Tuesday, December 4, 2007




ခရီးသွားခြင်း
စနေတနင်္ဂနွေမှာ ကျနော်ရယ်ကျနော့်အဖေရယ်ကျနော့်အမေရယ် ပြီးတော့ကျနော့အမေရဲ့ သယ်ရင်းတွေနဲ့အတူ ဖူဂျီ လို့
ခေါ်တဲ့တောင်နားက ရှိဇူးအိုခ ဆိုတဲ့မြို့လေးကို ရေနွေးစိမ်ဖို့သွားခဲ့တယ်။ရှုခင်းတွေက အရမ်းလှပြီး အရမ်းပျော်ဖို့ ကောင်တဲ့
နေရာလေးပါဘဲ။အဲဒီမြို့ကိုသွားတော့ ည၁၁နာရီကသွားတာည၃:၃၀ လောက်မှအဲဒီမြို့ကိုရောက်တယ်။ အဲဒီရောက်တော့
ညကတော်တော်လေးကိုမိုးချုပ်နေတော့ ဟော်တယ်သွားငြားတာငြားလို့မရတော့ဘူး။အဖေရဲ့သယ်ရင်းတွေအိမ်မှာဘဲတစ်ည
တော့အိပ်လိုက်ရတယ်။နောက်နေ့ရောက်တော့ ဟော်တယ်ကိုကြိုပြီးအမေကစာရင်းလုပ်ထားလိုက်တယ်။ည၂နာရီလောက်
ရောက်မှကျနော်တို့ အလည်လွန်ပြီး ဟော်တယ်ကိုပြန်ရောက်တယ်။ဟော်တယ်ရောက်တာနဲ့ တစ်နေ့လုံးပင်ပန်းနေတာနဲ့
ကျနော်တို့ တွေရေနွေးတန်းစိမ်လိုက်ကြတယ်။အဲဒီမှာဇတ်လမ်းက စတာဗျ။လူကလည်းတစ်ယောက်မှမရှိဘူး။အဲဒီရေနွေးကန်
ကြီးကလည်းအကြီးကြီးဘဲ။ညကမိုးချုပ်နေတော့ စိမ်တဲ့လူတစ်ယောက်မှမရှိဘူးဗျ။ကျနော်ရယ်၊ကျနော့်အမေရယ်ဘဲ ရှိတာ။
ညမိုးချုပ်နေတော့ ကြောက်တာပေါ့ဗျာ။ဟိုဘက်အခန်းက ယောကျာင်္းလေးစိမ်တဲ့ ကန်မှာတော့လူတွေအများကြီးရှိတယ်ထင်ပါ့
တော်တော်လေး ဆူညံပြီး အသံတွေကြားနေရတယ်။ရေနွေးစိမ်ပြီးပြန်ထွက်လာတော့ အဖေကိုကျနော်မေးကြည့်တော့လူတွေ
တစ်ယောက်မှမရှိဘူးတဲ့ အဖေရယ်၊အဖေသယ်ရင်းနှစ်ယောက်ဘဲရှိတယ်တဲ့။ကျနော့မှာကြက်သိမ်းတောင်ထသွားတယ်။ကျနော်
သေသေချာချာ အသံတွေအများကြီးကြားရတာပါဗျာ။အမေ့ကို ပြောပြတော့အမေကမယုံဘူး။ကျနော်လည်းကြောက်ကြောက်
နဲ့ မသိမသာဘဲနေလိုက်ရတယ်။အခန်းထဲရောက်တော့ သူတို့ ပေးတဲ့ ဂျပန်ကီမိုနို(ဂျပန်ရိုးရာဝတ်စုံ)ကိုဝတ်ရတယ်။အခန်းထဲ
ရောက်တော့ တစ်နေ့လုံးပင်ပန်းလာတာနဲ့ အိပ်ပျော်သွားတာ ကိုယ့်ဟောက်သံတောင်ကိုယ်မကြားရတော့ဘူး။မနက်မိုးလင်း
တော့ ဂျပန်ထမင်းသွားစားရတယ်။သယ်ရင်းတွေကို တောင်သတိရလိုက်သေးတယ်။နေ့လည်ရောက်တော့ မိုးတွေကလည်း
