့ သယ်ရင်းနှစ်ယောက်အတူတူဖြစ်မယ်မထင်ဘူး။ကျနော်ကတော့စဉ်းစားပြီးပြီ ဘတ်စ်စကတ်ဘောပုတ်
မယ်လို့။ကျနော်က အားကစားထဲမှာ ဘတ်စ်ကတ်ဘော အကြိုက်ဆုံးဗျ။နေ့တိုင်းလေ့ကျင့်ရမယ်ထင်ပါရဲ့။အလယ်တန်းရောက်ရင်
သယ်ရင်းတွေနဲ့တောင် ကောင်းကောင်း chatting ၀င်နိုင်ပါ့မလားမသိဘူး။ဆောင်းတွင်းဆို ညမိုးချုပ်မှ ပြန်လာနိုင်မှာ ဘာလို့လဲဆို
ဒီမှာ ၅နာရီဆိုမိုးချုပ်ပြီလေ။ဘာဘဲဖြစ်ဖြစ်ကျနော်ပျော်တယ်ဗျာ။အလယ်တန်းရောက်ရင် ကျနော်လုပ်ချင်တာတွေအကုန်လုပ်လို့ရ
ပြီ။အဖေ့ကိုတော့ပူဆာထားတာဘဲ အလယ်တန်းရောက်ရင် DJ အကရယ်၊ DJ ပွတ်တာရယ်သင်ချင်တယ်လို့။လုပ်ပေး မယ်လို့တော့
ထင်တာဘဲဗျာ။အလယ်တန်းမရောက်ခင် အိမ်မက်တွေကတော့ အများကြီးမက်နေဦးမှာဘဲဗျာ... ;)

2 comments:

Winkabar said...

ဆုမျှော်မှန်းထားတဲ့အလယ်တန်းမြန်မြန်ရောက်ပါစေနော်
ဆုတောင်းပေးပါတယ်။ အလယ်တန်းရောက်တော့စာတော့
ပိုကျက်ရတော့မှာပေါ့နော်။ ကြိုးစားနော်ညီမလေး။ အောင်
မြင်ပါစေ။

MCT said...

ညီမလေး ရေ
လက်မှတ်စစ်ကြီးကို
ကောက်ထုလိုက်နော်
ကျန်တာ အမလာရှင်းပေးမယ်။
အဟတ်ဟတ်

ညီမလေး အလယ်တန်းရောက်ရင်
လုပ်ချင်တာတွေ အကုန်လုပ်နိုင်ပါစေကွာ
စာလဲလုပ်ဦးကွ။
လိမ္မာတယ်နော်