Friday, December 7, 2007


စည်း
ကြယ်တာရာ မဆုံတဲ့ကောင်ကင်ထက်မှာ
ပစ်စလက်ခတ် မျက်ရည်စက်များနဲ့
ကော်ဖီခါးခါးတစ်ခွက်ကို သောက်သုံးခဲ့တယ်။
ဝတ်လစ်စလစ်ဖြစ်နေတဲ့ ကောင်ကင်ကြီးထက်မှာ
လမင်းလေးကထွန်းတောက် နေဆဲပေါ့။
မြေကြီးကို သစ္စာဆိုပြီး
ကောင်ကင် ကြီးကိုကတိပြုရင်တောင်
မာနကြီးတဲ့ မင်းမျက်ဝန်းတွေနဲ့
ငါ့ကိုစူးစူးစိုက်စိုက် ကြည့်နေဦးမှာလား။
မလှပတဲ့ငါ့ဘ၀ကို မင်းဘယ်လိုမှ
ခံတွင်းတွေ့မှာ မဟုတ်ဘူးဆိုတာ
ငါသိပါတယ်။
ငါ့မှာတော့ကြယ်ကြွေ တာလေးတွေကို
ထိုင်ကြည့်ရင်း နေရက်တွေကို
လက်ချိုးရေတွက်ဆဲပေါ့။ ။

3 comments:

linoo2007 said...

ကောင်တယ်ကဗျာလေးက..ခံစားလို့၇တယ်......
သူငယ်ချင်း...ဆက်ရေး..ဆက်ဖတ်မယ်နော်

Mintasay said...

very romatic poem

ပီကေ said...

ဝတ်လစ်စလစ် ဖြစ်နေတဲ့ ကောင်းကင်ကြီးကို မင်းမို့ ကြည့်ရဲတယ်။ ရှက်ချာကြီး။