တော်တော်ရွာနေတာနဲ့ ဘယ်မှတောင်မသွားဖြစ်ပါဘူး။ဟိုနား ဒီနားသွားရင်းနဲ့ လမ်းမပေါ်မှာတောင်အိပ်ခဲ့သေးတယ်။ဘယ်
လိုလို့ အိပ်တာလည်းဆိုတော့ဗျာ။အဲဒီနေ့ကမိုးကလည်းရွာ ပင်ကလည်းတော်တော်ပင်ပန်းနေတယ်။ကျနော်ရယ်၊ကျနော်အဖေ
ရယ်၊ကျနော်အမေရယ်၊ကျနော့်အဖေရဲ့သယ်ရင်းနှစ်ယောက်ရယ်၊တစ်ယောက်ကကားမောင်းတယ်။မီးပွိုင့်ကလည်း မီးနီနေတာ
ဗျာ။လူကလည်းပင်ပန်းနေတာနဲ့ တစ်ကားလုံးအိပ်ပျော်သွားတာ။ဘယ်အချိန်ထိတောင် အိပ်ပျော်သွားလည်းဆိုတော့ နေ့လည်
ထဲက သွားတာညနေရောက်မှဘဲနိုးတော့တယ်။ကားတွေက ဟွန်းတွေဘာတွေတီးတာတောင်မနိုးဘူး။ဘယ်လောက်လည်းဆို
တာကျနော်ဆို အိမ်မက်တွေဘာတွေတောင်မက်တယ်။ကားမောင်းတဲ့လူကြီးကနိုးတော့ ဘေးနားကကားတွေကသူ့ကိုကြည့်
ကြည့်ပြီးကျော်သွားတယ်တဲ့။သူကလည်း အိပ်ချင်မူးတူးနဲ့ ပြန်ပြီးရီပြလိုက်တယ်တဲ့။သူဟာသူနဲ့တော့ဟုတ်နေတာဘဲ။ဒီကြား
ထဲအမေကသူနိုးလာတာလည်းတွေ့ ရောအိပ်ချင်မူးတူးနဲ့"မောင်လေးဆက်အိပ်ဆက်အိပ်"တဲ့အတင်းဘဲအိပ်ခိုင်းတယ်။
ဟီးတစ်ကယ်ဗျာ အိပ်ကိုပျော်သွားတာတစ်ကားလုံး။တော်တော်လေးတော့ ပျော်ဖို့ကောင်းတယ်။တပျော်ကြီး အိပ်လိုက်ကြတာ
မှခေါခွီးနဲ့။အပြန်ကြတော့လည်း အဲ့ဒီလမ်းလေးအတိုင်း ရှက်ရှက်နဲ့ ပြန်လာခဲ့ကြပါတယ်။


2 comments:

Mintasay said...

it's great nyi ma, I can feel it.

ပီကေ said...

မီးပွိုင့်စောင့်ရင်း အိပ်တာဆိုတော့ တော်သေးတာပေါ့ကွ။ မောင်းရင်း အိပ်မနေလို့။ အကို့ ဦးလေးတစ်ယောက်ဆို ဘယ်လိုများ အိပ်မောင်းသလဲ မသိဘူး။ လူကတော့ အိပ်နေတယ် ကားက မောင်းနေတယ်လေ။ အိပ်ယာနိုးအလာ ကြည့်လိုက်တော့ မြောင်းကြီးကို ကားက ခွလျက်ကြီး ဖြစ်နေတယ်။ သူလည်း ကားပေါ်က ဆင်းလို့ မရဘူးလေ။ ဒါနဲ့ ဘေးနားက လူတွေက ကရိန်းကား ငှားပြီး ကားကို ဆွဲမပြီး ရွှေ့ရတယ်။ မင်းတို့က မီးပွိုင့် ထိုးအိပ်နေတာ ဆိုတော့ တော်သေးတာပေါ့။ ဒါပေမယ့် အကုန်လုံး မျက်စောင်းတွေ ထိုးနေကြမယ် ထင်တယ်နော်။