Tuesday, December 11, 2007

ငရဲမှလွတ်မြောက်ခြင်း
လေးဘက်လေးလံ ကာရံထားတဲ့
အခန်းငယ်လေးတစ်ခုမှာ
အပြာရောင်ကလာကာတွေ
ပိတ်လှောင်ပြီး ဘာဆိုဘာမှ
မမြင်ရဘူးပေါ့။
မွန်းကျပ်နေတဲ့ ငါဘ၀မှာ
ခံစားချက်မဲ့နေတဲ့ အနက်ရောင်
မိုးတိမ်တွေက ထူထပ်နေဆဲပေါ့။
ဘေးဘက်ကိုလှမ်းကြည့် လိုက်မယ်ဆိုရင်
အကြင်နာမဲ့တဲ့လူတွေကငါ့ကို
စောင့်ကြပ်နေကြတယ်။
ငါအော်လိုက်ချင်တယ်
ဒါပေမယ့် ငါ့အသံတွေအထွက်လာဘူး။
ဝတ်လစ်စလစ် ဖြစ်နေတယ့်
ငါ့ကိုယ့်ငါပြန်ကြည့်လိုက်တော့
အရှိုးရာတွေ အထပ်ထပ်နဲ့။
ငါ့ကြောက်ရွှံထိတ်လန့်နေတယ်
အားကိုးစရာ တစ်စုံ
တစ်ယောက်လည်း မရှိဘူး။
ငါဟာတစ်ကယ်ဘဲ သေဆုံးခဲ့ပြီလား
ရုတ်တရက်ဆိုသလိုဘဲ ငါ့ကိုယ်ထဲ
အလင်းရောင်တွေ ဖောက်ထွင်းလာခဲ့တယ်။
တစ်ချိန်ထဲမှာဘဲ
ရောင်စုံလိပ်ပြာလေး တစ်ကောင်ဟာ။
ကောင်းကင်ကြီးပေါ်မှာ ၀ဲလို့ပေါ့။ ။



2 comments:

Chaos said...

ဝတ်လစ်စလစ်
ကောင်မလေး
အဝေးတွေကိုလျှောက်မပြေးနဲ့
ခွေးလိုက်ဆွဲလို့ ဟဲဟဲဟဲ
ငှဲငှဲငှဲ

Mintasay said...

git can can pyaung sut sut cher tate ga poem dod taw taw a yay caung der bel.....set yet nyi ma yay