Tuesday, January 29, 2008

ဟန်ဆောင်ကောင်းတဲ့ကောင်မလေး

တစ်ကယ်တော့ ငါမင်းဆီမှာလိုချင်တာ
ဟန်ဆောင်မှုကင်းတဲ့ အပြုံးတစ်ချက်။
ဟန်ဆောင်မှုကင်းတဲ့ အနမ်းတစ်ခု။

ဟန်ဆောင်မှုကင်းတဲ့ ဖြူစင်တဲ့ရယ်သံလေး။
ဟန်ဆောင်မှုကင်းတဲ့ မင်းလက်နဲ့ဖျော်ပေးတဲ့
ကော်ဖီခါးခါးလေးတစ်ခွက်။
ဟန်ဆောင်မှုကင်းတဲ့ ဂရုစိုက်မှု။
ဟန်ဆောင်မှုကင်းတဲ့ သစ္စာစကားတစ်ခွန်း။

ဟန်ဆောင်မှုကင်းတဲ့ ရင်ဘတ်တစ်ခု။
ဒါပေမယ့် ငါလိုချင်တာတွေဘယ်တော့မှ
မရနိုင်တော့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ မင်းက
ဟန်ဆောင်မှတွေကိုသာ နှစ်သက်တဲ့
ကောင်မလေးတစ်ယောက် ဖြစ်နေလို့ဘဲ.......။

OkIsU

4 comments:

သဇင်ဏီ said...

ဟန်ဆောင်မူတွေကိုနှစ်သက်တဲ့ကောင်မလေးမှာလဲ
သူ့အကြောင်းကြောင်းကြောင့်ဟန်ဆာင်ထားတာဖြစ်မှာပေါ့

Su said...

ဟီး ရုပ်ရှင်မင်းသမီးမို့နေမှာေ ပါ့ :P

Anonymous said...

ညီမလေး
မမွန်လဲ ယန်ဆောင်ကောင်းတဲ့ကောင်မလေးလို့ စွပ်စွဲတာ ခံခဲ့ရတာပဲ
ဘာလို့မှန်းမသိဘူး
ဆုလေးရေးတဲ့ ကဗျာလေးတိုင်း အမခံစားချက်နဲ့တိုက်ဆိုင်ဆယ် ဒါပေမယ့် ဆုရဲ့ကဗျာလေးတွေက သူ့ချည်းပဲကို ပိုအသက်ဝင်ပါတယ်ကွယ်

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ် ညီမလေးရေ။ :-)