Saturday, December 8, 2007

ဒီဇင်ဘာအလွမ်း
ဒီဇင်ဘာရဲ့ ဆောင်းညလေး
တစ်ညပေါ့။
လွမ်းဆွတ်စွာနဲ့ ကြေကွဲရင်း
မင်းရဲ့ မျက်နှာလေးကို
မြင်ယောင်နေမိတယ်။
ဒို့နှစ်ယောက်ချိန်းတွေ့နေကြ
ကောင်းကင်ကြီးဟာ
ခုဆိုအသက်မဲ့နေပြီး
ကြယ်တာရာလေးတွေတောင်
အိပ်စက် အနားယူခဲ့ပြီပေါ့။
ခါးသီးလွန်းတဲ့ ဆောင်းညမှာ
အဖြူရောင်နှင်းတွေက
ကျဆင်းလို့နေတယ်။
အေးဆက်လွန်းတဲ့ ငါ့ရင်ဘတ်ထဲ
အပြာရောင် မီးအိမ်က
ထွန်းတောက်နေဆဲပေါ့။ ။

1 comment:

Chaos said...

ဒီဇင်ဘာ
အကြောင်းလေး
ကောင်းပါတယ်
မီးအိမ်ပြာလေးကို
ဘယ်သောအခါမှ
မငြိမ်းစေနဲ့နော်
ကောင်မလေး