Thursday, December 27, 2007

အေးတိအေးစက် ရင်ဘတ်
ခါးသည်းစွာနဲ့ အဆိပ်တက်ရင်း
ပြူတင်းပေါက် ၀လေးကို
မျှော်ကြည့်နေမိတယ်။
ဟိုခပ်လှမ်းလှမ်းလေးမှာ
တို့နှစ်ယောက် လျှောက်ခဲ့တဲ့
မြက်ခင်းပြင်မှာ
ခြေရာလေး တွေက
ပြန့်ကြဲလို့နေတယ်။
မင်းထင်သလို ငါဟာ
ရက်စက်တတ်တဲ့ လူ
တစ်ယောက်ပါ။
မင်းငါ့ကိုကြိုက် သလို
အပြစ်ပေးနိုင်ပါတယ်။
မကြေနပ်လို့ လို့
ငါ့ရင်ဘတ်ကို လမ်းတံတား
လုပ်မယ်ဆိုရင်တောင်။
မင်းလျှောက်မဲ့လမ်း မှာ
ခင်းပေးဖို့အသင့်ပါဘဲ။
ရက်စက်ခဲ့တာ မှန်ပေမယ့်
ဘာကြောင့်လဲဆိုတာ
ငါမပြောပြနိုင်ဘူး။
ခါးသည်းစွာနဲ့
မျက်ရည်စက်တွေကြားမှာ
မေ့ပျောက်နိုင်အောင်
ကြိုးစားရဦးမှာဘဲ။
အကြင်နာမဲ့နေတဲ့
အေးတိအေးစက်ငါ့ ရင်ဘတ်က
မင်းကို နွေးထွေးမှုမပေးနိုင်ပေမယ့်
ခဏတာအိမ်မက်လေး အဖြစ်တော့
မက်ခွင့်ပေးနိုင်ပါတယ်
ယုံပါကွာ.....။
Photobucket


2 comments:

linoo2007 said...

သယ်ရင်းရေ ကောင်းလိုက်တဲ့ကဗျာလေးကွာ...

သဇင်ဏီ said...

ကဗျာလေးကကောင်းတယ်.. ကောင်လေးကသနားပါတယ်ကွာ :(