Monday, November 19, 2007


ကောင်လေးသို့
ခဏတာလေး ခွဲရတာ
တစ်သက်တာ မဟုတ်ပေမယ့်။
တစ်ပတ်စာ ခွဲရတာ
တစ်သက်တာလို့ထင်နေမိတယ်။
ငါ့ရဲမျက်စိထဲကို ၀င်ဝင်လာတဲ့
မင်းပုံရိပ်တွေက
ငါ့နှလုံးသားကို လှုပ်ရှားစေခဲ့တယ်။
ငါ့ကို ဂရုမစိုက်ဘဲ
စာတွေဘဲစွတ်ကြည့်နေတဲ့
မင်းမျက်နှာလေးကို မြင်ယောင်ရင်း
စာတွေအပေါ်သ၀န်တောင် တိုနေမိတယ်။
တစ်ခုတော့ ပြောချင်တယ်
ကောင်လေးရေ.....
တစ်ကယ်လို့ မင်းနှလုံးသားက
ငါ့ကို လက်မခံတော့ဘူး ဆိုရင်တောင်
ကျေးဇူးပြုပြီး ငါ့ကို
လမ်းခွဲစကားမဆိုလိုက်ပါနဲ့။
ငါ့ရူး သွားလိမ့်မယ်....။

2 comments:

Mintasay said...

ကောင်လေးကိုတော်တော်ချစ်ပုံရတယ်...Romatic post လေးပါ။ များများရေးဖနာ်

Red's Rose Dream said...

ကဗျာလေးကို ရင်ခုန်ခုန်နဲ့ ဖတ်သွားတယ်။